ၾကားသိသမွ်

ဘာကီနာဖာဆို သမ္မတကို စစ်တပ်က ဖမ်းဆီးပြီး အာဏာသိမ်း

ဘာကီနာဖာဆို သမ္မတကို စစ်တပ်က ဖမ်းဆီးပြီး အာဏာသိမ်း

အနောက်အာဖရိက ကုန်းတွင်းပိတ်နိုင်ငံဖြစ်တဲ့ ဘာကီနာဖာဆိုမှာ စစ်တပ်က လက်ရှိသမ္မတ ကာဘိုရီကို ဖမ်းဆီးထိန်းသိမ်းပြီး နိုင်ငံကို အာဏာသိမ်းလိုက်ပြီဖြစ်ပါတယ်။

ဘာကီနာဖာဆို စစ်တပ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၄ ရက် တနင်္လာနေ့က နိုင်ငံပိုင် မီဒီယာကတဆင့် လက်ရှိသမ္မတ ကာဘိုရီကို ရာထူးကနေ ဖယ်ပြီး ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ အသိပေးကြေညာခဲ့ပါတယ်။


ဘာကီနာဖာဆို စစ်တပ်က လက်ရှိမှာတော့ နိုင်ငံအတွင်း ယိုယွင်းနေတဲ့ လုံခြုံရေး အခြေအနေတွေနဲ့ လူထုကို စည်းရုန်းဖို့အတွက် ပြုလုပ်လိုက်တာဖြစ်တယ်လို့ အသိပေးထားပါတယ်။

သမ္မတ ကာဘိုရီဟာ လက်ရှိ ဘေးကေးတဲ့ နေရာတစ်ခုမှာ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပေမယ့် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွေးရေးမှူးချုပ် အန်တိနီ ဂူတာရက်ကတော့ သမ္မတရဲ့ လုံခြုံရေးအတွက် စိုးရိမ်နေပြီး အာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန် ရှုတ်ချထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက်နေ့က မြို့တော်ဖြစ်တဲ့ ကွာဂါဒူကူမြို့ သမ္မတ အိမ်တော်အနီးမှာ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့သလို ဘာကီနာဖာဆိုနိုင်ငံရဲ့ အခြေစိုက်စစ်စခန်းတွေမှာလည်း အပြန်အလှန်ပစ်ခတ်မှုတွေ ရှိခဲ့ပါတယ်။


ဇန်နဝါရီ ၂၄ ရက်နေ့မှာတော့ စစ်တပ်က နိုင်ငံပိုင် မီဒီယာကတဆင့် လုပ်ဆောင်မှုတွေကို အသိပေးခဲ့တာပါ။ ဘာကီနာဖာဆို သမ္မတ ကာဘိုရီကတော့ လက်တလောမှာ လူမြင်ကွင်းကနေ လုံးဝပျောက်ကွယ်နေပါတယ်။

သမ္မတ ကာဘိုရီဟာ မကြာသေးခင်လတွေက အစွန်းရောက်လက်နက်ကိုင်တွေအပေါ် နှိမ်နင်းနိုင်မှုနဲ့ ပတ်သက်လို့ ပြည်သူတွေရဲ့ ဝေဖန်မှုတွေ ခံခဲ့ရပြီး ဆန္ဒပြမှုတွေနဲ့ ရင်ဆိုင်ခဲ့ရသူပါ။

Zawgyi

ဘာကီနာဖာဆို သမၼတကို စစ္တပ္က ဖမ္းဆီးၿပီး အာဏာသိမ္း

အေနာက္အာဖရိက ကုန္းတြင္းပိတ္နိုင္ငံျဖစ္တဲ့ ဘာကီနာဖာဆိုမွာ စစ္တပ္က လက္ရွိသမၼတ ကာဘိုရီကို ဖမ္းဆီးထိန္းသိမ္းၿပီး နိုင္ငံကို အာဏာသိမ္းလိုက္ၿပီျဖစ္ပါတယ္။

ဘာကီနာဖာဆို စစ္တပ္ဟာ ၿပီးခဲ့တဲ့ ဇန္နဝါရီ ၂၄ ရက္ တနလၤာေန႔က နိုင္ငံပိုင္ မီဒီယာကတဆင့္ လက္ရွိသမၼတ ကာဘိုရီကို ရာထူးကေန ဖယ္ၿပီး ဖမ္းဆီးထိန္းသိမ္းထားတယ္လို႔ အသိေပးေၾကညာခဲ့ပါတယ္။

ဘာကီနာဖာဆို စစ္တပ္က လက္ရွိမွာေတာ့ နိုင္ငံအတြင္း ယိုယြင္းေနတဲ့ လုံျခဳံေရး အေျခအေနေတြနဲ႔ လူထုကို စည္း႐ုန္းဖို႔အတြက္ ျပဳလုပ္လိုက္တာျဖစ္တယ္လို႔ အသိေပးထားပါတယ္။

သမၼတ ကာဘိုရီဟာ လက္ရွိ ေဘးေကးတဲ့ ေနရာတစ္ခုမွာ ရွိေနတယ္လို႔ သတင္းေတြ ထြက္ေပၚေနခဲ့ေပမယ့္ ကမၻာ့ကုလသမဂၢ အေထြေထြ အေတြးေရးမႉးခ်ဳပ္ အန္တိနီ ဂူတာရက္ကေတာ့ သမၼတရဲ့ လုံျခဳံေရးအတြက္ စိုးရိမ္ေနၿပီး အာဏာသိမ္းမႈကို ျပင္းျပင္းထန္ထန္ ရႈတ္ခ်ထားပါတယ္။

ၿပီးခဲ့တဲ့ ဇန္နဝါရီ ၂၃ ရက္ေန႔က ၿမိဳ႕ေတာ္ျဖစ္တဲ့ ကြာဂါဒူကူၿမိဳ႕ သမၼတ အိမ္ေတာ္အနီးမွာ ပစ္ခတ္မႈေတြ ျဖစ္ပြားခဲ့သလို ဘာကီနာဖာဆိုနိုင္ငံရဲ့ အေျခစိုက္စစ္စခန္းေတြမွာလည္း အျပန္အလွန္ပစ္ခတ္မႈေတြ ရွိခဲ့ပါတယ္။

ဇန္နဝါရီ ၂၄ ရက္ေန႔မွာေတာ့ စစ္တပ္က နိုင္ငံပိုင္ မီဒီယာကတဆင့္ လုပ္ေဆာင္မႈေတြကို အသိေပးခဲ့တာပါ။ ဘာကီနာဖာဆို သမၼတ ကာဘိုရီကေတာ့ လက္တေလာမွာ လူျမင္ကြင္းကေန လုံးဝေပ်ာက္ကြယ္ေနပါတယ္။

သမၼတ ကာဘိုရီဟာ မၾကာေသးခင္လေတြက အစြန္းေရာက္လက္နက္ကိုင္ေတြအေပၚ ႏွိမ္နင္းနိုင္မႈနဲ႔ ပတ္သက္လို႔ ျပည္သူေတြရဲ့ ေဝဖန္မႈေတြ ခံခဲ့ရၿပီး ဆႏၵျပမႈေတြနဲ႔ ရင္ဆိုင္ခဲ့ရသူပါ။