ၾကားသိသမွ်

အကြမ်းဖက်စစ်တပ်ကတပ်တွင်း VPN သုံးတာတွေ့ရင် အရေးယူဖို့ပြင်ဆင်နေတယ်လို့ပြော

အကြမ်းဖက်စစ်တပ်တွင်း VPN သုံးတာတွေ့ရင် အရေးယူဖို့ပြင်ဆင်နေတယ်လို့ပြော

အကြမ်းဖက်စစ်တပ်တွင်း စစ်သားတွေရဲ့ဖုန်းမှာ VPN သုံးစွဲတာတွေ့ရင် ထိရောက်စွာ အရေးယူဖို့ ပြင်ဆင် နေတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုက VPNစစ်ဖို့ ပြင်ဆင်နေတဲ့အကြောင်း တပ်တွင်းသတင်းရင်းမြစ်တွေကနေ သိရတယ် လို့ ပြည်သူ့ရင်ခွင်လူမှုကွန်ရက်မှာ ဖော်ပြပါတယ်။

အဲဒီသတင်းဟာ ခိုင်မာမှု ရာနှုန်းပြည့် ရှိတဲ့အတွက် တပ်တွင်းဖရဲသီးတွေအနေနဲ့ ပိုသတိထားဖို့၊အပြင်လူတွေ နဲ့ ဆက်သွယ်သမျှကို မှန်မှန်ဖျက်ဖို့နဲ့ လုံခြုံရေးဂရုစိုက်ကြဖို့လည်း ပြည်သူ့ရင်ခွင်က တိုက်တွန်းထားပါတယ်။

အငြိမ်းစာတပ်အရာရှိကြီးတစ်ဦးက ‘မင်းအောင်လှိုင်အတွက်လုပ်စရာက ရမ်းကားမယ်၊ထွက်ပြေးမယ်ဆိုတာ ပဲရှိတော့တယ်။သူကပြည်သူကိုရမ်းရုံတင်မက တပ်ထဲမှာလည်း ရမ်းမှာပါပဲ။ဘာလို့လဲဆိုတော့ သူကသွေးရူး သွေးတန်းအဆင့်ရောက်နေလို့ပဲ။ပြီးတော့ စစ်တပ်ထဲ ဖေ့စ်ဘွတ်ခ်သုံးတာကို လုံးဝအမြစ်ပြတ်ချင်တယ်။

ဘာ လို့လဲဆိုတော့ စစ်သားတွေနဲ့ သူတို့မိသားစုတွေ ဖေ့စ်ဘွတ်သုံးနေသမျှ သတင်းမှန်တွေအကုန်သိနေလို့ပဲ။မင်း အောင်လှိုင်က စစ်တပ်ထဲမှာ သူလိမ်သမျှ သတင်းတေွပဲ သိစေချင်တာကိုး’လို့ ဆိုပါတယ်။

VPN သုံးစွဲမှုကို ကန့်သတ်တဲ့ကိစ္စဟာ အကြမ်းဖက်တပ်တွင်းမှာလည်း ရိုက်ခတ်မှုကြီးနေတယ်လို့သူက ပြောပါတယ်။
‘VPN စစ်မယ်ဆိုတာ တပ်ထဲမှာ ကောလာဟလသတင်းပြန့်နေတယ်။တကယ်လည်းစစ်တာဖြစ်နိုင်တယ်။ စစ် ခဲ့ရင် မကျေနပ်မှုတွေပိုကြီးလာမှာသေချာတယ်’လို့ သူကဆက်ပြောပါတယ်။

နည်းပညာနဲ့ပတ်သက်ပြီး တစုံတရာ အခက်အခဲရှိတဲ့ တပ်တွင်းဖရဲသီးတွေအနေနဲ့ ‘ပြည်သူ့ရင်ခွင် -People’s Embrace’ကို ဆက်သွယ် ဆွေးနွေးနိုင်တယ်လို့လည်း ဖိတ်ခေါ် ထားပါတယ်။

Zawgyi

အၾကမ္းဖက္စစ္တပ္တြင္း VPN သုံးတာေတြ႕ရင္ အေရးယူဖို႔ျပင္ဆင္ေနတယ္လို႔ေျပာ

အၾကမ္းဖက္စစ္တပ္တြင္း စစ္သားေတြရဲ့ဖုန္းမွာ VPN သုံးစြဲတာေတြ႕ရင္ ထိေရာက္စြာ အေရးယူဖို႔ ျပင္ဆင္ ေနတယ္လို႔ သိရပါတယ္။
အၾကမ္းဖက္စစ္အုပ္စုက VPNစစ္ဖို႔ ျပင္ဆင္ေနတဲ့အေၾကာင္း တပ္တြင္းသတင္းရင္းျမစ္ေတြကေန သိရတယ္ လို႔ ျပည္သူ႔ရင္ခြင္လူမႈကြန္ရက္မွာ ေဖာ္ျပပါတယ္။

အဲဒီသတင္းဟာ ခိုင္မာမႈ ရာႏႈန္းျပည့္ ရွိတဲ့အတြက္ တပ္တြင္းဖရဲသီးေတြအေနနဲ႔ ပိုသတိထားဖို႔၊အျပင္လူေတြ နဲ႔ ဆက္သြယ္သမၽွကို မွန္မွန္ဖ်က္ဖို႔နဲ႔ လုံျခဳံေရးဂ႐ုစိုက္ၾကဖို႔လည္း ျပည္သူ႔ရင္ခြင္က တိုက္တြန္းထားပါတယ္။

အၿငိမ္းစာတပ္အရာရွိႀကီးတစ္ဦးက ‘မင္းေအာင္လွိုင္အတြက္လုပ္စရာက ရမ္းကားမယ္၊ထြက္ေျပးမယ္ဆိုတာ ပဲရွိေတာ့တယ္။သူကျပည္သူကိုရမ္း႐ုံတင္မက တပ္ထဲမွာလည္း ရမ္းမွာပါပဲ။ဘာလို႔လဲဆိုေတာ့ သူကေသြး႐ူး ေသြးတန္းအဆင့္ေရာက္ေနလို႔ပဲ။ၿပီးေတာ့ စစ္တပ္ထဲ ေဖ့စ္ဘြတ္ခ္သုံးတာကို လုံးဝအျမစ္ျပတ္ခ်င္တယ္။

ဘာ လို႔လဲဆိုေတာ့ စစ္သားေတြနဲ႔ သူတို႔မိသားစုေတြ ေဖ့စ္ဘြတ္သုံးေနသမၽွ သတင္းမွန္ေတြအကုန္သိေနလို႔ပဲ။မင္း ေအာင္လွိုင္က စစ္တပ္ထဲမွာ သူလိမ္သမၽွ သတင္းေတြပဲ သိေစခ်င္တာကိုး’လို႔ ဆိုပါတယ္။

VPN သုံးစြဲမႈကို ကန႔္သတ္တဲ့ကိစၥဟာ အၾကမ္းဖက္တပ္တြင္းမွာလည္း ရိုက္ခတ္မႈႀကီးေနတယ္လို႔သူက ေျပာပါတယ္။
‘VPN စစ္မယ္ဆိုတာ တပ္ထဲမွာ ေကာလာဟလသတင္းျပန႔္ေနတယ္။တကယ္လည္းစစ္တာျဖစ္နိုင္တယ္။ စစ္ ခဲ့ရင္ မေက်နပ္မႈေတြပိုႀကီးလာမွာေသခ်ာတယ္’လို႔ သူကဆက္ေျပာပါတယ္။

နည္းပညာနဲ႔ပတ္သက္ၿပီး တစုံတရာ အခက္အခဲရွိတဲ့ တပ္တြင္းဖရဲသီးေတြအေနနဲ႔ ‘ျပည္သူ႔ရင္ခြင္ -People’s Embrace’ကို ဆက္သြယ္ ေဆြးေႏြးနိုင္တယ္လို႔လည္း ဖိတ္ေခၚ ထားပါတယ္။