ၾကားသိသမွ်

အသံတိတ်သပိတ်နေ့ မှာ မန္တလေးစည်ပင်က နေ့လယ်ပိုင်း စက်ဘီးပြိုင်ပွဲလုပ်မယ်လို့ဆို

အသံတိတ်သပိတ်နေ့ မှာ မန္တလေးစည်ပင်က နေ့လယ်ပိုင်း စက်ဘီးပြိုင်ပွဲလုပ်မယ်လို့ဆို

အသံတိတ်သပိတ်နေ့မှာ လမ်းမပေါ် လူစည်ကားအောင် မန္တလေး ကျုံးဘေးမှာ မြို့တော်ဝန်ဖလား စက်ဘီးစီးပြိုင်ပွဲလုပ်မယ်လို့ မန္တလေး

စည်ပင်က ကြေညာထားပါတယ်။

ပုံမှန်အားဖြင့် စက်ဘီးပြိုင်ပွဲကို မနက်ပိုင်းအချိန်တွေမှာသာကျင်းပလေ့ရှိပေမယ့် စစ်ကောင်စီရဲ့ မန္တလေးစည်ပင်က ပြိုင်ပွဲကို နေ့ခင်းဘက်

၂ နာရီခွဲမှာကျင်းပမှာဖြစ်ပါတယ်။

ဒါအပြင် အဲဒီစက်ဘီးပြိုင်ပွဲမှာ ရိုးရိုးစက်ဘီးနဲ့လည်းပြိုင်နိုင်ပြီး ပြိုင်ပွဲမစမီ နာရီဝက်အလိုထိ စာရင်းသွင်းလို့ရတယ်လို့လည်းကြေညာထား

ပါသေးတယ်။


မန္တလေးမြို့ခံတစ်ဦးကတော့ အသံတိတ်သပိတ်နေ့မှာ လမ်းမပေါ် လူစည်ကားအောင် တမင်ကျင်းပတာလို့ ပြောပါတယ်။

မန္တလေးမြို့မှာ အသံတိတ်သပိတ်ပျက်အောင် စစ်ကောင်စီဟာ နည်းလမ်းပေါင်းစုံနဲ့ လုပ်ဆောင်နေသလို သပိတ်နေ့မှာ ဆိုင်ပိတ်ထားတာ

မျိုးရှိရင်လည်းအရေးယူမယ်လို့ခြိမ်းခြောက်ထားပါတယ်။

Zawgyi

အသံတိတ္သပိတ္ေန႔ မွာ မႏၲေလးစည္ပင္က ေန႔လယ္ပိုင္း စက္ဘီးၿပိဳင္ပြဲလုပ္မယ္လို႔ဆို

အသံတိတ္သပိတ္ေန႔မွာ လမ္းမေပၚ လူစည္ကားေအာင္ မႏၲေလး က်ဳံးေဘးမွာ ၿမိဳ႕ေတာ္ဝန္ဖလား စက္ဘီးစီးၿပိဳင္ပြဲလုပ္မယ္လို႔ မႏၲေလး

စည္ပင္က ေၾကညာထားပါတယ္။

ပုံမွန္အားျဖင့္ စက္ဘီးၿပိဳင္ပြဲကို မနက္ပိုင္းအခ်ိန္ေတြမွာသာက်င္းပေလ့ရွိေပမယ့္ စစ္ေကာင္စီရဲ့ မႏၲေလးစည္ပင္က ၿပိဳင္ပြဲကို ေန႔ခင္း

ဘက္ ၂ နာရီခြဲမွာက်င္းပမွာျဖစ္ပါတယ္။

ဒါအျပင္ အဲဒီစက္ဘီးၿပိဳင္ပြဲမွာ ရိုးရိုးစက္ဘီးနဲ႔လည္းၿပိဳင္နိုင္ၿပီး ၿပိဳင္ပြဲမစမီ နာရီဝက္အလိုထိ စာရင္းသြင္းလို႔ရတယ္လို႔လည္းေၾကညာ

ထားပါေသးတယ္။

မႏၲေလးၿမိဳ႕ခံတစ္ဦးကေတာ့ အသံတိတ္သပိတ္ေန႔မွာ လမ္းမေပၚ လူစည္ကားေအာင္ တမင္က်င္းပတာလို႔ ေျပာပါတယ္။

မႏၲေလးၿမိဳ႕မွာ အသံတိတ္သပိတ္ပ်က္ေအာင္ စစ္ေကာင္စီဟာ နည္းလမ္းေပါင္းစုံနဲ႔ လုပ္ေဆာင္ေနသလို သပိတ္ေန႔မွာ ဆိုင္ပိ

တ္ထားတာမ်ိဳးရွိရင္လည္းအေရးယူမယ္လို႔ၿခိမ္းေျခာက္ထားပါတယ္။