ၾကားသိသမွ်

ဗမ-ဟိန်းသော်ဦးမှ ချစ်လွန်းလို့အမုန်းခံပြီးရေးသားပါသည်

(#ဗိုလ်မှူးဟိန်းသော်ဦး ပြောသည်။)

ရန်သူကိုပျော်အောင်ထားပီး ပင်းပန်းအားနည်းချိန်ရောက်မှ အလစ်ငိုက်တိုက်တတ်တာ သူတို့ဗျူဟာပါအရမ်းလည်မပျော်ပါနဲ့အရမ်းလည်း ဝမ်းမနည်းပါနဲ့ လုပ်စရာစရှိတာ သတိထားပီးဆက်လုပ်ရမှာဘာ…..

မအလဟာ လိုင်းပေါ်မှာနာမည်ကြီးနေတဲ့မြို့တွေ၊နာမည်ကြီးနေတဲ့ခေါင်းဆောင်တွေသူ့လူတွေအထိနာနေတဲ့တိုက်ပွဲတွေဖြစ်ပွားတဲ့မြို့တွေကို လုပ်နေတဲ့ပုံစံကိုကြည့်ပါ။

အစောပိုင်းမှာ PDFတွေကိုစစ်မြူထားတတ်ပါတယ် ။သူ့လူတွေကိုအဲ့ဒီမြို့ကိုသွားရင်သေမယ်သိသိနဲ့ အစောပိုင်းမှာလွှတ်ပြီးထိုးကျွေးပါတယ်။သူဟာ သူ့အကျိုးစီးပွားလောက် ဘာမှအရေးမကြီးပါအောက်ခြေစစ်သည် thayလဲ ဂရုမစိုက်ပါ။


အစပိုင်းမှာ မြေပြင်အနေအထားနယ်မြေကျွမ်းကျင်မှုမှာPDFက အသာစီးရနေတတ်ပါသည်။။ကျန်ခဲ့တဲ့ စစ်သားတွေဟာတပ်မတော်ပျောက်ရင်တောင် မီးခွက်ထွန်းရှာမယ့်သူတွေ ကျန်ခဲ့တာများပါတယ်။

သူတို့စိတ်ထဲမှာ ပြည်သူတွေကအကြမ်းဖက်နေတာဒီပြည်သူတွေမရှိမှ သူတို့နားရမှာ။တပ်မတော်ကိုဆန့်ကျင်သူ သူတို့ရန်သူဆိုတဲ့စိတ်မျိုးအပြည့်အ၀ရှိပါတယ်။

သူတို့တွေကိုလဲ နေအိမ်တွေမီးရှို့တန်ဖိုးရှိတာတွေ လွယ်လွယ်ယူခွင့်ပေးထားတော့ thayမယ်မှန်းသိ‌ပေမယ့်ပျော်ပျော်ကြီးသွားပါသည်။
အစောပိုင်းမှာ ဒီဘက်က မုန့်ဟင်းခါး ဘယ်နှစ်ပွဲကျွေးနိုင်ပြီ လက်နက်ဘယ်နှစ်ခုရလိုက်ပြီဘာလက်နက်တွေ ထုတ်နိုင်ပြီနဲ့။

ပုံတွေရိုက်ပြဆိုရှယ်မီဒီယာပေါ်မှာဝေဝေဆာဆာပေါ့ဗျာဝိုင်းလှော်လိုက်ကြတာ ။အဲ့ဒီအချိန်မှာစကစက ချက်ချင်းမတိုက်သေးဘဲအချိန်ယူပြီးသတင်းယူ ဒလန်ထည့် အလှူရှင်ယောင်ဆောင်နည်းမျိုးစုံထောက်လှမ်းပြီး ဒီဘက်က လက်ပန်းကျချိန်စောင့်ပြီးသူ့လူတွေကို အthayခံထိုးကျွေးထားပါသည်။

ဒီဘက်ကလူတွေ PDFတွေစစ်ပန်းချိန် လက်နက်တွေ ကုန်သလောက်နီးပါးဖြစ်လာမှ ဖြတ်၄ဖြတ်ကိုစတင်တယ်။
သူတို့မှာလက်နက်က လိုသလောက်ရနေချိန်ဒီဘက်မှာကျည်ဖိုးအသည်းအသန်ရှာရတယ်။မြေပြင်မှာလက်နက်ကြီး အင်အားသုံးပြီးရွာသားတွေဆီပါကျဲချ။

နယ်မြေစိုးမိုးမှုရဖို့အရပ်သားတွေကိုပါ အကြမ်းဖက် လူသားဒိုင်းတွေလုပ်လာတယ်။အားလုံး ဖရိုဖရဲဖြစ်ကုန်ချိန်မှလေယာဉ်ဖြင့် နေရာ ပစ်မှတ်အတိအကျကိုလာကြဲချသွားသည်မှာ မိနစ်ပိုင်းသာကြာလိုက်သည်။ရှေ့မှာ ‌ထန်တလန် ၊လေးကေ့ကော်ဖြစ်ရပ်တွေသာဓကရှိပါသည်။သူတို့နယ်မြေစိုးမိုးမှု မရရင်ရွာတွေကို ပြာချပစ်တာ။

ဒါ့ကြောင့်သင်ခန်းစာယူပါ။တဖက်ရန်သူကို အထင်မကြီးလို့ရသည်။ကြိုက်သလောက်လှောင်လို့ရသည်။အထင်တော့မသေးနှင့်ယုတ်မာမှုမှာ သူတို့ဉာဏ်နဲ့ဗျူဟာကတဖတ်ကမ်းခတ်ပါတယ်။


တဖက်ရန်သူကို အနိုင်ရချင်ရင်ကိုယ့်မှာ ဘာလက်နက်ထုတ်နိုင်တာရှိတာတွေကို မလိုအပ်ဘဲ မတင်ပါနှင့်။တဖက်ရန်သူရဲ့ အင်အားလုပ်ကွက် အားသာချအားနည်းချက်ကိုလေ့လာပါ။

အင်တာဗျူးကို ‌ဖြေရင်လိုအပ်သလောက်သာပြောပါ။လေယာဉ်ဆီလမ်းကြောင်းတွေကိုထောက်လှမ်းပါ ။ ဒါတွေတင်သင့်တယ် ဒါမှ တဖက်ရန်သူသွေးပျက်မယ် ပြည်သူတွေမိုတီရမယ်လို့ရန်တွေ့တာမျိုးတွေလဲ ကြုံရပါသည်။မိုတီရတာမှန်ပါတယ် ။တဖက်က သွေးပျက်တာလဲမှန်ပါတယ်။ဒါပေမယ့်တစ်ခါတလေ မြေပြင်အကြောင်းမသိဘဲလိုင်းပေါ်ကဝိုင်းလှော်သူတွေကြားမှာ ရွာသားတွေ PDFတွေပိုအထိနာတတ်တာခံစားနေရသူတွေအသိဆုံးပါ။

တဖက်ရန်သူက ဘယ်လောက်ယုတ်မာလဲလက်နက် လူသူ လုပ်ပိုင်ခွင့်အာဏာဘယ်လောက်ရှိနေလဲပြန်တွေးကြည့်ပါ။
အင်တာနက်တွေဖြတ်ချရင်တောင် ကျနော်တို့ဘာမှမတတ်နိုင်တဲ့အခြေအနေပါ။ဘယ်လေယာဉ်ကို ဘာနဲ့ပစ်ချလိုက်ပြီဆိုတဲ့Fake hopeတွေမှာ မြောမနေကြပါနှင့်တခါတရံ အဲ့ဒီသတင်းကစကစဘက်က ပျော်ပျော်ကြီးထုတ်နေတဲ့ ဆိုက်ဝါးတွေပါ။

ရန်သူကိုပျော်အောင်ထားပြီးပင်ပန်း အားနည်ချိန် မှာမှ အလစ်ငိုက်တိုက်ခိုက်တာ။သူတို့ဗျူဟာပါရခိုင်တပ်တော်AAကိုနမူနာယူပါ။သိုသိပ်စွာနဲ့ လက်နက်၊ လူသူအင်အားကိုအင်အားကြီးဖို့နှစ်နှစ်အချိန်ယူစုဆောင်းခဲ့တာ ဘာအသံကြားခဲ့ရလဲဘာလက်နက်တွေရှိလဲ ထုတ်ကြွားခဲ့လား။

လက်ရှိမြေပြင်မှာ ဘာသတင်းမှမတင်ဘဲတပ်ဖျောက်ပြီး အသံတိတ်မုန့်ဟင်းခါးကျွေးပစ္စည်းထုတ်နေတဲ့အဖွဲ့တွေ အများကြီးရှိနေတာ သိထားပေးပါ။


မိဘပြည်သူများကလဲနယ်မြေခံPDFတွေကိုသိုသိတ်စွာလှူပေးပါ။Clickနိုင်သူclickပါ။အချို့အဖွဲ့တွေကတင်မှ အလှူငွေရမှာမို့ အခြေအနေအရ တင်ရသည်ကိုနားလည်ပါသည်။ မိဘပြည်သူ များက သိုသိပ်စွာပူးပေါင်းပေးကြပါဗျာ။

တချို့နေရာတွေမှာစကစတော်လို့မဟုတ်ဘဲကိုယ့်လုပ်ရပ်က ရန်သူ့သတင်းပေးဖြစ်သွားပြီးအဖွဲ့လိုက် အဆွဲခံရတာ ဆင်ခြင်သုံးသပ်ပေးပါ။လက်ရှိ လက်နက်မစုံလင်ချိန်မှာပြောက်ကျားစစ်က တစ်ပန်းသာနေပါသည်။

ရန်သူကိုများစွာ အထိနာစေပါသည်။ပြောက်ကျားစစ်က အဖွဲ့ရှိမှန်း မသိလေ လှုပ်ရှားရလွယ်လေ။နည်းမျိုးစုံ ပြောက်ကျားစစ်ဖြင့် အရူးလုပ်လို့ရနေပါသည်။

ဒါ့ကြောင့် သတင်းတွေကိုတတ်နိုင်သမျှသိုသိပ်ပြီး အမှားထဲကသင်ခန်းစာယူပါ။ဒီကာလတောင်ရောက်နေပြီဘယ်အဖွဲ့က ဘယ်လောက်လုပ်နိုင်လဲမိဘပြည်သူတွေလဲနားလည်လောက်ပြီထင်ပါသည်။

သူတို့ဘက်မှာလဲ အထိနာဆုံးရှုံးမှုများစွာရှိပါသည်။လက်ရှိ ယူနီဖောင်းဖြင့်ပင် အပြင်မထွက်ရဲသည်ကိုကြည့်ပါ။ဘယ်သွားသွား ပြောက်ကျားPDFတွေကိုလန့်နေတဲ့အနေအထားပါ။အပြုံးမပျက်ရုံးတက်သူများလဲ ယူနီဖောင်း၀တ်ဖြင့်ပင်ရုံး ၊ကျောင်း မသွားရဲပါ။
ကျနော်တို့ဘက်မှာလဲ ပညာတတ်တွေရော အဖိုးတန်တွေရော ဆုံးရှုံးရသည်မှာမနည်းတော့ပါ။

စခ အသက်ထက် ကျွန်တော်တို့လူငယ်တွေအသက်နှင့်မလဲနိုင်ပါတန်ဖိုးခြင်းမတူပါ။ပြည်သူတွေကို တစ်ယောက်မှ အဆုံးရှုံးမခံချင်ပါဘူး။လက်ရှ်ိဒီဘက်မှာPDFတွေက စိတ်ဓါတ် ဉာဏ်ပညာဇွဲလုံ့လနဲ့ ပြည်သူအများစုရဲ့ ပူးပေါင်းမှုတွေကအလေးသာပါတယ်။ဒါ့ကြောင့်ရန်သူဘယ်လောက်အင်အားကြီးပါစေ ရန်သူ့အားနည်းချက်ကိုရှာပြီး တန်ပြန်ဗျူဟာတွေချမှတ်ပြီး ရန်သူကိုအနိုင်ယူနိုင်ကြပါစေ ။

အမုန်းခံပြီး ချစ်လွန်းလို့ရေးသားပါသည်။

အရေးတော်ပုံအောင်ရမည်။💪
ဗမ-ဟိန်းသော်ဦး