ၾကားသိသမွ်

မလှိုင်ဌာနဆိုင်ရာများ ဖေဖော်ဝါရီလ ၁ရက်တွင် ထမနဲထိုးရန်နှင့် အပြင်ထွက်ဈေးဝယ်ရန် စစ်ကောင်စီညွှန်ကြား

မလှိုင်ဌာနဆိုင်ရာများ ဖေဖော်ဝါရီလ ၁ရက်တွင် ထမနဲထိုးရန်နှင့် အပြင်ထွက်ဈေးဝယ်ရန် စစ်ကောင်စီညွှန်ကြား

စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း လူထုအသံတိတ်သပိတ်ပြုလုပ်မည့် ဖေဖော်ဝါရီလ ၁ရက်နေ့တွင် မလှိုင်မြို့ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများ ထမနဲထိုးရန်နှင့် အပြင်ထွက်ဈေးဝယ်ရန် စစ်ကောင်စီက ညွှန်ကြားထားကြောင်း ဇန်နဝါရီလ ၂၉ရက်က စုံစမ်းသိရသည်။

ဖေဖော်ဝါရီလ ၁ရက်နေ့တွင် မလှိုင်မြို့မှ ဌာနဆိုင်ရာ Non CDM ဝန်ထမ်းများအနေဖြင့် ရုံးသုံး၊ အိမ်သုံး ပစ္စည်းများကို မဖြစ်မနေ အပြင်ထွက်ဝယ်ယူရမည်ဟု ညွှန်ကြားထားကြောင်း မလှိုင်မြို့မှ သတင်းရင်းမြစ်တစ်ဦးက မဲခေါင်ကို ပြောသည်။

“ထမနဲထိုးဖို့လည်း ညွှန်ကြားထားတယ်။ ထွေအုပ်ရုံးမှာပဲ ထိုးမလား၊ သက်ဆိုင်ရာရုံးအလိုက် ထိုးမလားတော့ မသိသေးဘူး။ အဲဒီနေ့မှာပဲအပြင်ထွက်ဈေးဝယ်ဖို့လဲ ညွှန်ကြားထားတယ်” ဟု ၎င်းက ပြောသည်။


ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း မလှိုင်မြို့အတွင်းရှိ ဈေးဆိုင်များကို ဖေဖော်ဝါရီလ ၁ရက်တွင် မပိတ်ရန် ရဲ၊ စစ်တပ်၊ ထွေအုပ်၊ စည်ပင်နှင့် မီးသတ်တို့က ခံဝန်ကတိလိုက်ထိုးခိုင်းကြောင်း ဒေသခံများထံမှာ သိရသည်။

မလှိုင်မြို့နယ်လုံးဆိုင်ရာ သပိတ်ကော်မတီကမူ ဖေဖော်ဝါရီလ ၁ရက် အသံတိတ်သပိတ်တွင် လူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်ရန် တိုက်တွန်းထားသည်။ #MeKongNews

မလွိုင္ဌာနဆိုင္ရာမ်ား ေဖေဖာ္ဝါရီလ ၁ရက္တြင္ ထမနဲထိုးရန္ႏွင့္ အျပင္ထြက္ေဈးဝယ္ရန္ စစ္ေကာင္စီညႊန္ၾကား

စစ္အာဏာရွင္ကို ဆန႔္က်င္ေၾကာင္း လူထုအသံတိတ္သပိတ္ျပဳလုပ္မည့္ ေဖေဖာ္ဝါရီလ ၁ရက္ေန႔တြင္ မလွိုင္ၿမိဳ႕ရွိ ဌာနဆိုင္ရာ ဝန္ထမ္းမ်ား ထမနဲထိုးရန္ႏွင့္ အျပင္ထြက္ေဈးဝယ္ရန္ စစ္ေကာင္စီက ညႊန္ၾကားထားေၾကာင္း ဇန္နဝါရီလ ၂၉ရက္က စုံစမ္းသိရသည္။

ေဖေဖာ္ဝါရီလ ၁ရက္ေန႔တြင္ မလွိုင္ၿမိဳ႕မွ ဌာနဆိုင္ရာ Non CDM ဝန္ထမ္းမ်ားအေနျဖင့္ ႐ုံးသုံး၊ အိမ္သုံး ပစၥည္းမ်ားကို မျဖစ္မေန အျပင္ထြက္ဝယ္ယူရမည္ဟု ညႊန္ၾကားထားေၾကာင္း မလွိုင္ၿမိဳ႕မွ သတင္းရင္းျမစ္တစ္ဦးက မဲေခါင္ကို ေျပာသည္။

“ထမနဲထိုးဖို႔လည္း ညႊန္ၾကားထားတယ္။ ေထြအုပ္႐ုံးမွာပဲ ထိုးမလား၊ သက္ဆိုင္ရာ႐ုံးအလိုက္ ထိုးမလားေတာ့ မသိေသးဘူး။ အဲဒီေန႔မွာပဲအျပင္ထြက္ေဈးဝယ္ဖို႔လဲ ညႊန္ၾကားထားတယ္” ဟု ၎က ေျပာသည္။

ၿပီးခဲ့သည့္ ရက္ပိုင္းအတြင္းကလည္း မလွိုင္ၿမိဳ႕အတြင္းရွိ ေဈးဆိုင္မ်ားကို ေဖေဖာ္ဝါရီလ ၁ရက္တြင္ မပိတ္ရန္ ရဲ၊ စစ္တပ္၊ ေထြအုပ္၊ စည္ပင္ႏွင့္ မီးသတ္တို႔က ခံဝန္ကတိလိုက္ထိုးခိုင္းေၾကာင္း ေဒသခံမ်ားထံမွာ သိရသည္။

မလွိုင္ၿမိဳ႕နယ္လုံးဆိုင္ရာ သပိတ္ေကာ္မတီကမူ ေဖေဖာ္ဝါရီလ ၁ရက္ အသံတိတ္သပိတ္တြင္ လူထုတစ္ရပ္လုံး ပူးေပါင္းပါဝင္ရန္ တိုက္တြန္းထားသည္။#MeKongNews