ၾကားသိသမွ်

အရေးပေါ် အခြေအနေအဖြစ်သဘောထားပြီး မြန်မာပြည်သူတွေကို ကာကွယ်ပေးဖို့ ကုလလုံခြုံရေးကာင်စီကို အဖွဲ့အစည်း ၃၀၀ ခန့် တောင်းဆို

အရေးပေါ် အခြေအနေအဖြစ်သဘောထားပြီး မြန်မာပြည်သူတွေကို ကာကွယ်ပေးဖို့ ကုလလုံခြုံရေးကာင်စီကို အဖွဲ့အစည်း ၃၀၀ ခန့် တောင်းဆို

ဇန်နဝါရီ ၂၈

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ မြန်မာ့အရေးကို အထူးအရေးပေါ် အခြေအနေတစ်ရပ်အဖြစ် သဘောထားဖို့နဲ့ မြန်မာပြည်သူတွေကို အရေးပေါ်အကာအကွယ်ပေးဖို့ လိုအပ်နေကြောင်း အရပ်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေ အပါအဝင် အဖွဲ့အစည်းပေါင်း ၃၀၀ နီးပါးက ပူးတွဲကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ တံခါးပိတ်အစည်းအဝေးကျင်းပဖို့ စီစဉ်နေချိန်မှာ ဒီလို ထုတ်ပြန်တောင်းဆိုခဲ့တာလည်း ဖြစ်ပါတယ်။


ဒီထုတ်ပြန်တောင်းဆိုချက်ကို မြန်မာနိုင်ငံက တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ Amnesty International ၊ Fortify Rights နဲ့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ ပါလီမန်အမတ်များအဖွဲ့ အပါအဝင် အဖွဲ့အစည်းပေါင်း ၂၈၆ ဖွဲ့က လက်မှတ်ရေးထိုးခဲ့တာလို့ သိရပါတယ်။

မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာမှု အခြေအနေ ဆိုးဝါးနေတာတွေနဲ့ မြန်မာပြည်သူတွေကို အရေးပေါ် အကာကွယ်ပေးဖို့ လိုအပ်နေတာတွေကို အခု ကျင်းပမယ့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးကနေ ဖြေရှင်းပေးဖို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်တပ်က အာဏာသိမ်းပြီး ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ နေ့စဉ်ရက်ဆက် ကျူးလွန်နေတာ တစ်နှစ်ခန့်ကြာလာပြီ ဖြစ်ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer

အခုအချိန်အထိ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ တံခါးပိတ်အစည်းဝေးတွေနဲ့ ကြေညာချက်တွေ ထုတ်ပြန်နေတာသာ ဆောင်ရွက်နေတာကြောင့် ထိရောက်တဲ့ လက်တွေ့ ဖြေရှင်းမှုတွေ လုပ်ဆောင်ရမယ်လို့လည်း တောင်းဆိုထားတာ တွေ့ရပါတယ်။

ဒါ့အပြင် လုံခြုံရေးကောင်စီအလှည့်ကျ ဥက္ကဋ္ဌနော်ဝေနိုင်ငံ၊ မြန်မာ့ဒီမိုကရေစီအရေးကို အားပေးထောက်ခံကြတဲ့ နိုင်ငံတွေအနေနဲ့ အခုလို စစ်တပ်အာဏာသိမ်း တစ်နှစ်ပြည့်အချိန်မှာ မြန်မာ့အရေးကို အခြေအတင် ဆွေနွေးကြဖို့နဲ့ တခြားအဖွဲ့ဝင်နိုင်ငံတွေ ဘက်ကလည်း လိုအပ်တဲ့ ကူညီပံ့ပိုးမှုတွေ လုပ်ဆောင်ပေးကြဖို့ ပန်ကြားထားပါတယ်။

ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn

ဒီကနေ့မှာ ကျင်းပမယ့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer နဲ့အတူ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn တို့လည်း တက်ရောက်ဆွေးနွေးမယ်လို့ သတင်းရရှိပါတယ်။

Zawgyi

အေရးေပၚ အေျခအေနအျဖစ္သေဘာထားၿပီး ျမန္မာျပည္သူေတြကို ကာကြယ္ေပးဖို႔ ကုလလုံျခဳံေရးကာင္စီကို အဖြဲ႕အစည္း ၃၀၀ ခန္႔ ေတာင္းဆို

ဇန္နဝါရီ ၂၈

ကုလသမဂၢ လုံျခဳံေရးေကာင္စီအေနနဲ႔ ျမန္မာ့အေရးကို အထူးအေရးေပၚ အေျခအေနတစ္ရပ္အျဖစ္ သေဘာထားဖို႔နဲ႔ ျမန္မာျပည္သူေတြကို အေရးေပၚအကာအကြယ္ေပးဖို႔ လိုအပ္ေနေၾကာင္း အရပ္ဖက္လူမႈအဖြဲ႕အစည္းေတြနဲ႔ လူ႔အခြင့္အေရးအဖြဲ႕ေတြ အပါအဝင္ အဖြဲ႕အစည္းေပါင္း ၃၀၀ နီးပါးက ပူးတြဲေၾကညာခ်က္ ထုတ္ျပန္ ေတာင္းဆိုလိုက္ပါတယ္။

ျမန္မာ့အေရးနဲ႔ပတ္သက္ၿပီး ကုလသမဂၢလုံျခဳံေရးေကာင္စီမွာ တံခါးပိတ္အစည္းအေဝးက်င္းပဖို႔ စီစဥ္ေနခ်ိန္မွာ ဒီလို ထုတ္ျပန္ေတာင္းဆိုခဲ့တာလည္း ျဖစ္ပါတယ္။

ဒီထုတ္ျပန္ေတာင္းဆိုခ်က္ကို ျမန္မာနိုင္ငံက တိုင္းရင္းသားအဖြဲ႕အစည္းေတြ၊ Amnesty International ၊ Fortify Rights နဲ႔ လူ႔အခြင့္အေရးဆိုင္ရာ အာဆီယံ ပါလီမန္အမတ္မ်ားအဖြဲ႕ အပါအဝင္ အဖြဲ႕အစည္းေပါင္း ၂၈၆ ဖြဲ႕က လက္မွတ္ေရးထိုးခဲ့တာလို႔ သိရပါတယ္။

ျမန္မာနိုင္ငံအတြင္း လူသားခ်င္းစာနာမႈ အေျခအေန ဆိုးဝါးေနတာေတြနဲ႔ ျမန္မာျပည္သူေတြကို အေရးေပၚ အကာကြယ္ေပးဖို႔ လိုအပ္ေနတာေတြကို အခု က်င္းပမယ့္ ကုလသမဂၢလုံျခဳံေရးေကာင္စီ အစည္းအေဝးကေန ေျဖရွင္းေပးဖို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

စစ္တပ္က အာဏာသိမ္းၿပီး ျပည္သူေတြအေပၚ အၾကမ္းဖက္မႈေတြ ေန႔စဥ္ရက္ဆက္ က်ဴးလြန္ေနတာ တစ္ႏွစ္ခန္႔ၾကာလာၿပီ ျဖစ္ပါတယ္။ အခုအခ်ိန္အထိ ကုလသမဂၢလုံျခဳံေရးေကာင္စီ အဖြဲ႕ဝင္ နိုင္ငံေတြအေနနဲ႔ တံခါးပိတ္အစည္းေဝးေတြနဲ႔ ေၾကညာခ်က္ေတြ ထုတ္ျပန္ေနတာသာ ေဆာင္ရြက္ေနတာေၾကာင့္ ထိေရာက္တဲ့ လက္ေတြ႕ ေျဖရွင္းမႈေတြ လုပ္ေဆာင္ရမယ္လို႔လည္း ေတာင္းဆိုထားတာ ေတြ႕ရပါတယ္။

ဒါ့အျပင္ လုံျခဳံေရးေကာင္စီအလွည့္က် ဥကၠ႒ေနာ္ေဝနိုင္ငံ၊ ျမန္မာ့ဒီမိုကေရစီအေရးကို အားေပးေထာက္ခံၾကတဲ့ နိုင္ငံေတြအေနနဲ႔ အခုလို စစ္တပ္အာဏာသိမ္း တစ္ႏွစ္ျပည့္အခ်ိန္မွာ ျမန္မာ့အေရးကို အေျခအတင္ ေဆြေႏြးၾကဖို႔နဲ႔ တျခားအဖြဲ႕ဝင္နိုင္ငံေတြ ဘက္ကလည္း လိုအပ္တဲ့ ကူညီပံ့ပိုးမႈေတြ လုပ္ေဆာင္ေပးၾကဖို႔ ပန္ၾကားထားပါတယ္။

ဒီကေန႔မွာ က်င္းပမယ့္ ကုလသမဂၢ လုံျခဳံေရးေကာင္စီ အစည္းအေဝးကို ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ရဲ့ ျမန္မာနိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Noeleen Heyzer နဲ႔အတူ ျမန္မာနိုင္ငံဆိုင္ရာ အာဆီယံအထူးကိုယ္စားလွယ္ ကေမၻာဒီးယား နိုင္ငံျခားေရးဝန္ႀကီး Prak Sokhonn တို႔လည္း တက္ေရာက္ေဆြးေႏြးမယ္လို႔ သတင္းရရွိပါတယ္။