ၾကားသိသမွ်

ဘန်ကာပြုလုပ်ရန် သောင်ပြင်တွင်သဲလာကျုံးသောစကစ(၇)ဦးခန့် ချင်းတွင်းနဂါးသိုက်ထဲမှ နဂါးဥ(၁)လုံးကို တည့်တည့်ကြီး နင်းမိ

ချင်းတွင်းမြစ်အတွင်း ယမ်းနှင့် ခဲယမ်းတင်ဆောင်

စကစရေယာဉ်(၈)စီး အုပ်စုသည်

ယနေ့ ဇန္နဝါရီ(၂၇)နံနက် (၈:၄၅)အချိန်က

ဘုမ္မဇင်း အထက် သောင်ပြင်ပါး မှ စတင်ဆန်တက်လာရာ

ဘုမ္မဇင်း နှင့် ပဲကင်း ရွာ အကြား နေရာအချို့၌

ပကဖ အဖွဲ့အချို့နှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကြောင်း/

နံနက်(၁၀)နာရီ ခန့်တွင် ကင်းစံပြအုပ်စု/ ပဲကင်း အရှေ့ရွာအနီး သောင်ပြင် ပါးအရပ်

သင်္ဂတုံချောင်းနှင့် ချင်းတွင်းမြစ်ဆုံဆည်းရာ အရပ်တွင် ဆိုက်ကပ်ရပ်နားကြောင်း/


နံနက်(၁၁:၃၀)အချိန်တွင် စကစရေယာဉ်များပေါ်မှ

စကစ(၇)ဦးခန့်သည် သောင်ပြင်ထဲတွင် (ဘန်ကာသဲအိတ်များပျက်ဆီးနေသဖြင့် ပြန်လည်ဖြည့်တင်းရန်)သဲလာကျုံးရာ

ဒေသ ကာကွယ်ရေးအဖွဲ့ (ပကဖ)/ B-21 PDF(Kani)

Chindwin(dragon)PDF(kani)ချင်းတွင်းနွေဦးတော်လှန်ရေးအင်အားစု မဟူရာချင်းတွင်းPDF

တို့၏ ချင်းတွင်းနဂါးသိုက်ထဲမှ နဂါးဥ(၁)လုံးကို တည့်တည့်ကြီး နင်းမိ ခလုတ်တိုက်မိသဖြင့်

စကစ(၁)ဦး(အတိအကျ) လေထဲသို့(2.1မီတာခန့်)မြောက်တက်သွားပြီး ချင်းတွင်းနဂါး မျက်စောင်းမိသွားခဲ့ပြီး အခြား (၅)ဦးမှာ ဒဏ်ရာရ ရှိ

သည်ဟု


မျက်မြင်တွေ့ရှိသူ က ပြောကြားလာပါကြောင်း/အဆိုပါ စကစများသည် နေ့လည်(၃)နာရီအချိန်က

အနီးအနား ဒေသများသို့ လက်နက်ကြီးငယ်များဖြင့်ခြောက်လှန့်ပစ်ခတ်ကြကြောင်း/

(ထူးခြားချက်မှာ- ညားခါစ ဇနီးမောင်နှံကဲ့သို့ အမြဲ တပူးပူးတတွဲတွဲ နေလေ့ရှိသော အောင်ဆုဆုမွန်

အမြန်ယာဉ်(၂)စီးသည် ယနေ့ ချင်းတွင်းမြစ်ကြောင်း နဂါးဖူးခရီးစဉ်တွင် အနည်းငယ်စိတ်ကောက်နေသည့် ချစ်သူ(၂)ဦးကဲ့သို့

ရှေ့ဆုံးမှ (၁)စီး နောက်ဆုံးမှ(၁)စီး အားဖြင့် ခွဲခွါလျက်ဆန်တက်ကြောင်း သိရပါသည်/

ဇန္နဝါရီ(၂၇)

#ချင်းတွင်းချစ်သူ

ပုံ-သင်္ဂတုံချောင်း နှင့် ချင်းတွင်းမြစ်ပေါင်းဆုံရာအရပ်၌နားခိုနေသော စကစရေယာဉ်(၈)စီး

Photo-ချင်းတွင်းနွေဦးတော်လှန်ရေးအင်အားစု

Zawgyi















ဒဏ်ရာရ ရှိသည်ဟု






ဇန္နဝါရီ(၂၇)

#ချင်းတွင်းချစ်သူ

