ၾကားသိသမွ်

ကမ်ဘောဒီးယား အလုပ်သမားဆန္ဒပြပွဲ ပိုအရှိန်မြင့်လာ

ကမ်ဘောဒီးယား အလုပ်သမားဆန္ဒပြပွဲ ပိုအရှိန်မြင့်လာ

ဖနွမ်းပင်မြို့တော်က အလုပ်သမားဆန္ဒပြပွဲကို ကမ်ဘောဒီးယားအလုပ်သမားအဖွဲ့ချုပ်သမ္မဂက ခေ့ါင်းဆောင်တွေပါ ပူးပေါင်း ပါဝင်လာကြလို့ အရင်ကထက် အရှိန်မြင့်လာနေပါတယ်။


မူလက NagaWorld ကုမ္ပဏီကနေ လျော်ကြေးမပေးပဲအလုပ်ထုတ်တဲ့အပေါ် ကုမ္ပဏီဝန်ထမ်းတွေနဲ့ သက်ဆိုင်ရာ အလုပ်သမားသမဂ္ဂကပဲ ဆန္ဒပြတောင်းဆိုနေတာပါ။

ဒါပေမယ့် ဆန္ဒပြအလုပ်သမားတချို့နဲ့ သမဂ္ဂခေါင်းဆောင်အမျိုးသမီးတွေကို ဖနွမ်းပင်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ အဲဒီအတွက် အလုပ်သမားတွေကို လျော်ကြေးပေးဖို့အပြင် ဖမ်းဆီးထားတဲ့ သမဂ္ဂခေါင်းဆောင်တွေပါပြန်လွှတ်ပေးဖို့တောင်းဆိုနေကြတာပါ။


ဝန်ကြီးချုပ်ဟွန်ဆန်မိသားစုနဲ့ပတ်သက်နေတဲ့ကုမ္ပဏီဘက်က အခုထိ တစုံတရာလိုက်လျောတာမရှိသလို ဖနွမ်းပင်စည်ပင်သာယာရဲတွေကလည်း ဆန္ဒပြသူတွေအခက်တွေ့အောင် အများပြည်သူသုံး သန့်စင်ခန်းတွေကို ပိတ်ထားတာတွေလုပ်နေတာပါ။ ဆန္ဒပြသူတွေ ပြန်သွားချိန်မှ သန့်စင်ခန်းတွေကို ပြန်ဖွင့်ပေးတာတွေလုပ်ပါတယ်။


နေ့စဉ်ဆန္ဒပြနေတဲ့ NagaWorld အလုပ်သမားဆန္ဒပြပွဲကို နိုင်ငံတကာသံရုံးတွေ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ်တွေက အာရုံစိုက်လာရပြီး ကမ်ဘောဒီးယားအစိုးရက ဖြေရှင်းပေးဖို့ ဖိအားပေးတာတွေဖြစ်လာတာပါ။

ဇန်နဝါရီ ၂၂ ရက်နေ့ကစပြီး နိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေကပါ NagaWorld အလုပ်သမားတွေဘက်က ပူးပေါင်းတောင်းဆိုမှုတွေလုပ်လာတာဖြစ်ပါတယ်။

#BNN (ဖနွမ်းပင်)

ကမ္ေဘာဒီးယား အလုပ္သမားဆႏၵျပပြဲ ပိုအရွိန္ျမင့္လာ

ဖႏြမ္းပင္ၿမိဳ႕ေတာ္က အလုပ္သမားဆႏၵျပပြဲကို ကမ္ေဘာဒီးယားအလုပ္သမားအဖြဲ႕ခ်ဳပ္သမၼဂက ေခ့ါင္းေဆာင္ေတြပါ ပူးေပါင္း ပါဝင္လာၾကလို႔ အရင္ကထက္ အရွိန္ျမင့္လာေနပါတယ္။

မူလက NagaWorld ကုမၸဏီကေန ေလ်ာ္ေၾကးမေပးပဲအလုပ္ထုတ္တဲ့အေပၚ ကုမၸဏီဝန္ထမ္းေတြနဲ႔ သက္ဆိုင္ရာ အလုပ္သမားသမဂၢကပဲ ဆႏၵျပေတာင္းဆိုေနတာပါ။

ဒါေပမယ့္ ဆႏၵျပအလုပ္သမားတခ်ိဳ႕နဲ႔ သမဂၢေခါင္းေဆာင္အမ်ိဳးသမီးေတြကို ဖႏြမ္းပင္ရဲတပ္ဖြဲ႕က ဖမ္းဆီးခဲ့ပါတယ္။ အဲဒီအတြက္ အလုပ္သမားေတြကို ေလ်ာ္ေၾကးေပးဖို႔အျပင္ ဖမ္းဆီးထားတဲ့ သမဂၢေခါင္းေဆာင္ေတြပါျပန္လႊတ္ေပးဖို႔ေတာင္းဆိုေနၾကတာပါ။

ဝန္ႀကီးခ်ဳပ္ဟြန္ဆန္မိသားစုနဲ႔ပတ္သက္ေနတဲ့ကုမၸဏီဘက္က အခုထိ တစုံတရာလိုက္ေလ်ာတာမရွိသလို ဖႏြမ္းပင္စည္ပင္သာယာရဲေတြကလည္း ဆႏၵျပသူေတြအခက္ေတြ႕ေအာင္ အမ်ားျပည္သူသုံး သန္႔စင္ခန္းေတြကို ပိတ္ထားတာေတြလုပ္ေနတာပါ။ ဆႏၵျပသူေတြ ျပန္သြားခ်ိန္မွ သန္႔စင္ခန္းေတြကို ျပန္ဖြင့္ေပးတာေတြလုပ္ပါတယ္။

ေန႔စဥ္ဆႏၵျပေနတဲ့ NagaWorld အလုပ္သမားဆႏၵျပပြဲကို နိုင္ငံတကာသံ႐ုံးေတြ လူ႔အခြင့္အေရးအဖြဲ႕ေတြနဲ႔ အျပည္ျပည္ဆိုင္ရာအလုပ္သမားအဖြဲ႕ခ်ဳပ္ေတြက အာ႐ုံစိုက္လာရၿပီး ကမ္ေဘာဒီးယားအစိုးရက ေျဖရွင္းေပးဖို႔ ဖိအားေပးတာေတြျဖစ္လာတာပါ။

ဇန္နဝါရီ ၂၂ ရက္ေန႔ကစၿပီး နိုင္ငံလုံးဆိုင္ရာ အလုပ္သမားသမဂၢေခါင္းေဆာင္ေတြကပါ NagaWorld အလုပ္သမားေတြဘက္က ပူးေပါင္းေတာင္းဆိုမႈေတြလုပ္လာတာျဖစ္ပါတယ္။

#BNN (ဖႏြမ္းပင္)