ၾကားသိသမွ်

မြို့ပြပြောက်ကျား အဆင့်ကနေ မြို့သိမ်းတိုက်ပွဲတွေ ဖြစ်လာနိုင်တယ်လို့ NUG ကာကွယ်ရေးအတွင်းဝန် ဦးနိုင်ထူးအောင်ပြော

မြို့သိမ်းတိုက်ပွဲတွေ ဖြစ်လာနိုင်တယ်လို့ ဦးနိုင်ထူးအောင်ပြော

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ၂၀၂၁ စက်တင်ဘာ ၇ တွင် အရေးပေါ်အခြေအနေကြေညာခဲ့ပြီးနောက် စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်သည့် ပြည်သူ့ခုခံစစ် လက်နက်ကိုင်တိုက်ပွဲများသည် နေ့စဉ်နှင့်အမျှ ဖြစ်ပွားနေသည်။

အာဏာသိမ်း စစ်အုပ်စုကို လက်နက်ကိုင်တော်လှန်နေကြသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် ဒေသအသီးသီးတွင် ပြန့်ကျဲနေကြပြီး ထိုလက်နက်ကိုင်အဖွဲ့များကို ကာကွယ်ရေးဝန်ကြီးဌာနက စုစည်းနိုင်ရန် ကြိုးပမ်းနေသည်။

အမျိုးသား ညီညွတ်ရေး အစိုးရမှ မိမိတို့ကို အမေရိကန် ပြည်ထောင်စုမှ ဆက်လက်ထောက်ခံမှု ပေးရန် တိုက် တွန်းကြောင်း နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်မှ အမေရိကန် နိုင်ငံခြားရေး ဌာန အကြံပေး ဒဲရက် ရှိုလေး နှင့် အွန်လိုင်းမှ တွေ့ဆုံ ဆွေးနွေးရာတွင် တိုက်တွန်းသွားခဲ့သည်။


ပြည်ပ ရင်းနှီးမြှုပ်နှံသူများ အလုအယက် တိုးဝှေ့ ထွက်ခွာနေကြသည်။ ယခင် စစ်အစိုးရ အဆက်ဆက်နှင့် လုပ်ကိုင်ရန် စိတ်မသိုး မသန့် ဖြစ်ခဲ့ခြင်း မရှိသည့် ပြင်သစ်ပိုင် တိုတယ် ကုမ္ပဏီကြီးသည် နိုင်ငံမှ လုပ်ငန်းများ ရပ်ဆိုင်းတော့မည်ဟု ဇန်နဝါရီလ ထဲမှာပင် ကြေညာလာခဲ့သည်။ ယင်းနှင့် အတူ အမေရိကန်၏ ချေဗရွန် နှင့် ဩစတေးလျှ မှ ဝုဒ်ဆိုဒ် ရေနံ ကုမ္ပဏီများလည်း နောက်က လိုက်လာခဲ့ကြသည်။

အိန္ဒိယ၏ ကုမ္ပဏီကြီး ဖြစ်သော အဒါနီ သည် ဆိပ်ကမ်း တည်ဆောက်ရေး လုပ်ငန်းများ ဆက်လက်လုပ်ကိုင်ခြင်း မရှိတော့၊ တရုတ် ကုမ္ပဏီ အုပ်စု Ant Group သည်လည်း ဘဏ်လုပ်ငန်းများ အား ကွန်ပျူတာ ဆော့ဖ်ဝဲယားများ ပံ့ပိုးပေးနေသည့် ပြည်တွင်း ကုမ္ပဏီ တခု တွင် အစုစပ်ဝင်ရန် စီစဉ်ထားမှု ကို ရပ်ဆိုင်းခဲ့ပြန်သည်။


အခြေအနေများ ဆိုးသည်ထက် ဆိုးလာနေချိန်တွင်ပင် စစ်တပ်သည် ၎င်းတို့ အုပ်ချုပ်ရေးအား တွန်းလှန် နေမှု များကို နေရာအနှံ့ အင်အားသုံး၍ နှိမ်နှင်းကောင်းနေဆဲပင် ဖြစ်သည်။ အာဏာသိမ်း ‌ခေါင်းဆောင် မင်းအောင် လှိုင် ကိုယ်တိုင် သွေးချောင်းစီးမှုကြီး ကို ဦးဆောင်လာခဲ့သည်။ စစ်သားများက မြို့များကို မီးရှို့ဖျက်ဆီးပြီး ဒေသခံ အရပ်သားများကို အစုလိုက် အပြုံလိုက် သတ်ဖြတ်လာကြသည်။ ထိုသို့ အရပ်သားများအပေါ် အကြမ်း ဖက်မှု ကျူးလွန်နေခြင်းသည် လူသားများ အပေါ် ကျူးလွန်နေသည့် ရာဇဝတ်မှု မြောက်ကြောင်း ကုလသမဂ္ဂမှ ထုတ်ဖေါ်ပြောဆိုလာခဲ့သည်။

ဖာသိဖာသာ နေခဲ့ကြသည့် ပြည်သူ အချို့ပင် လက်နက်စွဲကိုင်လာခဲ့ကြသဖြင့် နိုင်ငံတဝှမ်း အကြမ်းဖက်မှုများ တိုးမြှင့်လာခဲ့ရသဖြင့် လူ လေးသိန်း ခန့် အိုးအိမ်စွန့်ခွာ တိမ်းရှောင်ခဲ့ကြရသည်။

မြန်မာ၏ အိမ်နီးချင်း နိုင်ငံကြီးများ ဖြစ်သော တရုတ် နှင့် အိန္ဒိယ နှစ်နိုင်ငံလုံးသည် မြန်မာ အရေးတွင် ပါဝင်ပတ် သက်ရန် မလိုလားကြပြန်ပေ။ အာဆီယံသည်လည်းပြဿနာ ဖြစ်နေသော အဖွဲ့ဝင် နိုင်ငံ ဖြစ်သည့် မြန်မာအပေါ် မည်သို့ ကိုင်တွယ်ရမည် ဆိုသည်နှင့် ပတ်သက်ပြီး သဘောထား ကွဲလွဲနေကြသည်။ ယခုအချိန်အထိ အဆိုပါ အဖွဲ့ကြီး၏ အပြင်းထန်ဆုံး တုန့်ပြန်မှုသည် မင်းအောင်လှိုင်အား ထိပ်သီး တွေ့ဆုံပွဲများကို တက်ရောက်ခွင့်ပြုရန် ငြင်းဆန်ခဲ့ကြခြင်းပင် ဖြစ်သည်။ ယင်းသည် အာဆီယံ၏ စံနှုန်းအရ ဆိုက ကြီးမားသော ခြေလှမ်းကြီး လှမ်း လိုက်ခြင်းဟု ပြော၍ရပေသည်။ သို့သော် လိုအပ်သည်များ လုပ်ဖို့ အရေးကိုတော့ လစ်လျူရှုနေဆဲ ဖြစ်သည်။

ထိုသို့ နှုတ်ဆိတ်နေကြခြင်းသည် မြန်မာ အိမ်နီးချင်းနိုင်ငံများ အတွက် အကျိုးနည်းဖို့သာ ဖြစ်လာရသည်။ သောင်းချီသော ဒုက္ခသည်များသည် ထိုင်း နှင့် အိန္ဒိယ သို့ စုပြုံဝင်ရောက်လာကြသည်။ အကြမ်းဖက်မှုများ နှင့် မူးယစ်ဆေးများလည်း စိမ့်ဝင်ယိုစီးလာနေသည်။
မူးယစ်ဂိုဏ်းများက နိုင်ငံအတွင်း ကမောက်ကမ ဖြစ်နေမှု များကို အခွင့်ကောင်း တရပ်အဖြစ် အသုံးချကာ မက် ခေါ် မီသမ်ဖန်တမီး ဆေးပြားများကို တိုးမြှင့် ထုတ် လုပ်လာနေကြသဖြင့် အရှေ့တောင်အာရှ နိုင်ငံ ဈေးကွက်များသို့ တရဟော ဝင်ရောက်လာခဲ့သည်။

ခုခံတွန်းလှန်နေသည့် အင်အားစုများက တရုတ်သည် စစ်အာဏာသိမ်း အဖွဲ့အား ထောက်ခံနေသည်ဟု ခံယူ လာပြီး တရုတ်၏ ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းများကို တိုက်ခိုက်လာကြသည်။ ထိုအထဲတွင် နီကယ် စက်ရုံကြီး နှင့် ဘင်္ဂလား ပင်လယ်အော်မှ သွယ်တန်းထွားသော ရေနံပိုက်လိုင်းများပင် ပါဝင်လာခဲ့သည်။

Local Defence Force ဟု ခေါ်သည့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များကို စုစည်းနေပြီး စစ်ရေးအတွေ့အကြုံရှိသည့် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များ ပါဝင်သည့် ကော်မတီက စစ်ရေးအရ ဦးဆောင်နိုင်ရန် ရည်ရွယ်ထားသည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာန၊ အတွင်းဝန် ဦးနိုင်ထူးအောင်က ပြောသည်။


ခုခံတော်လှန်စစ်တွေနဲ့ အရှိန်မြင့်နေတဲ့အချိန်မှာပဲ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန်ဖြစ်သူ ဦးနိုင်ထူးအောင်ကတော့ မြို့သိမ်းတိုက်ပွဲတွေဖြစ်လာနိုင်တယ်လို့ ပြောကြားလိုက်ပါတယ်။

“မြို့သိမ်းတိုက်ပွဲတွေကတော့ ဖြစ်လာနိုင်ပါတယ်” လို့ ကာကွယ်ရေးအတွင်းဝန် ဦးနိုင်ထူးအောင်က မြန်မာနောင်းသတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောကြားထားတာပါ။

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ကတော့ အကြမ်းဖက်စစ်ကောင်စီလို ပြည်သူတွေ ဘယ်လောက်ထိထိဆိုတဲ့ပုံစံမျိုးကို လုံးဝ ပြုကျင့်မှာမဟုတ်ဘဲ Standard Army တစ်ခုက လုပ်ဆောင်တဲ့ စံနှုန်းတွေအတိုင်းသာ လုပ်ဆောင်မယ်လို့ ပြောထားပါတယ်။

“မဟာဗျူဟာအရ ထည့်သွင်းစဉ်းစားရတဲ့ အချက်အလက်တွေအပေါ်မှာ စဉ်းစားပြီးမှပဲ ဆောင်ရွက်သွားဖို့ရှိမှာဖြစ်ပါတယ်။ ဒါကိုလည်း ကျွန်တော်တို့လူထုကို နားလည်စေချင်ပါတယ်။ လူထု ရုတ်တရက် စိတ်ဓာတ်တွေ တက်သွားရင် ပြီးရောဆိုပြီး ပြီးမှ စိတ်ဓာတ်ပြန်ပြုတ်ကျမဲ့ ကိစ္စမျိုးကို ကျွန်တော်တို့ မလုပ်ပါဘူး။ ခိုင်ခိုင်မာမာနဲ့ တစ်ဆင့်ချင်းပဲ လှမ်းသွားမှာဖြစ်ပါတယ်” လို့ ဦးနိုင် ထူးအောင်က ပြောပါတယ်။

မြို့သိမ်းတိုက်ပွဲတွေကို ပုံဖော်ရာမှာလည်း ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင်နဲ့ စစ်ရေးဆိုင်ရာ မဟာဗျူဟာ ရည်မှန်းချက်တွေ ထိရောက်အောင် လုပ်ဆောင်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။ ဒီလိုလုပ်ဆောင်တဲ့အခါမှာ ကိုယ်ဘက်က တပ်သားအကျအဆုံး အ နည်းဆုံးဖြစ်အောင်၊ လက်နက်ခဲယမ်းကုန်ကျမှုအနည်းဆုံးဖြစ်အောင်တွေကအစ တွက်ချက်ထားတယ်လို့လည်း မှတ်ချက်ပေး ထားပါတယ်။

စစ်ရေးမဟာဗျူဟာအရလည်း မြို့ပြပြောက်ကျားစနစ်လည်း ရှိနေဦးမှာဖြစ်ပြီးတယ်လို့လည်း ကာကွယ်ရေးအတွင်းဝန်က ပြောကြားထားပါသေးတယ်။