ၾကားသိသမွ်

ဘာကြောင့် အမေရိကန်နဲ့ တရုတ်က ပြည်သူ့အစိုးရကို လက်နက်ထောက်ပံ့သင့်လဲ?

ဘာကြောင့် အမေရိကန်နဲ့ တရုတ်က ပြည်သူ့အစိုးရကို လက်နက်ထောက်ပံ့သင့်လဲ?

မြန်မာနိုင်ငံဟာ အမေစုအောက်မှာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် အထိ လမ်းမှန်ပေါ်ကနေ တိုးတက်လာခဲ့ပါတယ်။ ပြည်သူတွေဟာ လွတ်လပ်မှုကို အတိုင်းအတာတစ်ခုအထိ ရခဲ့ပါတယ်။ တိုင်းပြည်မှာ စီးပွါးရေးကအစ ယခုထက်ဖွံ့ဖြိုးတိုးတက်ခဲ့တာ ဘယ်သူမှငြင်းမရပါ။ သူမကို ဝေဖန်ခဲ့သူတွေတောင် သူမရဲ့ အုပ်ချုပ်မှုဟာ ယခုမအလထက်အဆ ၁၀၀ မကသာတယ်ဆိုတာ ဝန်ခံရမှာပါ။

မအလသူပုန်တပ်က ဆန္ဒပြပြည်သူတွေကို ပစ်သတ်ခဲ့ပြီး အနောက်နိုင်ငံတွေက R2P နဲ့ ကာကွယ်ပေးရန် ပျက်ကွက်ခဲ့အပြီးမှာ ပြည်သူတွေက ရရာလက်နက်ဆွဲကိုင်ပြီး မိမိကိုယ်ကို ခုခံကာကွယ်ခဲ့ကြပါတယ်။ အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုဟာ လက်နက်ကိုင်လမ်းစဉ်ကို အားမပေးလိုလို့ စောင့်ကြည့်ခဲ့ပြီး ပြည်သူ့အစိုးရကို လက်နက်မထောက်ပံ့ခဲ့ကြပါ။

တရုတ်၊ အိန္ဒိယနဲ့ ထိုင်းတို့က နယ်စပ်ကိုပိတ်ပြီး ပြည်သူ့တပ်မတော် PDF ကို လက်နက်မရအောင် လုပ်ခဲ့ကြပါတယ်။ ဒါကြောင့် သီအိုရီအရ ပြည်သူ့တပ်မတော် PDF က လက်နက်ရဖို့ခက်ပြီး သူတို့အိမ်မက်ကို စွန့်လွှတ်ရမလို ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် မြန်မာလူမျိုးတွေက တီထွင်နိုင်စွမ်းနဲ့ မိုင်းတွေ၊ လက်နက်တွေ၊ အမြောက်တွေကို မိမိဖာသာ ထုတ်လုပ်ပြီး ခံချခဲ့ပါတယ်။ သူတို့ရဲ့ မိုင်းတွေဟာ အလွန်ကောင်းလို့ ဖက်ဆစ်မအလသူပုန်တပ် အသေများခဲ့ပါတယ်။ နောက်ဆုံး တိုင်းမှုးပြုတ်သွားတဲ့အထိပါ။


ဒါကိုပြန်တိုက်နိုင်အောင် ရုရှားက မိုင်းဖျက်ခံယဉ်များ၊ လေယဉ်ပေါ်က ကြဲချလို့ရတဲ့ ဗုံးများ၊ တင့်ကားများကို မအလတပ်အား လာပေးသွားခဲ့ပါတယ်။ မအလစစ်ရာဇဝတ်မှု ပိုကျူးလွန်နိုင်အောင် လာမြှောက်ပေးသွားခဲ့တာပါ။

အနောက်နိုင်ငံက ထောက်လှမ်းရေးတွေ ရုရှားသင်္ဘောက မအလကို စစ်လက်နက်ပစ္စည်းချပေးသွားတာ သိနေမယ်လို့ ယုံကြည်ပါတယ်။ ဒါ့ကြောင့် အနောက်နိုင်ငံများ အထူးသဖြင့် ယူကေနဲ့ အမေရိကန်တို့အနေနဲ့ မြန်မာ့အရေး ဘယ်လိုချဉ်းကပ်မလဲဆိုတာ ပြန်စဉ်းစားသင့်တယ်လို့ ထင်ပါတယ်။

ယူကရိန်းပြည်သူတွေဟာ ရုရှားတပ်တွေ သူ့နယ်စပ်မှာ တပ်စွဲထားလို့ ဒုက္ခရောက်နေတာ အားလုံးသိမှာပါ။ မြန်မာကိုလဲ ရုရှားထံ ထိုးအပ်လိုက်ရင် တချိန်ချိန်မှာ အနောက်နိုင်ငံတွေအတွက် နောင်တရစရာ ဖြစ်လာမှာပါ။ အချိန်ရှိတုန်းမှာ ပြည်သူ့အစိုးရ NUG ကို အနောက်နိုင်ငံတွေက လက်နက်ထောက်ပံ့ပေးပြီး ပြည်သူတွေကို မိမိကိုယ်မိမိ ကာကွယ်နိုင်အောင် လုပ်ပေးသင့်ပါတယ်။ မဟုတ်ရင်တော့ မအလက ရုရှားလက်နက်တွေနဲ့ ပြည်သူတွေကို ပိုသတ်ပြမှာပါ။

တရုတ်အနေနဲ့လဲ ယခုအချိန်မှာ မိမိမူဝါဒကို ပြန်သုံးသပ်သင့်ပါတယ်။ မအလဟာ ရုရှားလက်နက်နဲ့ နောက်ပိုင်းမှာ တရုတ်ဩဇာခံ တိုင်းရင်းသားတွေကိုလဲ တိုက်လာမှာပါ။ မအလရှိနေသရွေ့ မြန်မာပြည်က တည်ငြိမ်အေးချမ်းမှာ မဟုတ်ပါ။ မတည်ငြိမ်ရင် တရုတ်အနေနဲ့ စီးပွါးရေးလုပ်ရ ခက်လာပါလိမ့်မယ်။ တရုတ်အကျိုးစီးပွါးကို ကာကွယ်ပေးနိုင်တာက NUG သာဖြစ်ပြီး NUG ကို လက်နက်ထောက်ပံ့ခြင်းဖြင့် မြန်မာပြည်မှာ စစ်ပွဲတွေ မြန်မြန်ပြီးလာနိုင်ပြီး တရုတ်အကျိုးစီးပွါးလဲ အဆင်ပြေလာမှာပါ။ NUG ကို လက်နက်ထောက်ပံ့တဲ့နည်းက တရုတ်ပြည်အတွက် ကုန်ကျမှုအနည်းဆုံးနဲ့ မိမိအကျိုးစီးပွါးကို ကာကွယ်နိုင်တဲ့ နည်းပါ။


အကျဉ်းချုပ်ရရင် အမေရိကန်အနေနဲ့ ရုရှားဩဇာကို ကာကွယ်ဖို့ NUG ကို လက်နက်ထောက်ပံ့ပါလို့ တိုက်တွန်းပါရစေ။ ထို့အတူ တရုတ်နိုင်ငံအနေနဲ့လဲ NUG ကို လက်နက်ထောက်ပံ့ခြင်းဖြင့် မြန်မာနိုင်ငံအတွင်း မိမိရဲ့ပုံရိပ်ကို ပြောင်းလဲနိုင်မှာဖြစ်သလို မိမိအကျိုးစီးပွါးကိုလဲ အကောင်းဆုံးကာကွယ်နိုင်မှာပါလို့ ပြောပါရစေ။Myat Tun Oo