ၾကားသိသမွ်

ကိုယ်ဝန်ဆောင်အမျိုးသမီးကိုေ-သ ဆုံးသည်အထိ နှိပ်စ-က် စစ်ဆေးခဲ့ကြသည့် မအူပင်ရဲများ ကားမှောက်

ကိုယ်ဝန်ဆောင်အမျိုးသမီးကို သေဆုံးသည်အထိ နှိပ်စက် စစ်ဆေးခဲ့ကြသည့် မအူပင်ရဲများ ကားမှောက်

ကိုယ်ဝန်ဆောင်ထားသည့် အသက် ၂၅ နှစ် အရွယ် အမျိုးသမီးတစ်ဦးကို သေဆုံးစေသည့်တိုင် နှိပ်စက် စစ်ဆေးခဲ့ကြသည့် ဧရာဝတီတိုင်း မအူပင်မြို့မ ရဲစခန်းမှ ရဲအုပ် နှင့် ရဲတပ်ဖွဲ့ဝင်များ ကားမှောက်မှု ဖြစ်ပွားသည်ဟု သိရသည်။

ဇန္နဝါရီလ ၂၆ ရက်နေ့ မွန်းလွဲပိုင်းတွင် ကျုံစုတ်ကျေးရွာသို့ တရားခံတစ်ဦးအား ဖမ်းဆီးရန်သွားသည့်လမ်းတွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး ရဲအုပ်ဝင်းမြင့် နံရိုးကျိုးကာ အမှတ် (၁) ရပ်ကွက် နယ်ထိန်း အောင်အောင် ပွန်းပဲ့ ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူများက ပြောသည်။

“ယာဉ် နဲ့ စက်ချို့ယွင်းလို့ ကားမှောက်တာ မဟုတ်ဘူး။ လူက မဆင်မခြင် မောင်းလို့မှောက်တာ” ဟု ယာဉ်ထိန်း တပ်ဖွဲ့နှင့် နီးစပ်သူ တစ်ဦး က ပြောသည်။

၎င်းတို့ ၂ ဦးသည် စည်ပင် အောက်ခြေ ဝန်ထမ်းတစ်ဦး၏ ဇနီး ကိုယ်ဝန်သည် မတင်မော်လင်း ၂၅ နှစ်ကို ပစ္စည်း ပျောက်ဆုံးမှုနှင့် ပတ်သက်၍ မသင်္ကာသဖြင့် ဖမ်းဆီးပြီးနောက် ခိုးယူသည်ဟု စွပ်စွဲပြီး သေဆုံးသည့်တိုင် နှိပ်စက် စစ်ဆေးခဲ့ကြသူများ တွင် ပါဝင်ခဲ့သူများ ဖြစ်သည်ဟု မအူပင်မြို့ခံ အများစုက ဆိုသည်။

၎င်းတို့ စီးနင်းပြီး မှောက်သွားသည့် ကားမှာလည်း PDF နှင့် ပတ်သက်သည်ဟု စွပ်စွဲကာ ဖမ်းဆီးထားသည့် မြို့ခံ တစ်ဦး၏ ကားဖြစ်သည်။
“မအူပင်ရဲတွေက မြို့ခံတွေကို အကြောင်းအမျိုးမျိုးပြ ငွေညှစ်တယ်။ နှိပ်စက်တယ်။ ပစ္စည်းသိမ်းယူတယ်။ လူသတ်တယ်။ ကျိန်စာသင့်ကြမယ့်ဟာတွေ” ဟု မအူပင် မြို့မဈေးက ဈေးသည်တစ်ဦး က ပြောသည်။

ဇန္နဝါရီလ တတိယအပါတ် အတွင်းကလည်း မတင်မော်လင်းအား အသက်သေသည့်တိုင် နှိပ်စက် စစ်မေးရာတွင် ပါဝင်သည့် မအူပင်မြို့မရဲစခန်းက နယ်ထိန်းရဲ မောင်မောင် ဆိုသူလည်း ဆေးကြောင်နေသူ တစ်ဦးက ဓားဖြင့် ခုတ်ခဲ့သည့်အတွက် ဆေးကုသမှုခံယူနေရသည်ဟု မအူပင်မြို့ခံများ၏ ပြောပြချက်အရ သိရသည်။

ကိုယ်ဝန်ဆောင် မတင်မော်လင်းနှင့် သူမ၏ ခင်ပွန်းဖြစ်သူတို့ကို မအူပင်ရဲတပ်ဖွဲ့က ဒု-ဦးစီးမှူး၏ နေအိမ်တွင် ရွှေထည်ပစ္စည်းများ ပျောက်ဆုံးမှုနှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ပြီး မအူပင်ရဲတပ်ဖွဲ့ဝင်များ ရိုက်နှက်စစ်ဆေးမှု ကြောင့် မတင်မော်လင်းသည် နိုဝင်ဘာ ၉ ရက်နေ့ ညက ရဲစခန်းတွင် သေဆုံးခဲ့ခြင်း ဖြစ်သည်။

ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးကိုေ-သ ဆုံးသည္အထိ ႏွိပ္စ-က္ စစ္ေဆးခဲ့ၾကသည့္ မအူပင္ရဲမ်ား ကားေမွာက္

ကိုယ္ဝန္ေဆာင္ထားသည့္ အသက္ ၂၅ ႏွစ္ အရြယ္ အမ်ိဳးသမီးတစ္ဦးကို ေသဆုံးေစသည့္တိုင္ ႏွိပ္စက္ စစ္ေဆးခဲ့ၾကသည့္ ဧရာဝတီတိုင္း မအူပင္ၿမိဳ႕မ ရဲစခန္းမွ ရဲအုပ္ ႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ား ကားေမွာက္မႈ ျဖစ္ပြားသည္ဟု သိရသည္။

ဇႏၷဝါရီလ ၂၆ ရက္ေန႔ မြန္းလြဲပိုင္းတြင္ က်ဳံစုတ္ေက်းရြာသို႔ တရားခံတစ္ဦးအား ဖမ္းဆီးရန္သြားသည့္လမ္းတြင္ တိမ္းေမွာက္ခဲ့ျခင္းျဖစ္ၿပီး ရဲအုပ္ဝင္းျမင့္ နံရိုးက်ိဳးကာ အမွတ္ (၁) ရပ္ကြက္ နယ္ထိန္း ေအာင္ေအာင္ ပြန္းပဲ့ ေပါက္ျပဲဒဏ္ရာမ်ား ရရွိခဲ့သည္ဟု ရဲတပ္ဖြဲ႕ႏွင့္ နီးစပ္သူမ်ားက ေျပာသည္။

“ယာဥ္ နဲ႔ စက္ခ်ိဳ႕ယြင္းလို႔ ကားေမွာက္တာ မဟုတ္ဘူး။ လူက မဆင္မျခင္ ေမာင္းလို႔ေမွာက္တာ” ဟု ယာဥ္ထိန္း တပ္ဖြဲ႕ႏွင့္ နီးစပ္သူ တစ္ဦး က ေျပာသည္။

၎တို႔ ၂ ဦးသည္ စည္ပင္ ေအာက္ေၿခ ဝန္ထမ္းတစ္ဦး၏ ဇနီး ကိုယ္ဝန္သည္ မတင္ေမာ္လင္း ၂၅ ႏွစ္ကို ပစၥည္း ေပ်ာက္ဆုံးမႈႏွင့္ ပတ္သက္၍ မသကၤာသျဖင့္ ဖမ္းဆီးၿပီးေနာက္ ခိုးယူသည္ဟု စြပ္စြဲၿပီး ေသဆုံးသည့္တိုင္ ႏွိပ္စက္ စစ္ေဆးခဲ့ၾကသူမ်ား တြင္ ပါဝင္ခဲ့သူမ်ား ျဖစ္သည္ဟု မအူပင္ၿမိဳ႕ခံ အမ်ားစုက ဆိုသည္။

၎တို႔ စီးနင္းၿပီး ေမွာက္သြားသည့္ ကားမွာလည္း PDF ႏွင့္ ပတ္သက္သည္ဟု စြပ္စြဲကာ ဖမ္းဆီးထားသည့္ ၿမိဳ႕ခံ တစ္ဦး၏ ကားျဖစ္သည္။

“မအူပင္ရဲေတြက ၿမိဳ႕ခံေတြကို အေၾကာင္းအမ်ိဳးမ်ိဳးၿပ ေငြညႇစ္တယ္။ ႏွိပ္စက္တယ္။ ပစၥည္းသိမ္းယူတယ္။ လူသတ္တယ္။ က်ိန္စာသင့္ၾကမယ့္ဟာေတြ” ဟု မအူပင္ ၿမိဳ႕မေဈးက ေဈးသည္တစ္ဦး က ေျပာသည္။

ဇႏၷဝါရီလ တတိယအပါတ္ အတြင္းကလည္း မတင္ေမာ္လင္းအား အသက္ေသသည့္တိုင္ ႏွိပ္စက္ စစ္ေမးရာတြင္ ပါဝင္သည့္ မအူပင္ၿမိဳ႕မရဲစခန္းက နယ္ထိန္းရဲ ေမာင္ေမာင္ ဆိုသူလည္း ေဆးေၾကာင္ေနသူ တစ္ဦးက ဓားျဖင့္ ခုတ္ခဲ့သည့္အတြက္ ေဆးကုသမႈခံယူေနရသည္ဟု မအူပင္ၿမိဳ႕ခံမ်ား၏ ေျပာျပခ်က္အရ သိရသည္။

ကိုယ္ဝန္ေဆာင္ မတင္ေမာ္လင္းႏွင့္ သူမ၏ ခင္ပြန္းျဖစ္သူတို႔ကို မအူပင္ရဲတပ္ဖြဲ႕က ဒု-ဦးစီးမႉး၏ ေနအိမ္တြင္ ေရႊထည္ပစၥည္းမ်ား ေပ်ာက္ဆုံးမႈႏွင့္ ဆက္စပ္၍ ဖမ္းဆီးခံခဲ့ၿပီး မအူပင္ရဲတပ္ဖြဲ႕ဝင္မ်ား ရိုက္ႏွက္စစ္ေဆးမႈ ေၾကာင့္ မတင္ေမာ္လင္းသည္ နိုဝင္ဘာ ၉ ရက္ေန႔ ညက ရဲစခန္းတြင္ ေသဆုံးခဲ့ျခင္း ျဖစ္သည္။