ၾကားသိသမွ်

ဇာတ်သိမ်းတော့မည့် စခ ၈လ နိဂုံးအဆုံး [ ကျားလား ဖားလား ကွဲပြားမည့်ပွဲ ]

ဇာတ်သိမ်းတော့မည့် စခ ၈လ နိဂုံးအဆုံး [ ကျားလား ဖားလား ကွဲပြားမည့်ပွဲ ]

KNU KIA ရဲ့ မြို့သိမ်းခြင်းပညာတွေ သိပ်လှပါတယ်နော်

💢 စခ ရခ အမာခံတွေ တပ်တွေ အရင်ရှင်း တိုက် ထုတ်တယ်

💢 ပြီးမှ လက်ကျန်နဲ့ ဆိုင်ရာ ဝန်ထမ်း အဖွဲ့စည်းတွေကို မောင်းထုတ်တယ်

အကယ်၍ အမာခံ တပ်ရင်း တပ်ဖွဲ့ စခန်းတွေသာ တိုက်ထုတ် ရှင်းမထားရင် သူတို့ရှိနေလို့ ဆိုင်ရာ ဝန်ထမ်း အဖွဲ့စည်းတွေလည်း ထွက်ခွာရမှာ မဟုတ်ပဲ တောင့်ခံ သို့ စခအလိုကျ နေနေကြရအုံးမှာပဲ ဖြစ်တယ်

ခုတော့ အဆင့်က တဆင့်ခြင်း ရှင်းလင်း လုပ်သွား ချသွားတယ် ဒါကို ပညာသားပါတယ် အချိန်ယူလုပ်တယ်ဆိုတာတွေထက် လိုအပ်လို့ အလျင်မြန် အကောင်ထည်ဖော် စလုပ်လာနေတာလို့ပဲ မြင်တယ်


အ‌ကြောင်းက ပြည်ပအတွက် နိုင်ငံရေး အာဏာ ပါဝါနဲ့ ပြည်တွင်း ရပ်တည်နိုင်မှု ပြဖို့ဆိုရင် NUG သာ နယ်မြေထိန်းချုပ်နိုင်ကြောင်းပြယုဒ်နဲ့ ဖက်ဒရယ်အတွက် ခြေလှမ်းနေကြောင်း Eao တွေနဲ့ ပူးပေါင်းဆောင်ရွက် ထူထောင်နေကြောင်းပြယုဒ်ကို ပြဖို့ လိုလာပြီ ဖြစ်တဲ့အတွက်

🧿 NUCC နဲ့ ဖက်‌ဒရယ်အတွက် ဆွေးနွေးမှု ပြယုဒ်
🧿 နယ်မြေစိုးမိုးနိုင်မှုပြယုဒ်အဖြစ် ယခုလို မြို့သိမ်းခြင်းအား အနုနည်းနဲ့ လုပ်ဆောင်ပြမှု

🧿 UN အာဆန် US NDAA အပါဝင် ပြည်တွင်းပြည်ပ ချိတ်ဆက်ပြီး နိုင်ငံရေး စစ်ရေးအား အကောင်ထည်ဖော်နေမှု
🧿 Eao PDF ရဲ့ ခုခံစစ်မှ တိုက်စစ် ထိုးစစ်သို့ ပြောင်းလဲ ပုံဖော်လာမှု စသည်တို့ကြောင့်


လာမည့်တော်လှန်ရေး အောင်ပွဲအတွက် နက္ခတ်တွေတော့စုံလင်နေပြီ ဆိုင်ရာတွေမှ ပျံသန်းအားယူဖို့ မွေးနေကြရင်း တဖက်ရန်သူဟာ ယတြာချေမှု အမှုသာ ပြုလုပ်နိုင်တော့သည့်အတွက်

နောက်ဆူံးမဟုတ်သော အဆုံးသတ်စစ်ပွဲကြီးရဲ့ အဖြေရလဒ်ကို စကစတို့ ဖြေကြမလား ရှောင်ပြီး ပြေးကြမလားဆိုတာကတော့ မကြာခင် သိရမှာပါ


ထိုအတွက် ပြည်သူဘက်ကတော့ အနိုင်ဆိုတဲ့ စကားလုံးမှလွဲ အခြားရွေးချယ်စရာ မရှိလို့ မကြာခင် ပွဲကို စမည် ထင်ပါ၏ဟု သတိပေးရင်း

ကျားလားဖားလားကွဲပြားမည့်ပွဲမှာ မိအောင်လှိုင် ထွက်မပြေးပါနဲ့ဟုသာ သတိပေးရင်း ပြည်သူဘက်က ထိုးစစ်ပြုတာနဲ့ သေချာပေါက်ကို တပ်ပြိုလဲကွဲပြီး ဇာတ်က သိမ်းပါလိမ့်မယ်ဆိုတာ နက္ခတ်တွေက ကြိုသိပြီးသား

အရေးတော်ပုံ အောင်ရမည် !

#မင်းကြည်ညိုနေ