ၾကားသိသမွ်

မြန်မာစစ်တပ်ကိုအရေးယူရန် အချိန်တန်ပြီဟု ကုလလူ့အခွင့်အရေးမဟာမင်းကြီးပြော

မြန်မာစစ်တပ်ကိုအရေးယူရန် အချိန်တန်ပြီဟု ကုလလူ့အခွင့်အရေးမဟာမင်းကြီးပြော

မြန်မာပြည်မှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီပြန်လည်ရရှိဖို့နဲ့ လူ့အခွင့်အရေးကို စနစ်တကျ ချိုးဖောက်တဲ့လူတွေကိုလည်း အရေးယူဖို့ အချိန်တန်နေပြီလို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်နာမင်းကြီး မစ်ချဲလ် ဘက်ချလက်က ပြောပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့ အာဆီယံအဖွဲ့တို့က စစ်ခေါင်းဆောင်တွေကို နားချခဲ့တာလည်း ဒီလောက်နဲ့ လုံလောက်နေပြီလို့ မဟာမင်းကြီးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အရပ်သား ပြည်သူလူထုကို အကြမ်းဖက်တိုက်ခိုက်နေတာတွေကို ရပ်တန့်ပြီး အရပ်သားအစိုးရ လက်ထဲကို အာဏာပြန်လည် ရောက်ရှိနိုင်ရေးအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက ဖိအားပေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်နာမင်းကြီးက တောင်းဆိုလိုက်ပါတယ်။

စစ်တပ်အာဏာသိမ်းတာ တနှစ်ပတ်လည် ရှိတော့မယ့် အချိန်မှာ ကုလသမဂ္ဂ လူ့အခွင့်အရေး မင်းကြီးက အခုလို တောင်းဆိုလိုက်တာဖြစ်ပြီး စစ်တပ်က အာဏာသိမ်းတာကို တကမ္ဘာလုံးက ဝေဖန်အပြစ်တင်ရုံက လွဲလို့ ထိထိရောက်ရောက် မဆောင်ရွက်ခဲ့ဘူးလို့ ဆိုပါတယ်။

မြန်မာပြည်မှာ ဖြစ်နေတဲ့ ပြဿနာတွေ ကြီးမားလေးနက်ပေမယ့် နိုင်ငံတကာအသိုင်းအဝိုင်းဟာ အရေးတကြီး ဆောင်ရွက်ရမယ့် ကိစ္စလိုမျိုး သဘောမထားခဲ့ဘူးလို့ ထောက်ပြပါတယ်။ DVB

ျမန္မာစစ္တပ္ကိုအေရးယူရန္ အခ်ိန္တန္ၿပီဟု ကုလလူ႔အခြင့္အေရးမဟာမင္းႀကီးေျပာ

ျမန္မာျပည္မွာ လူ႔အခြင့္အေရးနဲ႔ ဒီမိုကေရစီျပန္လည္ရရွိဖို႔နဲ႔ လူ႔အခြင့္အေရးကို စနစ္တက် ခ်ိဳးေဖာက္တဲ့လူေတြကိုလည္း အေရးယူဖို႔ အခ်ိန္တန္ေနၿပီလို႔ ကုလသမဂၢ လူ႔အခြင့္အေရးေကာ္မရွင္နာမင္းႀကီး မစ္ခ်ဲလ္ ဘက္ခ်လက္က ေျပာပါတယ္။

ကုလသမဂၢလုံျခဳံေရးေကာင္စီနဲ႔ အာဆီယံအဖြဲ႕တို႔က စစ္ေခါင္းေဆာင္ေတြကို နားခ်ခဲ့တာလည္း ဒီေလာက္နဲ႔ လုံေလာက္ေနၿပီလို႔ မဟာမင္းႀကီးက ေျပာပါတယ္။

ျမန္မာနိုင္ငံမွာ စစ္တပ္က အရပ္သား ျပည္သူလူထုကို အၾကမ္းဖက္တိုက္ခိုက္ေနတာေတြကို ရပ္တန႔္ၿပီး အရပ္သားအစိုးရ လက္ထဲကို အာဏာျပန္လည္ ေရာက္ရွိနိုင္ေရးအတြက္ နိုင္ငံတကာ အသိုင္းအဝိုင္းက ဖိအားေပးဖို႔ ကုလသမဂၢ လူ႔အခြင့္အေရးေကာ္မရွင္နာမင္းႀကီးက ေတာင္းဆိုလိုက္ပါတယ္။

စစ္တပ္အာဏာသိမ္းတာ တႏွစ္ပတ္လည္ ရွိေတာ့မယ့္ အခ်ိန္မွာ ကုလသမဂၢ လူ႔အခြင့္အေရး မင္းႀကီးက အခုလို ေတာင္းဆိုလိုက္တာျဖစ္ၿပီး စစ္တပ္က အာဏာသိမ္းတာကို တကမၻာလုံးက ေဝဖန္အျပစ္တင္႐ုံက လြဲလို႔ ထိထိေရာက္ေရာက္ မေဆာင္ရြက္ခဲ့ဘူးလို႔ ဆိုပါတယ္။

ျမန္မာျပည္မွာ ျဖစ္ေနတဲ့ ျပႆနာေတြ ႀကီးမားေလးနက္ေပမယ့္ နိုင္ငံတကာအသိုင္းအဝိုင္းဟာ အေရးတႀကီး ေဆာင္ရြက္ရမယ့္ ကိစၥလိုမ်ိဳး သေဘာမထားခဲ့ဘူးလို႔ ေထာက္ျပပါတယ္။ DVB