ၾကားသိသမွ်

သပိတ်ကျင်းနယ်တွင် စစ်​ကောင်စီ၏ ​ထောက်ပို့ယာဥ်တန်းကို တိုက်ခိုက်ရာ ​ ယာဥ်​​ခြောက်စီးထက်မနည်း ပျက်စီးဟုဆို

သပိတ်ကျင်းနယ်တွင် စစ်​ကောင်စီ၏ ​ထောက်ပို့ယာဥ်တန်းကို တိုက်ခိုက်ရာ ​သေဆုံးမှုများ၊ ယာဥ်​​ခြောက်စီးထက်မနည်း ပျက်စီးဟုဆို

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ အမှတ်(၁၃)တပ်မှ ထောက်ပို့ယာဥ် တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီယာဥ် ခြောက်စီးထက်မနည်းပျက်စီးကြောင်း ဒေသခံသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

ယနေ့(ဇန်နဝါရီ ၂၇ ရက်)နံနက် ၃နာရီခန့်တွင် အစီးရေ ၃၀ခန့်ပါရှိသော စစ်ကောင်စီယာဥ်တန်းကို ထီးချိုင့်မြို့ ပေါက်ကုန်း ၊ဇီးဖြူကျင်းနှင့် ဘိုတဲကုန်း အနီး နေရာငါးခု၌ မိုင်း ၁၂လုံးအပြင် လက်နက်များဖြင့် တိုကိခိုက်ခဲ့ခြင်းဖြစ်သည်။

“ဒေသခံ ပကဖလက်ရွေးစင်တွေရယ်၊KIA နဲ့ PDF တို့ ပူးပေါင်းလုပ်ဆောင်တာပါ။တော်တော်သေတယ်လို့ သိရပေမယ့် အရေအတွက် အတိအကျကို စုံစမ်းနေတယ်”ဟု ထီးချိုင့်ပြည်သူ့တပ်ဖွဲ့၏ သတင်း ထောက်ပို့တစ်ဦးက ပြောသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်ခံရသည့် အကြမ်းဖက်စစ်ကောင်စီ၏ ထောက်ပို့ယာဥ်တန်းသည် ကချင်ပြည် နယ် မိုးညှင်းမြို့ဘက်သို့ သွားရောက်မည် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

သို့သော် မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက်စစ်တပ်က ရမ်းသမ်းပစ်ခတ်သဖြင့် ပေါက်ကုန်းရွာ နေအိမ်အချို့ ထိမှန်ပျက်စီးခြင်း၊ရွာသစ်ကုန်းရွာသားတစ်ဦး ခြေထောက်ထိမှန်ဒဏ်ရာရရှိခဲ့သည်။

အလားတူ ရွာသစ်ကုန်းရွာနှင့် ပေါက်ကုန်းရွာဘက်သို့ အကြမ်းဖက်စစ်ကောင်စီတပ်က ဝင်ရောက်ရန် ပြင်ဆင်နေသည်ဟုလည်း ထီးချိုင့်မြို့နယ်နေသူတစ်ဦးက အတည်ပြုသည်။

“တော်တော်ကို အထိနာသွာတယ်။သူတို့ ယာဥ်တန်းတွေလည်း လောလောတယ် ဆက်မတက်နိုင်သေးဘူး။နောက်ပြီး စစ်ခွေးတွေအော်ညည်းတဲ့ အသံတွေပါ ကြားနေကြတယ်လို့လဲ ပြောသံကြားတယ်”ဟု ၎င်းက ရှင်းပြသည်။

ထီးချိုင့်မြို့နယ်သည် အကြမ်းဖက်စစ်ကောင်စီကို တော်လှန်ရာတွင် အားကောင်းသည့် မြို့နယ်တစ်ခုဖြစ်ပြီး ယခုလအတွင်းအကြမ်းဖက်စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်ခန့် ပြုလုပ်ထားသည်။

(ပုံအ​ဟောင်းကို အသုံးပြုထားပါသည်)

#လူထုနွေဦး

Zawgyi

သပိတ္က်င္းနယ္တြင္ စစ္​ေကာင္စီ၏ ​ေထာက္ပို႔ယာဥ္တန္းကို တိုက္ခိုက္ရာ ​ေသဆုံးမႈမ်ား၊ ယာဥ္​​ေျခာက္စီးထက္မနည္း ပ်က္စီးဟုဆို

မႏၲေလးတိုင္း သပိတ္က်င္းၿမိဳ႕နယ္ရွိ အၾကမ္းဖက္စစ္ေကာင္စီ၏ အမွတ္(၁၃)တပ္မွ ေထာက္ပို႔ယာဥ္ တန္းကို မိုင္းဆြဲတိုက္ခိုက္ရာ စစ္ေကာင္စီယာဥ္ ေျခာက္စီးထက္မနည္းပ်က္စီးေၾကာင္း ေဒသခံသတင္းရင္းျမစ္မ်ားက လူထုေႏြဦးသို႔ ေျပာသည္။

ယေန႔(ဇန္နဝါရီ ၂၇ ရက္)နံနက္ ၃နာရီခန္႔တြင္ အစီးေရ ၃၀ခန္႔ပါရွိေသာ စစ္ေကာင္စီယာဥ္တန္းကို ထီးခ်ိဳင့္ၿမိဳ႕ ေပါက္ကုန္း ၊ဇီးျဖဴက်င္းႏွင့္ ဘိုတဲကုန္း အနီး ေနရာငါးခု၌ မိုင္း ၁၂လုံးအျပင္ လက္နက္မ်ားျဖင့္ တိုကိခိုက္ခဲ့ျခင္းျဖစ္သည္။

“ေဒသခံ ပကဖလက္ေရြးစင္ေတြရယ္၊KIA နဲ႔ PDF တို႔ ပူးေပါင္းလုပ္ေဆာင္တာပါ။ေတာ္ေတာ္ေသတယ္လို႔ သိရေပမယ့္ အေရအတြက္ အတိအက်ကို စုံစမ္းေနတယ္”ဟု ထီးခ်ိဳင့္ျပည္သူ႔တပ္ဖြဲ႕၏ သတင္း ေထာက္ပို႔တစ္ဦးက ေျပာသည္။

အဆိုပါ မိုင္းဆြဲတိုက္ခိုက္ခံရသည့္ အၾကမ္းဖက္စစ္ေကာင္စီ၏ ေထာက္ပို႔ယာဥ္တန္းသည္ ကခ်င္ျပည္ နယ္ မိုးညႇင္းၿမိဳ႕ဘက္သို႔ သြားေရာက္မည္ ျဖစ္ေၾကာင္းလည္း ၎က ဆိုသည္။

သို႔ေသာ္ မိုင္းဆြဲတိုက္ခိုက္ခံရမႈေၾကာင့္ အၾကမ္းဖက္စစ္တပ္က ရမ္းသမ္းပစ္ခတ္သျဖင့္ ေပါက္ကုန္းရြာ ေနအိမ္အခ်ိဳ႕ ထိမွန္ပ်က္စီးျခင္း၊ရြာသစ္ကုန္းရြာသားတစ္ဦး ေျခေထာက္ထိမွန္ဒဏ္ရာရရွိခဲ့သည္။

အလားတူ ရြာသစ္ကုန္းရြာႏွင့္ ေပါက္ကုန္းရြာဘက္သို႔ အၾကမ္းဖက္စစ္ေကာင္စီတပ္က ဝင္ေရာက္ရန္ ျပင္ဆင္ေနသည္ဟုလည္း ထီးခ်ိဳင့္ၿမိဳ႕နယ္ေနသူတစ္ဦးက အတည္ျပဳသည္။

“ေတာ္ေတာ္ကို အထိနာသြာတယ္။သူတို႔ ယာဥ္တန္းေတြလည္း ေလာေလာတယ္ ဆက္မတက္နိုင္ေသးဘူး။ေနာက္ၿပီး စစ္ေခြးေတြေအာ္ညည္းတဲ့ အသံေတြပါ ၾကားေနၾကတယ္လို႔လဲ ေျပာသံၾကားတယ္”ဟု ၎က ရွင္းျပသည္။

ထီးခ်ိဳင့္ၿမိဳ႕နယ္သည္ အၾကမ္းဖက္စစ္ေကာင္စီကို ေတာ္လွန္ရာတြင္ အားေကာင္းသည့္ ၿမိဳ႕နယ္တစ္ခုျဖစ္ၿပီး ယခုလအတြင္းအၾကမ္းဖက္စစ္ေကာင္စီဘက္မွ ေလေၾကာင္းတိုက္ခိုက္မႈ သုံးႀကိမ္ခန္႔ ျပဳလုပ္ထားသည္။

(ပုံအ​ေဟာင္းကို အသုံးျပဳထားပါသည္)

#လူထုေႏြဦး