ၾကားသိသမွ်

မလှိုင်စည်ပင်ရုံးဖောက်ခွဲခံရ၊ စစ်ကားပေါ်လည်း ဗုံးပစ်တင်ခံရပြီး စစ်သားများ ကျွမ်းထိုးမှောက်ခုံထွက်ပြေး

မလှိုင်စည်ပင်ရုံးဖောက်ခွဲခံရ၊ စစ်ကားပေါ်လည်း ဗုံးပစ်တင်ခံရပြီး စစ်သားများ ကျွမ်းထိုးမှောက်ခုံထွက်ပြေး

မဲခေါင်၊ ဇန်နဝါရီ ၃၀

အသံတိတ်သပိတ်ပြုလုပ်မည့် ဖေဖော်ဝါရီလ ၁ ရက်တွင် ဈေးဆိုင်ခန်းများ မဖြစ်မနေဖွင့်ရန် လက်မှတ်ထိုးခိုင်းသည့် မလှိုင်စည်ပင်ရုံး ဇန်နဝါရီလ ၂၉ ရက်က သတိပေးဖောက်ခွဲခံရကြောင်း ဒေသခံများထံမှ သိရသည်။

စည်ပင်ရုံးအပြင် ကင်းလှည့်နေသည့် စစ်ကားတစ်စီးပေါ်သို့လည်း လက်ပစ်ဗုံးပစ်ထည့်သွားကြောင်း မလှိုင်ဒေသခံတစ်ဦးက မဲခေါင်ကို ပြောသည်။

“စည်ပင်ရုံးလည်းဗုံးပေါက်တယ်။ ကင်းလှည့်နေတဲ့ စစ်ကားထဲလည်း ဗုံးပစ်သွားတာ။ မပေါက်ဘူးဗျာ။ ကားပေါ်ကကောင်တွေကတော့ ထွက်ပြေးတာ ကျွမ်းထိုးမှောက်ခုံပဲ” ဟု၎င်းက ပြောသည်။

စည်ပင်ရုံးဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ပြည်သူကို ဖိအားပေးခြိမ်းခြောက်သည့် ဝန်ထမ်းများကို သတိပေးသည့်အနေဖြင့် ဖောက်ခွဲခြင်းဖြစ်ကြောင်း မလှိုင်မြို့ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ – MPDF က ကြေညာထားသည်။

မလှိုင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများသည် စစ်ကောင်စီအားကိုးဖြင့် ပြည်သူလူထုအပေါ် မောက်မာရိုင်းစိုင်းစွာ ဆက်ဆံခြင်း၊ ဖိအားပေးခြိမ်းခြောက်မှု အမျိုးမျိုးပြုလုပ်ခြင်းစသည့် ပြစ်မှုများကို ကျူးလွန်လျက်ရှိကြောင်း ခိုင်လုံသော သတင်းများရရှိထားပြီး ဝန်ထမ်းများမှာ အမျိုးသမီးများဖြစ်သည့်အတွက် တစ်ဦးခြင်းအရေးမယူဘဲ ရုံးကိုသာ ဖောက်ခွဲခြင်းဖြစ်ကြောင်း MPDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သတိပေးမှုကို မလိုက်နာဘဲ ပြည်သူလူထုအပေါ် မောက်မာရိုင်းစိုင်းစွာ ဆက်ဆံခြင်း၊ ဖိအားပေးခြိမ်းခြောက်မှု အမျိုးမျိုးပြုလုပ်ခြင်းစသည့် ပြစ်မှုများကို ဆက်လက်ကျူးလွန်ပါက အမျိုးသား၊ အမျိုးသမီး ခွဲခြားနေမည်မဟုတ်ဘဲ တစ်ဦးချင်းအရေးယူမှုများ ပြုလုပ်သွားမည်ဟုလည်း MPDF က ထုတ်ပြန်ထားသည်။

မလွိုင္စည္ပင္႐ုံးေဖာက္ခြဲခံရ၊ စစ္ကားေပၚလည္း ဗုံးပစ္တင္ခံရၿပီး စစ္သားမ်ား ကၽြမ္းထိုးေမွာက္ခုံထြက္ေျပး
မဲေခါင္၊ ဇန္နဝါရီ ၃၀

အသံတိတ္သပိတ္ျပဳလုပ္မည့္ ေဖေဖာ္ဝါရီလ ၁ ရက္တြင္ ေဈးဆိုင္ခန္းမ်ား မျဖစ္မေနဖြင့္ရန္ လက္မွတ္ထိုးခိုင္းသည့္ မလွိုင္စည္ပင္႐ုံး ဇန္နဝါရီလ ၂၉ ရက္က သတိေပးေဖာက္ခြဲခံရေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

စည္ပင္႐ုံးအျပင္ ကင္းလွည့္ေနသည့္ စစ္ကားတစ္စီးေပၚသို႔လည္း လက္ပစ္ဗုံးပစ္ထည့္သြားေၾကာင္း မလွိုင္ေဒသခံတစ္ဦးက မဲေခါင္ကို ေျပာသည္။

“စည္ပင္႐ုံးလည္းဗုံးေပါက္တယ္။ ကင္းလွည့္ေနတဲ့ စစ္ကားထဲလည္း ဗုံးပစ္သြားတာ။ မေပါက္ဘူးဗ်ာ။ ကားေပၚကေကာင္ေတြကေတာ့ ထြက္ေျပးတာ ကၽြမ္းထိုးေမွာက္ခုံပဲ” ဟု၎က ေျပာသည္။

စည္ပင္႐ုံးဗုံးေပါက္ကြဲမႈႏွင့္ ပတ္သက္ၿပီး ျပည္သူကို ဖိအားေပးၿခိမ္းေျခာက္သည့္ ဝန္ထမ္းမ်ားကို သတိေပးသည့္အေနျဖင့္ ေဖာက္ခြဲျခင္းျဖစ္ေၾကာင္း မလွိုင္ၿမိဳ႕ျပည္သူ႔ကာကြယ္‌ေရးတပ္ဖြဲ႕ – MPDF က ေၾကညာထားသည္။

မလွိုင္ၿမိဳ႕နယ္စည္ပင္သာယာေရးအဖြဲ႕မွ ဝန္ထမ္းမ်ားသည္ စစ္ေကာင္စီအားကိုးျဖင့္ ျပည္သူလူထုအေပၚ ေမာက္မာရိုင္းစိုင္းစြာ ဆက္ဆံျခင္း၊ ဖိအားေပးၿခိမ္းေျခာက္မႈ အမ်ိဳးမ်ိဳးျပဳလုပ္ျခင္းစသည့္ ျပစ္မႈမ်ားကို က်ဴးလြန္လ်က္ရွိေၾကာင္း ခိုင္လုံေသာ သတင္းမ်ားရရွိထားၿပီး ဝန္ထမ္းမ်ားမွာ အမ်ိဳးသမီးမ်ားျဖစ္သည့္အတြက္ တစ္ဦးျခင္းအေရးမယူဘဲ ႐ုံးကိုသာ ေဖာက္ခြဲျခင္းျဖစ္ေၾကာင္း MPDF ၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

သတိေပးမႈကို မလိုက္နာဘဲ ျပည္သူလူထုအေပၚ ေမာက္မာရိုင္းစိုင္းစြာ ဆက္ဆံျခင္း၊ ဖိအားေပးၿခိမ္းေျခာက္မႈ အမ်ိဳးမ်ိဳးျပဳလုပ္ျခင္းစသည့္ ျပစ္မႈမ်ားကို ဆက္လက္က်ဴးလြန္ပါက အမ်ိဳးသား၊ အမ်ိဳးသမီး ခြဲျခားေနမည္မဟုတ္ဘဲ တစ္ဦးခ်င္းအေရးယူမႈမ်ား ျပဳလုပ္သြားမည္ဟုလည္း MPDF က ထုတ္ျပန္ထားသည္။