ၾကားသိသမွ်

ကုလ၏ စိုးရိမ်ကြောင်း ထုတ်ပြန်ကြေညာချက်များ လက်တွေ့အလုပ်မဖြစ်ဟု မြန်မာသံအမတ်ကြီးပြော

ကုလ၏ စိုးရိမ်ကြောင်း ထုတ်ပြန်ကြေညာချက်များ လက်တွေ့အလုပ်မဖြစ်ဟု မြန်မာသံအမတ်ကြီးပြော

ကုလသမဂ္ဂ၏ စိုးရိမ်ကြောင်းထုတ်ပြန်ကြေညာချက်များက မြန်မာစစ်တပ်၏ ထပ်တိုးကြမ်းကြုတ်ယုတ်မာမှုများ ဟန့်တားရန် လုံး၀မလုံလောက်ကြောင်း မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက လုံခြုံရေးကောင်စီသို့ ပြောသည်။

ဇန်နဝါရီ ၂၅ ရက်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ ကျင်းပသော မြို့ပြစစ်ပွဲများနှင့် အရပ်သားများကို အကာအကွယ်ပေးခြင်းဆိုင်ရာ အစည်းအဝေးသို့ မြန်မာသံအမတ်ကြီးဦး ကျော်မိုးထွန်းက မိန့်ခွန်းရေးသားပေးပို့ခြင်း ဖြစ်သည်။

“မြန်မာနိုင်ငံမှာ စစ်တပ်ကျူးလွန်နေတဲ့ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သော ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို တားဆီးဖို့၊ စစ်တပ်ရဲ့ထပ်တိုးကြမ်းကြုတ်ယုတ်မာမှုတွေကို ဟန့်တားဖို့ စိုးရိမ်ကြောင်း ထုတ်ပြန်ချက်တွေ၊ စကားလုံးတွေက လုံး၀လုံလောက်မှုမရှိပါဘူး”ဟု ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးက ပြောသည်။


သံအမတ်ကြီး၏ မိန့်ခွန်းတွင် အရပ်သားများကို အကာအကွယ်ပေးခြင်းသည် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေ၏ ကျောရိုးဖြစ်ပြီး မည်သည့်အခြေအနေတွင်မဆို ထိပ်တန်းဦးစားပေးကိစ္စဖြစ်ကြောင်း ထည့်သွင်းဖော်ပြသည်။

ထို့အပြင် မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ဖြစ်ပွားနေသော လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇ၀တ်မှုများနှင့် စစ်ရာဇ၀တ်မှုများကြောင့် မြန်မာပြည်သူများ အထူးသဖြင့် ကလေးများ၊ အမျိုးသမီးများနှင့် မိန်းကလေးများ၊ ‌နေရပ်စွန့်ခွာရသူများနှင့် အခြားထိခိုက်လွယ်သော အုပ်စုများ ဆင်းရဲဒုက္ခခံစားနေကြရကြောင်း သံအမတ်ကြီးက တင်ပြ သည်။

အဆိုပါဆင်းရဲဒုက္ခခံစားရသူများကို အကာအကွယ်ပေးရေးအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီက အကြမ်းဖက်စစ်တပ်ကို လက်နက်ပိတ်ပင်မှုနှင့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းကို ပစ်မှတ်ထားပိတ်ဆို့အရေးယူမှုများ၊ လေယာဉ်မပျံသန်းရဇုန် ကြေငြာခြင်းနှင့် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုကျူးလွန်သူများအား တာဝန်ခံမှုရှိစေခြင်းစသည့် လိုအပ်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် သံအမတ်ကြီးက တိုက်တွန်းသည်။

မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်နိုင်ရေးနှင့် စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းပြီး ဒီမိုကရေစီလမ်း ကြောင်းပေါ် ပြန်လည်ရောက်ရှိအောင် ကူညီပေးရေး တုံ့ပြန်ဆောင်ရွက်မှုများ အမြန်ဆုံးပြုလုပ်ရန် နိုင်ငံတကာအသိုက်အဝန်းနှင့် ဒေသတွင်းအဖွဲ့အစည်းများကို သံအမတ်ကြီးက ထပ်မံတိုက်တွန်းသည်။

#လူထုနွေဦး

Zawgyi

ကုလ၏ စိုးရိမ္ေၾကာင္း ထုတ္ျပန္ေၾကညာခ်က္မ်ား လက္ေတြ႕အလုပ္မျဖစ္ဟု ျမန္မာသံအမတ္ႀကီးေျပာ

ကုလသမဂၢ၏ စိုးရိမ္ေၾကာင္းထုတ္ျပန္ေၾကညာခ်က္မ်ားက ျမန္မာစစ္တပ္၏ ထပ္တိုးၾကမ္းၾကဳတ္ယုတ္မာမႈမ်ား ဟန႔္တားရန္ လုံး၀မလုံေလာက္ေၾကာင္း ျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက လုံျခဳံေရးေကာင္စီသို႔ ေျပာသည္။

ဇန္နဝါရီ ၂၅ ရက္တြင္ ကုလသမဂၢလုံျခဳံေရးေကာင္စီ၌ က်င္းပေသာ ၿမိဳ႕ျပစစ္ပြဲမ်ားႏွင့္ အရပ္သားမ်ားကို အကာအကြယ္ေပးျခင္းဆိုင္ရာ အစည္းအေဝးသို႔ ျမန္မာသံအမတ္ႀကီးဦး ေက်ာ္မိုးထြန္းက မိန႔္ခြန္းေရးသားေပးပို႔ျခင္း ျဖစ္သည္။

“ျမန္မာနိုင္ငံမွာ စစ္တပ္က်ဴးလြန္ေနတဲ့ လူသားမ်ိဳးႏြယ္စုအေပၚ က်ဴးလြန္ေသာ ရာဇဝတ္မႈေတြနဲ႔ စစ္ရာဇဝတ္မႈေတြကို တားဆီးဖို႔၊ စစ္တပ္ရဲ့ထပ္တိုးၾကမ္းၾကဳတ္ယုတ္မာမႈေတြကို ဟန႔္တားဖို႔ စိုးရိမ္ေၾကာင္း ထုတ္ျပန္ခ်က္ေတြ၊ စကားလုံးေတြက လုံး၀လုံေလာက္မႈမရွိပါဘူး”ဟု ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီးက ေျပာသည္။

သံအမတ္ႀကီး၏ မိန႔္ခြန္းတြင္ အရပ္သားမ်ားကို အကာအကြယ္ေပးျခင္းသည္ နိုင္ငံတကာ လူသားခ်င္းစာနာေထာက္ထားမႈဥပေဒ၏ ေက်ာရိုးျဖစ္ၿပီး မည္သည့္အေျခအေနတြင္မဆို ထိပ္တန္းဦးစားေပးကိစၥျဖစ္ေၾကာင္း ထည့္သြင္းေဖာ္ျပသည္။

ထို႔အျပင္ ျမန္မာနိုင္ငံတစ္ဝွမ္းလုံးတြင္ ျဖစ္ပြားေနေသာ လူသားမ်ိဳးႏြယ္အေပၚ က်ဴးလြန္ေသာ ရာဇ၀တ္မႈမ်ားႏွင့္ စစ္ရာဇ၀တ္မႈမ်ားေၾကာင့္ ျမန္မာျပည္သူမ်ား အထူးသျဖင့္ ကေလးမ်ား၊ အမ်ိဳးသမီးမ်ားႏွင့္ မိန္းကေလးမ်ား၊ ‌ေနရပ္စြန႔္ခြာရသူမ်ားႏွင့္ အျခားထိခိုက္လြယ္ေသာ အုပ္စုမ်ား ဆင္းရဲဒုကၡခံစားေနၾကရေၾကာင္း သံအမတ္ႀကီးက တင္ၿပ သည္။

အဆိုပါဆင္းရဲဒုကၡခံစားရသူမ်ားကို အကာအကြယ္ေပးေရးအတြက္ ကုလသမဂၢလုံျခဳံေရးေကာင္စီက အၾကမ္းဖက္စစ္တပ္ကို လက္နက္ပိတ္ပင္မႈႏွင့္ လူပုဂၢိဳလ္၊ အဖြဲ႕အစည္းကို ပစ္မွတ္ထားပိတ္ဆို႔အေရးယူမႈမ်ား၊ ေလယာဥ္မပ်ံသန္းရဇုန္ ေၾကျငာျခင္းႏွင့္ ရက္စက္ၾကမ္းၾကဳတ္ေသာ ရာဇဝတ္မႈက်ဴးလြန္သူမ်ားအား တာဝန္ခံမႈရွိေစျခင္းစသည့္ လိုအပ္ေသာ အေရးယူေဆာင္ရြက္မႈမ်ား ျပဳလုပ္ရန္ သံအမတ္ႀကီးက တိုက္တြန္းသည္။

ျမန္မာနိုင္ငံကို လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အကူအညီမ်ား ေပးအပ္နိုင္ေရးႏွင့္ စစ္အာဏာရွင္ စနစ္ခ်ဳပ္ၿငိမ္းၿပီး ဒီမိုကေရစီလမ္း ေၾကာင္းေပၚ ျပန္လည္ေရာက္ရွိေအာင္ ကူညီေပးေရး တုံ႔ျပန္ေဆာင္ရြက္မႈမ်ား အျမန္ဆုံးျပဳလုပ္ရန္ နိုင္ငံတကာအသိုက္အဝန္းႏွင့္ ေဒသတြင္းအဖြဲ႕အစည္းမ်ားကို သံအမတ္ႀကီးက ထပ္မံတိုက္တြန္းသည္။

#လူထုေႏြဦး