ၾကားသိသမွ်

စစ်ခေါင်းဆောင်တွေကို ပိတ်ဆို့အရေးယူခြင်းအစား နိုင်ငံတကာတရားရုံးကို လွှဲပြောင်းရမယ်လို့ AI တောင်းဆို

စစ်ခေါင်းဆောင်တွေကို ပိတ်ဆို့အရေးယူခြင်းအစား နိုင်ငံတကာတရားရုံးကို လွှဲပြောင်းရမယ်လို့ AI တောင်းဆို

ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို ပစ်မှတ်ထား ပိတ်ဆို့အရေးယူ တာတွေအ စား နိုင်ငံတကာတရားရုံးကို လွှဲပြောင်းရမယ်လို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့( AI ) ကတောင်းဆိုလိုက်ပါတယ်။

မြန်မာ့အရေး နိုင်ငံတကာရဲ့ အရေးယူဆောင်ရွက်မှုတွေ နှောင့်နှေးကြန့်ကြာနေတဲ့အပေါ် AI က ကြေညာချက်ထုတ်ပြန် ဝေဖန်ရာမှာ အဲဒီလိုဖော်ပြထားပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့နှောင့်နေးမှုတွေကို ရပ်တန့်ပစ်ရမှာဖြစ်သလို ကမ္ဘာ့လက်နက်ဝယ်ယူခွင့် ပိတ်ဆို့ဒဏ်ခတ်တာတာတွေအစားစစ်ခေါင်းဆောင်တွေကို နိုင်ငံတကာတရားရုံးကို လွှဲပြောင်းရမယ်လို့ လည်းAI ကပြောပါတယ်။

အာဆီယံအနေနဲ့လည်း အရပ်သားတွေအပေါ် အကြမ်းဖက်တိုက်ခိုက်တာတွေ ချက်ချင်းရပ်တန့်ဖို့ စစ်တပ်ကို တောင်းဆိုတာ၊ အာဆီယံဘုံ သဘောတူညီချက် ငါးရပ်ကို ရှင်းလင်းတိကျတဲ့ အချိန်သတ်မှတ်ချက်ထား အကောင်အထည်ဖော်ရေးနဲ့ လူသားချင်းစာနာမှုအကူအညီတွေပိတ်ဆို့ထားတာတွေကို ရပ်တန့်ဖို့ မြန်မာစစ်တပ်ကို ဖိအားပေးတာတွေ ဆောင်ရွက်သင့်တယ်လို့လည်း AI ကထုတ်ပြန်ပါတယ်။

AI အဖွဲ့ရဲ့အခုလို ထုတ်ပြန်ချက်ဟာ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို ထင်ဟပ်တယ်လို့ ရန်ကုန်အခြေစိုက် နိုင်ငံ ရေးသုံးသပ်သူတစ်ဦးကပြောပါတယ်။

‘ကုလသမဂ္ဂရဲ့ နောက်ဆက်တွဲအရေးယူမှုမပါတဲ့ ပြင်းထန်စွာပြစ်တင်ရှုတ်ချတယ်ဆိုတာတွေ၊ဝမ်းနည်းရပါ တယ်ဆိုတာတွေကို မြန်မာပြည်သူတွေစိတ်ကုန်နေတာကြာပါပြီ။ကုလဟာ အသံသာကျယ်ပြီး အဆန်မရှိတဲ့ အပေါ် မြန်မာပြည်သူတွေစိတ်ပျက်နေကြပြီ။မြန်မာပြည်သူတွေကို ပစ်မှတ်ထားသတ်ပစ်နေတာတွေကို ကုလ သမဂ္ဂက မြင်ပေမဲ့ မသိချင်ယောင်ဆောင်နေတဲ့အပေါ် ကုလရဲ့ အခန်းကဏ္ဍကို မြန်မာပြည်သူတွေ မေးခွန်း ထုတ်နေကြပါပြီ။အဲဒီလိုပဲအာဆီယံရဲ့ အချိန်ကန့်သတ်ချက်မပါတဲ့ မူ၅ချက်အပေါ်လည်း မြန်မာပြည်သူတွေ စိတ်ပျက်ရပါတယ်’လို့ သူကဆိုပါတယ်။

မြန်မာစစ်တပ်ရဲ့ စိုးရိမ်စရာကောင်းတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဆောင်ရွက်ချက်တွေ ကြန့်ကြာနေဦးမယ်ဆိုရင် လူ့အခွင့်အရေးဆိုင်ရာ အကျပ်အတည်းဟာ ပိုဆိုးရွားလာမယ်လို့ AI ရဲ့ဒေသဆိုင်ရာ ဒုတိယ ညွှန်ကြားရေးမှူး Ming Yu Hahက ပြောပါတယ်။

‘အကျိုးဆက်ကတော့ စစ်တပ်ဟာ ပြစ်ဒဏ်ကင်းလွတ်ခွင့် ရနေပြီး သူ့အမိန့်ကိုဆန့်ကျင်တဲ့ ဘယ်သူ့ကိုမဆို သုတ်သင်ရှင်းလင်းတာတွေကို မျက်နှာပြောင်တိုက်ပြီး တိုးပြီးတော့ ဆောင်ရွက်လာတယ်’ လို့ သူကပြော ပါတယ်။

Zawgyi

စစ္ေခါင္းေဆာင္ေတြကို ပိတ္ဆို႔အေရးယူျခင္းအစား နိုင္ငံတကာတရား႐ုံးကို လႊဲေျပာင္းရမယ္လို႔ AI ေတာင္းဆို

ကုလသမဂၢလုံျခဳံေရးေကာင္စီအေနနဲ႔ ျမန္မာစစ္ေခါင္းေဆာင္ေတြကို ပစ္မွတ္ထား ပိတ္ဆို႔အေရးယူ တာေတြအ စား နိုင္ငံတကာတရား႐ုံးကို လႊဲေျပာင္းရမယ္လို႔ နိုင္ငံတကာလြတ္ၿငိမ္းခ်မ္းသာခြင့္အဖြဲ႕( AI ) ကေတာင္းဆိုလိုက္ပါတယ္။

ျမန္မာ့အေရး နိုင္ငံတကာရဲ့ အေရးယူေဆာင္ရြက္မႈေတြ ေႏွာင့္ေႏွးၾကန႔္ၾကာေနတဲ့အေပၚ AI က ေၾကညာခ်က္ထုတ္ျပန္ ေဝဖန္ရာမွာ အဲဒီလိုေဖာ္ျပထားပါတယ္။

ကုလသမဂၢလုံျခဳံေရးေကာင္စီရဲ့ေႏွာင့္ေနးမႈေတြကို ရပ္တန႔္ပစ္ရမွာျဖစ္သလို ကမၻာ့လက္နက္ဝယ္ယူခြင့္ ပိတ္ဆို႔ဒဏ္ခတ္တာတာေတြအစားစစ္ေခါင္းေဆာင္ေတြကို နိုင္ငံတကာတရား႐ုံးကို လႊဲေျပာင္းရမယ္လို႔ လည္းAI ကေျပာပါတယ္။

အာဆီယံအေနနဲ႔လည္း အရပ္သားေတြအေပၚ အၾကမ္းဖက္တိုက္ခိုက္တာေတြ ခ်က္ခ်င္းရပ္တန႔္ဖို႔ စစ္တပ္ကို ေတာင္းဆိုတာ၊ အာဆီယံဘုံ သေဘာတူညီခ်က္ ငါးရပ္ကို ရွင္းလင္းတိက်တဲ့ အခ်ိန္သတ္မွတ္ခ်က္ထား အေကာင္အထည္ေဖာ္ေရးနဲ႔ လူသားခ်င္းစာနာမႈအကူအညီေတြပိတ္ဆို႔ထားတာေတြကို ရပ္တန႔္ဖို႔ ျမန္မာစစ္တပ္ကို ဖိအားေပးတာေတြ ေဆာင္ရြက္သင့္တယ္လို႔လည္း AI ကထုတ္ျပန္ပါတယ္။

AI အဖြဲ႕ရဲ့အခုလို ထုတ္ျပန္ခ်က္ဟာ ျမန္မာျပည္သူေတြရဲ့ ဆႏၵကို ထင္ဟပ္တယ္လို႔ ရန္ကုန္အေျခစိုက္ နိုင္ငံ ေရးသုံးသပ္သူတစ္ဦးကေျပာပါတယ္။

‘ကုလသမဂၢရဲ့ ေနာက္ဆက္တြဲအေရးယူမႈမပါတဲ့ ျပင္းထန္စြာျပစ္တင္ရႈတ္ခ်တယ္ဆိုတာေတြ၊ဝမ္းနည္းရပါ တယ္ဆိုတာေတြကို ျမန္မာျပည္သူေတြစိတ္ကုန္ေနတာၾကာပါၿပီ။ကုလဟာ အသံသာက်ယ္ၿပီး အဆန္မရွိတဲ့ အေပၚ ျမန္မာျပည္သူေတြစိတ္ပ်က္ေနၾကၿပီ။ျမန္မာျပည္သူေတြကို ပစ္မွတ္ထားသတ္ပစ္ေနတာေတြကို ကုလ သမဂၢက ျမင္ေပမဲ့ မသိခ်င္ေယာင္ေဆာင္ေနတဲ့အေပၚ ကုလရဲ့ အခန္းက႑ကို ျမန္မာျပည္သူေတြ ေမးခြန္း ထုတ္ေနၾကပါၿပီ။အဲဒီလိုပဲအာဆီယံရဲ့ အခ်ိန္ကန႔္သတ္ခ်က္မပါတဲ့ မူ၅ခ်က္အေပၚလည္း ျမန္မာျပည္သူေတြ စိတ္ပ်က္ရပါတယ္’လို႔ သူကဆိုပါတယ္။

ျမန္မာစစ္တပ္ရဲ့ စိုးရိမ္စရာေကာင္းတဲ့ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြအေပၚ နိုင္ငံတကာအသိုင္းအဝိုင္းရဲ့ ေဆာင္ရြက္ခ်က္ေတြ ၾကန႔္ၾကာေနဦးမယ္ဆိုရင္ လူ႔အခြင့္အေရးဆိုင္ရာ အက်ပ္အတည္းဟာ ပိုဆိုးရြားလာမယ္လို႔ AI ရဲ့ေဒသဆိုင္ရာ ဒုတိယ ညႊန္ၾကားေရးမႉး Ming Yu Hahက ေျပာပါတယ္။

‘အက်ိဳးဆက္ကေတာ့ စစ္တပ္ဟာ ျပစ္ဒဏ္ကင္းလြတ္ခြင့္ ရေနၿပီး သူ႔အမိန႔္ကိုဆန႔္က်င္တဲ့ ဘယ္သူ႔ကိုမဆို သုတ္သင္ရွင္းလင္းတာေတြကို မ်က္ႏွာေျပာင္တိုက္ၿပီး တိုးၿပီးေတာ့ ေဆာင္ရြက္လာတယ္’ လို႔ သူကေျပာ ပါတယ္။