ၾကားသိသမွ်

ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် ဆိုင်ပိတ်လျှင် အရေးယူမည်ဟုအကြမ်းဖက်စစ်ကောင်စီက လော်ဖြင့် လိုက်အော် (ရုပ်/သံ)

ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် ဆိုင်ပိတ်လျှင် အရေးယူမည်ဟု နေပြည်တော် မြို့မဈေး၌ အကြမ်းဖက်စစ်ကောင်စီက လော်ဖြင့် လိုက်အော် (ရုပ်/သံ)

ရန်ကုန်၊ ဇန်နဝါရီ ၂၅

နိုင်ငံတဝန်း အသံတိတ်သပိတ်ပြုလုပ်မည့် ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် ဈေးဆိုင်ပိုင်ရှင်များအနေဖြင့် ဆိုင်ခန်းများပိတ်လျှင် အရေးယူခံရမည်ဟု အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးများမှ နေပြည်တော် မြို့မဈေးအတွင်း ယနေ့ ဇန်နဝါရီလ ၂၅ ရက် ညနေပိုင်း၌ လော်စပီကာဖြင့် လိုက်လံအော်ပြောနေကြောင်း သတင်းရရှိသည်။

အကြမ်းဖက် မတရား စစ်အာဏာသိမ်းမှု တစ်နှစ်ပြည့် အသံတိတ်သပိတ်လှုပ်ရှားမှုတွင် မပါဝင်နိုင်ရေး အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးများမှ ဈေးဆိုင်ပိုင်ရှင်းများကို ပုဒ်မမျိုးစုံဖြင့် ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ကာ လော်စပီကာဖြင့် လိုက်လံအော်ပြောနေခြင်းဖြစ်သည်။

အလားတူ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ပေါ်ရှိ ဈေးဆိုင်ခန်းများကို ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် ဆိုင်ပိတ်လျှင် အရေးယူခံရမည်ဟု လက်မှတ်ထိုးခိုင်းနေကြောင်း ဒေသခံများထံမှ သိရှိရသည်။