ၾကားသိသမွ်

Woodside သဘာဝဓာတ်ငွေ့ကုမ္ပဏီ မြန်မာနိုင်ငံကနေ ထွက်ခွာမယ်

Woodside သဘာဝဓာတ်ငွေ့ကုမ္ပဏီ မြန်မာနိုင်ငံကနေ ထွက်ခွာမယ်

ဩစတြေးလျ ရေနဲ့နဲ့ သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေးကုမ္ပဏီ Woodside Petroleum Ltd ဟာ မြန်မာနိုင်ငံကနေ ထွက်ခွာတော့မယ်လို့ ဒီနေ့ ဇန်နဝါရီလ ၂၇ရက်နေ့ မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး ၁နှစ်နီးပါအကြာမှာတော့ လူ့အခွင့်အရေးချိုးဖောက်မှု အခြေအတွေကြောင့် နိုင်ငံတွင်း လည်ပတ်နေတဲ့ လုပ်ငန်းတွေကို ရပ်ဖို့ ဆုံးဖြတ်လိုက်တာလို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ဆယ်စုနှစ်၃ခုနီးပါးကြာလုပ်ကိုင်ခဲ့တဲ့ ပြင်သစ်ရေနံကုမ္ပဏီ Total နဲ့ အမေရိကန်ရေနံ ကုမ္ပဏီ Chevron တို့ ဟာ သူတို့ရဲ့ရင်းနှီး မြှုပ်နှံမှုတွေကို ပြန်လည်ရုပ်သိမ်းတော့မယ်လို့ ထုတ်ပြန်ပြီး မကြာခင်မှာပဲ မြန်မာနိုင်ငံတွင်း ကမ်းလွန်ရှာဖွေရေး လုပ်ငန်းတွေထဲက အကြီးဆုံးတခုဖြစ်တဲ့ Woodside ဟာလည်း အခုလို ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

ဒါဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ အဓိက ဝင်ငွေရလမ်းကို ပိုအထိနာစေလိမ့်မယ်လို့လည်း လေ့လာသုံးသပ်သူတွေက မှတ်ချက်ပြုကြပါတယ်။

လက်ရှိမှာတော့ Woodside Petroleum ကုမ္ပဏီဟာ အကြမ်းဖက်စစ်အုပ်စုပိုင် မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့က ပိုင်ဆိုင်တဲ့ တူးဖော်ရေး လုပ်ငန်းတွေကနေ ထွက်ဖို့ တရားဝင် လုပ်ငန်းစဉ်တွေ စတင်လုပ်ဆောင်တော့မယ်လို့ ဆိုပါတယ်။

“မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် A-6 သဘာဝဓာတ်ငွေ့ အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ နိုင်ငံတွင်း တခြားနောက်ထပ် လုပ်ငန်းတွေမှာ Woodside အနေနဲ့ ဆက်ပြီး ပူးပေါင်းပါဝင်ဖို့ ထည့်မစဉ်းစားနိုင်တော့ဘူး။”လို့ Woodside ရဲ့ အမှုဆောင်အရာရှိချုပ် Meg O’Neill က ပြောပါတယ်။

Woodside ဟာ မြန်မာနိုင်ငံကို ၂၀၁၃ ခုနှစ်က စတင်ဝင်ရောက်ခဲ့ပြီး ဓာတ်ငွေ့ရှာဖွေတွေ့ရှိမှု အများအပြားကို ပြည်တွင်းဈေးကွက်ကို ထောက်ပံ့ဖို့နဲ့ အိမ်နီးချင်း ထိုင်းနှင့် တရုတ်နိုင်ငံကို ဖြန့်ဖြူးဖို့ ရည်ရွယ်ခဲ့တယ်လို့ သိရပါတယ်။

Zawgyi

Woodside သဘာဝဓာတ္ေငြ႕ကုမၸဏီ ျမန္မာနိုင္ငံကေန ထြက္ခြာမယ္

ဩစေၾတးလ် ေရနဲ႔နဲ႔ သဘာဝဓာတ္ေငြ႕ထုတ္လုပ္ေရးကုမၸဏီ Woodside Petroleum Ltd ဟာ ျမန္မာနိုင္ငံကေန ထြက္ခြာေတာ့မယ္လို႔ ဒီေန႔ ဇန္နဝါရီလ ၂၇ရက္ေန႔ မွာ ထုတ္ျပန္ေၾကညာလိုက္ပါတယ္။

ျမန္မာနိုင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီး ၁ႏွစ္နီးပါအၾကာမွာေတာ့ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈ အေျခအေတြေၾကာင့္ နိုင္ငံတြင္း လည္ပတ္ေနတဲ့ လုပ္ငန္းေတြကို ရပ္ဖို႔ ဆုံးျဖတ္လိုက္တာလို႔ သိရပါတယ္။

ျမန္မာနိုင္ငံမွာ ဆယ္စုႏွစ္၃ခုနီးပါးၾကာလုပ္ကိုင္ခဲ့တဲ့ ျပင္သစ္ေရနံကုမၸဏီ Total နဲ႔ အေမရိကန္ေရနံ ကုမၸဏီ Chevron တို႔ ဟာ သူတို႔ရဲ့ရင္းႏွီး ျမႇုပ္ႏွံမႈေတြကို ျပန္လည္႐ုပ္သိမ္းေတာ့မယ္လို႔ ထုတ္ျပန္ၿပီး မၾကာခင္မွာပဲ ျမန္မာနိုင္ငံတြင္း ကမ္းလြန္ရွာေဖြေရး လုပ္ငန္းေတြထဲက အႀကီးဆုံးတခုျဖစ္တဲ့ Woodside ဟာလည္း အခုလို ဆုံးျဖတ္လိုက္တာ ျဖစ္ပါတယ္။

ဒါဟာ အၾကမ္းဖက္စစ္အုပ္စုရဲ့ အဓိက ဝင္ေငြရလမ္းကို ပိုအထိနာေစလိမ့္မယ္လို႔လည္း ေလ့လာသုံးသပ္သူေတြက မွတ္ခ်က္ျပဳၾကပါတယ္။

လက္ရွိမွာေတာ့ Woodside Petroleum ကုမၸဏီဟာ အၾကမ္းဖက္စစ္အုပ္စုပိုင္ ျမန္မာ့ေရနံနဲ႔ သဘာဝဓာတ္ေငြ႕က ပိုင္ဆိုင္တဲ့ တူးေဖာ္ေရး လုပ္ငန္းေတြကေန ထြက္ဖို႔ တရားဝင္ လုပ္ငန္းစဥ္ေတြ စတင္လုပ္ေဆာင္ေတာ့မယ္လို႔ ဆိုပါတယ္။

“ျမန္မာနိုင္ငံမွာ လက္ရွိျဖစ္ေပၚေနတဲ့ အေျခအေနေတြေၾကာင့္ A-6 သဘာဝဓာတ္ေငြ႕ အရင္းအျမစ္ ဖြံ့ၿဖိဳးတိုးတက္ေရးနဲ႔ နိုင္ငံတြင္း တျခားေနာက္ထပ္ လုပ္ငန္းေတြမွာ Woodside အေနနဲ႔ ဆက္ၿပီး ပူးေပါင္းပါဝင္ဖို႔ ထည့္မစဥ္းစားနိုင္ေတာ့ဘူး။”လို႔ Woodside ရဲ့ အမႈေဆာင္အရာရွိခ်ဳပ္ Meg O’Neill က ေျပာပါတယ္။

Woodside ဟာ ျမန္မာနိုင္ငံကို ၂၀၁၃ ခုႏွစ္က စတင္ဝင္ေရာက္ခဲ့ၿပီး ဓာတ္ေငြ႕ရွာေဖြေတြ႕ရွိမႈ အမ်ားအျပားကို ျပည္တြင္းေဈးကြက္ကို ေထာက္ပံ့ဖို႔နဲ႔ အိမ္နီးခ်င္း ထိုင္းႏွင့္ တ႐ုတ္နိုင္ငံကို ျဖန႔္ျဖဴးဖို႔ ရည္ရြယ္ခဲ့တယ္လို႔ သိရပါတယ္။