ၾကားသိသမွ်

စစ်ကောင်စီလက်အောက်ခံ အရပ်ဘက်ဝန်ထမ်းများ ဖာပွန်မြို့မှထွက်ခွာကြရန် KNU တပ်မဟာ(၅)ကြေညာ

စစ်ကောင်စီလက်အောက်ခံ အရပ်ဘက်ဝန်ထမ်းများ ဖာပွန်မြို့မှထွက်ခွာကြရန် KNU တပ်မဟာ(၅)ကြေညာ

မြို့ခံဝန်ထမ်းများလည်း စစ်ကောင်စီလက်အောက် တာဝန်ထမ်းဆောင်ခြင်းမှ ရှောင်ရှားရန် သတိပေး

-People’s Spring

ကရင်ပြည်နယ် မူတြော်(ဖာပွန်)ခရိုင်အတွင်းရှိ စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသော အရပ်ဘက်ဌာနဆိုင်ရာ အသီးသီးမှ ဝန်ထမ်းများ အားလုံး

မိမိနေထိုင်ရာဒေသသို့ အတားအဆီးမဲ့ ရေလမ်းခရီးဖြင့် ဖာပွန်မြို့မှ သတ်မှတ်သည့် အချိန်နေ့ရက်အတွင်း ထွက်ခွာကြရန် ကရင်အမျိုးသားအစည်း အရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNU/KNLA) တပ်မဟာ (၅) စစ်ရုံးချုပ်က ယနေ့ထုတ်ပြန်သည်။


ဇန်နဝါရီ ၂၉ရက်စွဲပါ စာကို တပ်မဟာ(၅)၏ မူတြော်သတင်းစဉ်က ယနေ့ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး မြို့ခံဝန်ထမ်းများသည်လည်း စစ်ကောင်စီလက်အောက်ဌာနဆိုင်ရာတာဝန်များ ထမ်းဆောင်ခြင်းမှ ရှောင်ရှားကြရန် အသိပေးအကြောင်း ကြားအပ်သည်ဟု ဖော်ပြထားသည်။

လိုက်နာမှုမရှိဘဲ ပျက်ကွက်ပါက ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတိပေးခြင်းနှင့်အတူ အသိပေးအကြောင်းကြားအပ်ပါသည်ဟုလည်း ကြေညာချက်၌ ပါရှိသည်။

ယခုကဲ့သို့ ထုတ်ပြန်ရခြင်းမှာ KNU/KNLA တပ်မဟာ(၅) နယ်မြေအတွင်းရှိ စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရားများ မလည်ပတ်နိုင်စေရန်ဖြစ်သည်ဟု ဆိုသည်။


တပ်မဟာ(၅)သည် စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်မှုများ လုပ်ဆောင်နေပြီး အဆိုပါနယ်မြေ၌ တိုက်ပွဲများနေ့စဉ်ဖြစ်ပွားကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များသေဆုံးထိခိုက်မှုများပြားလျက်ရှိသည်။

(မူတြော်(ဖာပွန်)ခရိုင်တွင် ၂၀၂၁မတ်လ ၁၇ရက်က စစ်အာဏာရှင်ဆန့်ကျင်ရေး လှည့်လည်ဆန္ဒပြနေစဥ်)

စစ္ေကာင္စီလက္ေအာက္ခံ အရပ္ဘက္ဝန္ထမ္းမ်ား ဖာပြန္ၿမိဳ႕မွထြက္ခြာၾကရန္ KNU တပ္မဟာ(၅)ေၾကညာ

ၿမိဳ႕ခံဝန္ထမ္းမ်ားလည္း စစ္ေကာင္စီလက္ေအာက္ တာဝန္ထမ္းေဆာင္ျခင္းမွ ေရွာင္ရွားရန္ သတိေပး

-People’s Spring

ကရင္ျပည္နယ္ မူေၾတာ္(ဖာပြန္)ခရိုင္အတြင္းရွိ စစ္ေကာင္စီလက္ေအာက္တြင္ တာဝန္ထမ္းေဆာင္ေနေသာ အရပ္ဘက္ဌာနဆိုင္ရာ အသီးသီးမွ ဝန္ထမ္းမ်ား အားလုံး

မိမိေနထိုင္ရာေဒသသို႔ အတားအဆီးမဲ့ ေရလမ္းခရီးျဖင့္ ဖာပြန္ၿမိဳ႕မွ သတ္မွတ္သည့္ အခ်ိန္ေန႔ရက္အတြင္း ထြက္ခြာၾကရန္ ကရင္အမ်ိဳးသားအစည္း အ႐ုံး/ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္(KNU/KNLA) တပ္မဟာ (၅) စစ္႐ုံးခ်ဳပ္က ယေန႔ထုတ္ျပန္သည္။

ဇန္နဝါရီ ၂၉ရက္စြဲပါ စာကို တပ္မဟာ(၅)၏ မူေၾတာ္သတင္းစဥ္က ယေန႔ထုတ္ျပန္ခဲ့ျခင္းျဖစ္ၿပီး ၿမိဳ႕ခံဝန္ထမ္းမ်ားသည္လည္း စစ္ေကာင္စီလက္ေအာက္ဌာနဆိုင္ရာတာဝန္မ်ား ထမ္းေဆာင္ျခင္းမွ ေရွာင္ရွားၾကရန္ အသိေပးအေၾကာင္း ၾကားအပ္သည္ဟု ေဖာ္ျပထားသည္။

လိုက္နာမႈမရွိဘဲ ပ်က္ကြက္ပါက ထိေရာက္စြာ အေရးယူေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သတိေပးျခင္းႏွင့္အတူ အသိေပးအေၾကာင္းၾကားအပ္ပါသည္ဟုလည္း ေၾကညာခ်က္၌ ပါရွိသည္။

ယခုကဲ့သို႔ ထုတ္ျပန္ရျခင္းမွာ KNU/KNLA တပ္မဟာ(၅) နယ္ေျမအတြင္းရွိ စစ္ေကာင္စီ အုပ္ခ်ဳပ္ေရးယႏၲရားမ်ား မလည္ပတ္နိုင္ေစရန္ျဖစ္သည္ဟု ဆိုသည္။

တပ္မဟာ(၅)သည္ စစ္ေကာင္စီတပ္ကို ခုခံတိုက္ခိုက္မႈမ်ား လုပ္ေဆာင္ေနၿပီး အဆိုပါနယ္ေျမ၌ တိုက္ပြဲမ်ားေန႔စဥ္ျဖစ္ပြားကာ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားေသဆုံးထိခိုက္မႈမ်ားျပားလ်က္ရွိသည္။

(မူေၾတာ္(ဖာပြန္)ခရိုင္တြင္ ၂၀၂၁မတ္လ ၁၇ရက္က စစ္အာဏာရွင္ဆန႔္က်င္ေရး လွည့္လည္ဆႏၵျပေနစဥ္)