ၾကားသိသမွ်

မြန်မာ့အရေးကိုပိုမိုထိရောက်စွာကူညီဖို့ မဟာမိတ်တွေနဲ့ လက်တွဲကြိုးစားနေတယ်လို့ အမေရိကန်ပြော

မြန်မာ့အရေးကိုပိုမိုထိရောက်စွာကူညီဖို့ မဟာမိတ်တွေနဲ့ လက်တွဲကြိုးစားနေတယ်လို့ အမေရိကန်ပြော

အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာ့အရေးကိုပိုမိုထိရောက်စွာ ကူညီနိုင်ဖို့ မဟာမိတ်နိုင်ငံတွေနဲ့အတူ လက်တွဲကြိုးစားနေကြောင်းအမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် Derek Chollet က ပြော ပါတယ်။

ဇန်နဝါရီလ ၂၇ ရက်နေ့မှာ အမျိုးသားညီညွှတ်ရေးအစိုးရယာယီသမ္မတ ဒူဝါလရှီလ ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင် နဲ့အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးအတိုင်ပင်ခံပုဂ္ဂိုလ် Derek Chollet ၊

အရှေ့အာရှနှင့် ပိစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kin Wah Moy တို့ အွန်လိုင်းကနေတစ်ဆင့်တွေ့ဆုံစဉ် Derek Chollet က အဲဒီလိုပြောကြားခဲ့တာပါ။

အမျိုးသားညီညွတ်ရေးအစိုးရကလည်း အမေရိကန်အစိုးရအနေနဲ့ မြန်မာ့အရေးအတွက် ပိုမိုထိရောက်စွာ ဆက်လက်ကူညီပံ့ပိုးပေးဖို့ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

တစ်နာရီကြာတွေ့ဆုံဆွေးနွေးမှုမှာအမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ လက်ရှိ မြေပြင်မှာတွေ့ကြုံနေရတဲ့ စိန်ခေါ်မှုတွေ၊ လူသားချင်းစာနာထောက်ပံ့ရေး၊တိုင်းရင်းသားအင်အားစု အဖွဲ့အသီးသီးနဲ့ ချိတ်ဆက်ဆောင်ရွက်နေမှု၊

လက်ရှိ နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်ဖို့ အာဆီယံ နဲ့ ကုလအထူးသံကိုယ်စားလှယ်တို့ ကြိုးပမ်းဆောင်ရွက်နေတဲ့လုပ်ငန်းစဉ်တွေအပေါ် ဆွေးနွေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရကထုတ်ပြန်ပါတယ်။

Zawgyi

ျမန္မာ့အေရးကိုပိုမိုထိေရာက္စြာကူညီဖို႔ မဟာမိတ္ေတြနဲ႔ လက္တြဲႀကိဳးစားေနတယ္လို႔ အေမရိကန္ေျပာ

အေမရိကန္ျပည္ေထာင္စုအေနနဲ႔ ျမန္မာ့အေရးကိုပိုမိုထိေရာက္စြာ ကူညီနိုင္ဖို႔ မဟာမိတ္နိုင္ငံေတြနဲ႔အတူ လက္တြဲႀကိဳးစားေနေၾကာင္းအေမရိကန္နိုင္ငံျခားေရးဝန္ႀကီးဌာန အတိုင္ပင္ခံပုဂၢိဳလ္ Derek Chollet က ေျပာ ပါတယ္။

ဇန္နဝါရီလ ၂၇ ရက္ေန႔မွာ အမ်ိဳးသားညီညႊတ္ေရးအစိုးရယာယီသမၼတ ဒူဝါလရွီလ ၊ ျပည္ေထာင္စုဝန္ႀကီးခ်ဳပ္ မန္းဝင္းခိုင္သန္း၊ နိုင္ငံျခားေရးဝန္ႀကီးေဒၚဇင္မာေအာင္ နဲ႔အေမရိကန္ျပည္ေထာင္စု နိုင္ငံျခားေရးအတိုင္ပင္ခံပုဂၢိဳလ္ Derek Chollet ၊ အေရွ႕အာရွႏွင့္ ပိစိဖိတ္ေရးရာ လက္ေထာက္နိုင္ငံျခားေရးဝန္ႀကီး Kin Wah Moy တို႔ အြန္လိုင္းကေနတစ္ဆင့္ေတြ႕ဆုံစဥ္ Derek Chollet က အဲဒီလိုေျပာၾကားခဲ့တာပါ။

အမ်ိဳးသားညီညြတ္ေရးအစိုးရကလည္း အေမရိကန္အစိုးရအေနနဲ႔ ျမန္မာ့အေရးအတြက္ ပိုမိုထိေရာက္စြာ ဆက္လက္ကူညီပံ့ပိုးေပးဖို႔ေဆြးေႏြးခဲ့ေၾကာင္း ထုတ္ျပန္ထားပါတယ္။

တစ္နာရီၾကာေတြ႕ဆုံေဆြးေႏြးမႈမွာအမ်ိဳးသားညီညြတ္ေရးအစိုးရအေနနဲ႔ လက္ရွိ ေျမျပင္မွာေတြ႕ၾကဳံေနရတဲ့ စိန္ေခၚမႈေတြ၊ လူသားခ်င္းစာနာေထာက္ပံ့ေရး၊တိုင္းရင္းသားအင္အားစု အဖြဲ႕အသီးသီးနဲ႔ ခ်ိတ္ဆက္ေဆာင္ရြက္ေနမႈ၊

လက္ရွိ နိုင္ငံေရးအက်ပ္အတည္းကို ေက်ာ္လႊားနိုင္ဖို႔ အာဆီယံ နဲ႔ ကုလအထူးသံကိုယ္စားလွယ္တို႔ ႀကိဳးပမ္းေဆာင္ရြက္ေနတဲ့လုပ္ငန္းစဥ္ေတြအေပၚ ေဆြးေႏြးခဲ့တယ္လို႔ အမ်ိဳးသားညီညြတ္ေရးအစိုးရကထုတ္ျပန္ပါတယ္။