ၾကားသိသမွ်

ပြည်သူ့ညီလာခံက နွေဦးတော်လှန်ရေးအတွက် အရေးကြီးလှသည့် အလှည့် အပြောင်း အချိုးအကွေ့ ဖြစ်ကြောင်း ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြား

ပြည်သူ့ညီလာခံက နွေဦးတော်လှန်ရေးအတွက် အရေးကြီးလှသည့် အလှည့် အပြောင်း အချိုးအကွေ့ ဖြစ်ကြောင်း ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြား

ဇန်နဝါရီ၊၂၇ ရက်

ပြည်သူ့ညီလာခံကို ပြုလုပ်နိုင်ခဲ့ခြင်းက နွေဦးတော်လှန်ရေးအတွက် အရေးကြီး လှသည့် အလှည့်အပြောင်း အချိုးအကွေ့ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီက ယနေ့ နံနက် ၉ နာရီတွင် ကျင်းပသည့် ပြည်သူ့ညီလာခံ အဖွင့်မိန့်ခွန်းမှာ ယာယီသမ္မတ ဒူဝါလရှီးလက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ပြည်သူ့ညီလာခံကြီးကို အခုလို ကျင်းပနိုင်တာဟာ နွေဦးတော်လှန်ရေးရဲ့ အရေးကြီးလှတဲ့ အလှည့်အပြောင်း အချိုးအကွေ့ဖြစ်ပြီး သမိုင်းမှာလည်း မော်ကွန်းဝင်ကျန်ရစ်မယ့် အစည်းအဝေး ကြီးဖြစ်တဲ့အတွက် အခုလို မိန့်ခွန်း ပြောခွင့်ရတာ အလွန်ပဲ ဝမ်းသာ ဂုဏ်ယူမိပါတယ်။

ဒီပြည်သူ့ ညီလာခံကြီးဟာ အကြမ်းဖက် စစ်အုပ်စုရဲ့ တိုင်းပြည်အာဏာကို လက်နက်အားကိုး မတရား သိမ်းယူဖို့ ကြိုးစားတဲ့ တစ်နှစ် ပြည့်လုဆဲဆဲ ကာလနဲ့ သွားရောက် တိုက်ဆိုင် နေတာလဲ ဖြစ်ပါတယ်။

စစ်အုပ်စုက ဘယ်လောက်ပဲ တိုင်းပြည်ကို အကြမ်း ဖက် အာဏာရယူဖို့ ကြိုးစားပေမဲ့ ပြည်သူလူထုက လက်မခံပဲ နည်းအမျိုးမျိုးနဲ့ ဆန့်ကျင်တွန်းလှန် နေတယ်ဆိုတဲ့ ပြယုဂ်တစ်ခုအဖြစ် ဒီပြည်သူ့ညီလာခံကြီးကို ကျင်းပနိုင်တဲ့ အတွက် နိုင်ငံရေးအနှစ်သာရ အားဖြင့် အလွန် အရေးကြီးလှ ပါတယ်။” ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

ဖက်ဒရယ်ဒီမိုကရေစီ ပဋိဉာဉ်တည်ဆောက်နိုင်ဖို့အတွက် ပါဝင်သည့် အစုအဖွဲ့ များဖြစ်သည့် ရွေးကောက်ခံ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်း သားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၊ ကြားကာလ ပြည်နယ်နှင့် ဖက်ဒရယ်ယူနစ် ကိုယ်စားပြုအဖွဲ့အစည်းများ၊ သမဂ္ဂများ၊ အမျိုးသမီး၊ လူငယ် နှင့် လူနည်းစုဆိုင်ရာ အဖွဲ့အစည်းများ အပါအဝင် အရပ်ဖက် အဖွဲ့အစည်းများ၊

အာဏာရှင်စနစ် ဆန့်ကျင်ရေး CDM လှုပ်ရှားမှုဆိုင်ရာ အဖွဲ့အစည်းများ၊ လူထု သပိတ် လှုပ်ရှားမှုဆိုင်ရာ အဖွဲ့အစည်းတွေ၏ စုပေါင်းညီညွတ်မှု၊ ညှိနှိုင်းတိုင် ပင်မှုနှင့် ဟန်ချက် ညီညီ ကြိုးပမ်းအားထုတ်မှုက အလွန်အရေးကြီးကြောင်း ယာယီသမ္မတကြီးက ပြောကြားသည်။

အဆိုပါ ညီလာခံကို ၃ ရက်ကြာ ကျင်းပမှာဖြစ်ပြီး ညီလာခံအပြီး သတင်းစာ ရှင်းလင်းပွဲအား ဇန်နဝါရီ ၃၀ ရက်နေ့၊ မွန်းလွဲ ၂ နာရီတွင် ပြုလုပ်မည်ဟု သိရှိရသည်။

Zawgyi

ျပည္သူ႔ညီလာခံက ေႏြဦးေတာ္လွန္ေရးအတြက္ အေရးႀကီးလွသည့္ အလွည့္ အေျပာင္း အခ်ိဳးအေကြ႕ ျဖစ္ေၾကာင္း ယာယီသမၼတ ဒူဝါလရွီးလ ေျပာၾကား

ဇန္နဝါရီ၊၂၇ ရက္

ျပည္သူ႔ညီလာခံကို ျပဳလုပ္နိုင္ခဲ့ျခင္းက ေႏြဦးေတာ္လွန္ေရးအတြက္ အေရးႀကီး လွသည့္ အလွည့္အေျပာင္း အခ်ိဳးအေကြ႕ျဖစ္ေၾကာင္း အမ်ိဳးသားညီညြတ္ေရး အစိုးရ၊ ယာယီသမၼတ ဒူဝါလရွီးလက ေျပာၾကားသည္။

အမ်ိဳးသားညီညြတ္ေရး အတိုင္ပင္ခံေကာင္စီက ယေန႔ နံနက္ ၉ နာရီတြင္ က်င္းပသည့္ ျပည္သူ႔ညီလာခံ အဖြင့္မိန႔္ခြန္းမွာ ယာယီသမၼတ ဒူဝါလရွီးလက ယင္းသို႔ ေျပာၾကားခဲ့ျခင္း ျဖစ္သည္။

“ျပည္သူ႔ညီလာခံႀကီးကို အခုလို က်င္းပနိုင္တာဟာ ေႏြဦးေတာ္လွန္ေရးရဲ့ အေရးႀကီးလွတဲ့ အလွည့္အေျပာင္း အခ်ိဳးအေကြ႕ျဖစ္ၿပီး သမိုင္းမွာလည္း ေမာ္ကြန္းဝင္က်န္ရစ္မယ့္ အစည္းအေဝး ႀကီးျဖစ္တဲ့အတြက္ အခုလို မိန႔္ခြန္း ေျပာခြင့္ရတာ အလြန္ပဲ ဝမ္းသာ ဂုဏ္ယူမိပါတယ္။

ဒီျပည္သူ႔ ညီလာခံႀကီးဟာ အၾကမ္းဖက္ စစ္အုပ္စုရဲ့ တိုင္းျပည္အာဏာကို လက္နက္အားကိုး မတရား သိမ္းယူဖို႔ ႀကိဳးစားတဲ့ တစ္ႏွစ္ ျပည့္လုဆဲဆဲ ကာလနဲ႔ သြားေရာက္ တိုက္ဆိုင္ ေနတာလဲ ျဖစ္ပါတယ္။ စစ္အုပ္စုက ဘယ္ေလာက္ပဲ တိုင္းျပည္ကို အၾကမ္း ဖက္ အာဏာရယူဖို႔ ႀကိဳးစားေပမဲ့ ျပည္သူလူထုက လက္မခံပဲ နည္းအမ်ိဳးမ်ိဳးနဲ႔ ဆန႔္က်င္တြန္းလွန္ ေနတယ္ဆိုတဲ့ ျပယုဂ္တစ္ခုအျဖစ္ ဒီျပည္သူ႔ညီလာခံႀကီးကို က်င္းပနိုင္တဲ့ အတြက္ နိုင္ငံေရးအႏွစ္သာရ အားျဖင့္ အလြန္ အေရးႀကီးလွ ပါတယ္။” ဟု ယာယီသမၼတ ဒူဝါလရွီးလက ေျပာၾကားသည္။

ဖက္ဒရယ္ဒီမိုကေရစီ ပဋိဉာဥ္တည္ေဆာက္နိုင္ဖို႔အတြက္ ပါဝင္သည့္ အစုအဖြဲ႕ မ်ားျဖစ္သည့္ ေရြးေကာက္ခံ ကိုယ္စားလွယ္မ်ား၊ နိုင္ငံေရးပါတီမ်ား၊ တိုင္းရင္း သားလက္နက္ကိုင္ ေတာ္လွန္ေရး အဖြဲ႕အစည္းမ်ား၊ ၾကားကာလ ျပည္နယ္ႏွင့္ ဖက္ဒရယ္ယူနစ္ ကိုယ္စားျပဳအဖြဲ႕အစည္းမ်ား၊ သမဂၢမ်ား၊ အမ်ိဳးသမီး၊ လူငယ္ ႏွင့္ လူနည္းစုဆိုင္ရာ အဖြဲ႕အစည္းမ်ား အပါအဝင္ အရပ္ဖက္ အဖြဲ႕အစည္းမ်ား၊

အာဏာရွင္စနစ္ ဆန႔္က်င္ေရး CDM လႈပ္ရွားမႈဆိုင္ရာ အဖြဲ႕အစည္းမ်ား၊ လူထု သပိတ္ လႈပ္ရွားမႈဆိုင္ရာ အဖြဲ႕အစည္းေတြ၏ စုေပါင္းညီညြတ္မႈ၊ ညႇိႏွိုင္းတိုင္ ပင္မႈႏွင့္ ဟန္ခ်က္ ညီညီ ႀကိဳးပမ္းအားထုတ္မႈက အလြန္အေရးႀကီးေၾကာင္း ယာယီသမၼတႀကီးက ေျပာၾကားသည္။

အဆိုပါ ညီလာခံကို ၃ ရက္ၾကာ က်င္းပမွာျဖစ္ၿပီး ညီလာခံအၿပီး သတင္းစာ ရွင္းလင္းပြဲအား ဇန္နဝါရီ ၃၀ ရက္ေန႔၊ မြန္းလြဲ ၂ နာရီတြင္ ျပဳလုပ္မည္ဟု သိရွိရသည္။