ၾကားသိသမွ်

တင့်ကားပါ​​သောစစ်​ကောင်စီတပ်ယာဉ်တန်းအား ဟိုပင် PDFတိုက်ခိုက်( ရုပ်သံ )

တင့်ကားပါ​​သောစစ်​ကောင်စီတပ်ယာဉ်တန်းအား ဟိုပင် PDFတိုက်ခိုက်၊ စစ်ကောင်စီတပ်၁၀ဦးထက်မနည်း သေဆုံး( ရုပ်သံဖိုင် ဟိုပင်-PDF )

ကချင်ပြည်နယ်မိုးညှင်းမြို့မှ မိုးကောင်းမြို့သို့ တက်လာသည့် တင့်ကားများပါဝင်​သောစစ်ကောင်စီတပ်ယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ဟိုပင်)က ယ​နေ့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၀ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရသူများလည်းရှိကြောင်း PDF(ဟိုပင်) ကထုတ်ပြန်သည်။

ယနေ့ (ဇန်နဝါရီ ၂၈ရက်) နံနက် ၁၁ နာရီခန့်တွင် တင့်ကားပါသည့် စစ်ယာဉ်တန်းကို ငါးမိုင်နှင့် ကြာကြီးကွင်း တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ဟိုပင် တိုးဂိတ်အနီးတွင်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိုတိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်မှ ၁၀ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရသူများပြားကြောင်းလည်းထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။သို့​သော် PDF ရဲဘော်များ ထိခိုက်ကျဆုံးမှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြောင်း ဟိုပင် PDFက ထုတ်ပြန်သည်။

ယမန်နေ့ကလည်း မိုးညှင်းနှင့် အင်းတော်မြို့နယ်တို့တွင် စစ်ကောင်စီယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် အင်းတော် ပြည်သူ့ကာကွယ်ရေးတပ်တို့က ၃ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှု များနိုင်သည်ဟု သိ့ရသည်။

( ရုပ်သံဖိုင် ဟိုပင်-PDF )

#လူထုနွေဦး

တင့္ကားပါ​​ေသာစစ္​ေကာင္စီတပ္ယာဥ္တန္းအား ဟိုပင္ PDFတိုက္ခိုက္၊ စစ္ေကာင္စီတပ္၁၀ဦးထက္မနည္း ေသဆုံး( ႐ုပ္သံဖိုင္ ဟိုပင္-PDF )

ကခ်င္ျပည္နယ္မိုးညႇင္းၿမိဳ႕မွ မိုးေကာင္းၿမိဳ႕သို႔ တက္လာသည့္ တင့္ကားမ်ားပါဝင္​ေသာစစ္ေကာင္စီတပ္ယာဥ္တန္းကို ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕(ဟိုပင္)က ယ​ေန႔တိုက္ခိုက္ခဲ့ရာ စစ္ေကာင္စီတပ္မွ ၁၀ဦးထက္မနည္းေသဆုံးၿပီး ဒဏ္ရာရသူမ်ားလည္းရွိေၾကာင္း PDF(ဟိုပင္) ကထုတ္ျပန္သည္။

ယေန႔ (ဇန္နဝါရီ ၂၈ရက္) နံနက္ ၁၁ နာရီခန႔္တြင္ တင့္ကားပါသည့္ စစ္ယာဥ္တန္းကို ငါးမိုင္ႏွင့္ ၾကာႀကီးကြင္း တြင္ မိုင္းဆြဲတိုက္ခိုက္ခဲ့ျခင္းျဖစ္သည္။

ထို႔အျပင္ ဟိုပင္ တိုးဂိတ္အနီးတြင္လည္း ပစ္ခတ္တိုက္ခိုက္ခဲ့ၿပီး ထိုတိုက္ခိုက္မႈမ်ားအတြင္း စစ္ေကာင္စီတပ္မွ ၁၀ဦးထက္မနည္းေသဆုံးၿပီး ဒဏ္ရာရသူမ်ားျပားေၾကာင္းလည္းထုတ္ျပန္ခ်က္တြင္​ေဖာ္ျပထားသည္။သို႔​ေသာ္ PDF ရဲေဘာ္မ်ား ထိခိုက္က်ဆုံးမႈမရွိဘဲ ဆုတ္ခြာနိုင္ခဲ့ေၾကာင္း ဟိုပင္ PDFက ထုတ္ျပန္သည္။

ယမန္ေန႔ကလည္း မိုးညႇင္းႏွင့္ အင္းေတာ္ၿမိဳ႕နယ္တို႔တြင္ စစ္ေကာင္စီယာဥ္တန္းကို ကခ်င္လြတ္လပ္ေရးတပ္မေတာ္(KIA)ႏွင့္ အင္းေတာ္ ျပည္သူ႔ကာကြယ္ေရးတပ္တို႔က ၃ႀကိမ္ထက္မနည္း တိုက္ခိုက္ခဲ့ရာ စစ္ေကာင္စီတပ္မွ ေသဆုံးထိခိုက္မႈ မ်ားနိုင္သည္ဟု သိ့ရသည္။

( ႐ုပ္သံဖိုင္ ဟိုပင္-PDF )

#လူထုေႏြဦး