ၾကားသိသမွ်

စက္ကန့် ၇၀ အတွင်း ဗမာသူပုန်ဆိုတဲ့ စကားလုံးကို ၇ ခါ ပြောသွားတာဟာ တိုက်ဆိုင်မှုမဟုတ်၊ အစည်းအဝေး ပေါက်ကြားသလိုလုပ်ပြီး ဂျင်းထည့်တာဖြစ်၊ EAO တွေအကြား လူမျိုးရေး ဘာသာရေး ပူးသတ်ဆိုက်ဝါးတွေ ဆက်လာနိုင်၊ အားလုံးသတိပြုပါ၊

စက္ကန့် ၇၀ အတွင်း ဗမာသူပုန်ဆိုတဲ့ စကားလုံးကို ၇ ခါ ပြောသွားတာဟာ တိုက်ဆိုင်မှုမဟုတ်၊ အစည်းအဝေး ပေါက်ကြားသလိုလုပ်ပြီး ဂျင်းထည့်တာဖြစ်၊ EAO တွေအကြား လူမျိုးရေး ဘာသာရေး ပူးသတ်ဆိုက်ဝါးတွေ ဆက်လာနိုင်၊ အားလုံးသတိပြုပါ၊
===============

အမေစုရဲ့ အိုင်စီဂျေလျှောက်လဲချက်နဲ့ ဖေဖဝါရီ ၁ ရက် တိတ်ဆိတ်သပိတ် တိုက်ပွဲခေါ်သံ ထွက်လာရော တုန်နေအောင်ကြောက်သွားတဲ့ မအလ စကစဟာ ဆိုက်ဝါးတွေ ဆက်တိုက် ထုတ်လာတာတွေ့ရပါတယ်။အမေစုရဲ့ အိုင်စီဂျေ လျှောက်လဲချက်လင့် https://m.facebook.com/story.phpstory_fbid=256383016655333&id=100068509098807

နှစ်ပတ်လည် တိတ်ဆိတ်သပိတ် တိုက်ပွဲခေါ်သံ
https://m.facebook.com/story.php?story_fbid=220570143620601&id=108787768132173
===============

(၁)ဦးဆုံးထွက်လာတဲ့ ဆိုက်ဝါးကတော့ အသေခံဗုံးခွဲတာတွေ စပြီဆိုတဲ့ ဆိုက်ဝါးပါပဲ။ PDF ကို နိုင်ငံတကာက အထင်လွဲအောင် သတင်းတုနဲ့ နှပ်ကြောင်းပေးထားတဲ့ ပူးသတ်ဆိုက်ဝါး ဖြစ်ပါတယ်။ ရှဲတဲ့သူတွေကလည်း ရှဲနေကြတုန်းပါပဲ။ ဓါတ်ပုံတွေကတော့ ဗီယက်နမ်က ဓါတ်ပုံတွေကို ယူသုံးထားပါတယ်။ သတင်းမှားဆိုက်ဝါး ပို့စ်ဆိုပြီး မန့်မှာ သွားပြောလို့ ပြန်ဖျက်တဲ့သူတွေ ရှိသလို သိသိကြီးနဲ့ ဆက်တင်ထားတဲ့ ဒီမိုအယောင်ဆောင် ရှီကျိန်းဖျင် ခြံစောင့်တွေလည်း ရှိနေပါတယ်။

သတင်းတု ဖြစ်ကြောင့် ရေးထားတဲ့လင့်
https://m.facebook.com/story.php?story_fbid=256637456629889&id=100068509098807
===============

(၂)နောက်ထပ်ထွက်လာတာကတော့ လမ်းသွားလမ်းလာ ဖုံးတွေကို စစ်နေပြီ၊ VPN တွေ့လို့ ဖမ်းသွားပြီ ဆိုတဲ့ ဆိုက်ဝါးသတင်းတုပါပဲ။ ဟိုနေရာဖြစ်နေသယောင် ဒီနေရာဖြစ်နေသယောင် ရေးထားကြတာပါ။ ဖုန်းထဲက ဖျက်ထားတာတွေကို ပြန်ဖော်စစ်နေကြတာဆိုပဲ၊ အဲလို ဖုံးကို စစ်နေတုန်း ဖုံးပိုင်ရှင်ကို နှလုံးခုန်နှုန်းတွေတောင် တိုင်းကြည့် မှတ်တမ်းယူနေတယ် ဆိုတာပါ သတင်းတုပို့စ်ထဲ ပါလာတာတွေ့ရ‌ပါတယ်။

လမ်းသွားလမ်းလာတိုင်းကို အဲလိုပိတ်စစ်ဖို့ရာ လူရာကျော်လိုတယ်။ မအလ စကစမှာ အဲလိုလူ မရှိ။ တကယ်ဖြစ်ညှစ်လုပ်ရင်တောင် အဲဒီနေရာမှာ တခဏအတွင်း လူအုပ်ကြီးနဲ့ ရုတ်ရုတ်သဲသဲ ဖြစ်သွားမှာ။ ဘယ်နေရာမှာလဲ တွေ့ခဲ့ မြင်ခဲ့လို့ တင်တာလားဆိုတော့ မန္တလေးမှာတဲ့ လာလိုက်ချည်သေး။ မန္တလေးကို ဒီလိုလာလုပ်လို့ကတော့ တစ်မြို့လုံးထွက်တုပ်မှာပေါ့ ပြောတော့မှ သတိထားရအောင် လိုင်းပေါ်တွေ့မိတာ ပြန်တင်တာပါဆိုပြီး လျှောချ သွားတယ်။

သတိ နဲ့ ပူပန်မှု မတူပါဘူး၊ သတိက ဉာဏ်ပါပါတယ်၊ ပူပန်မှုက ဒေါသအစေအပါးတစ်ခုပါ။ သတိဖြစ်အောင် ပို့စ်တင်တယ်ခေါင်းစဉ်တပ်ပြီး ပူပန်မှုဖြစ်အောင် ရေးနေကြတာတွေရှိပါတယ်၊ တကယ်တော့ အဲဒါမျိုးတွေဟာ ရှီကျိန်းဖျင်ခြံစောင့် ပူးသတ်ဆိုက်ဝါးတွေပါပဲ။
===============

(၃)ခေတ်သစ်က တင်ထားတဲ့ ပေါက်ကြား အသံဖိုင်တစ်ခုမှာ ဂျင်းတွေပါလာတာတွေ့ရပါတယ်။ အဲဒီ ပေါက်ကြား အသံဖိုင်ရဲ့ ၃ မိနစ် ၄၀ စက္ကန့်ကနေ ၄ မိနစ် ၅၀ စက္ကန့်အတွင်း PDF ဟာ ဗမာသူပုန် ဆိုတဲ့ စကားလုံးကို ၇ ခါ အထိ ဆက်တိုက်ပြောသွားတာကိုတွေ့ရပါတယ်။ ဆွေးနွေးတဲ့သူဟာ လုံခြုံရေးဆိုင်ရာ အကြောင်းအရာကို ဆွေးနွေးနေတာနဲ့ မတူပဲ ဆိုက်ဝါးဌာနက ရေးပေးတဲ့ ပူးသတ်ဆောင်းပါးကြီးကိုဖတ်ပြနေသလိုပါပဲ။ ခေတ်သစ် လင့်ထဲမှာ ကြည့်ပါ။
https://fb.watch/aJmMtlW_pH/
===============

ကြုံတုန်းလေး ပြောလိုက်ချင်တာက ရှီကျိန်းဖျင် ဟာ ကမ္ဘာ့ ဆိုရှယ်မီဒီယာထဲမှာ တစ်နှစ်ကို သတင်းတု သတင်းယောင် သန်းပေါင်း ၄၅၀နီးပါး နှစ်စဉ် ထုတ်လွှင့်ပါသတဲ့။ ဒါဟာ ဟားဗတ်တက္ကသိုလ်ရဲ့ ၂၀၁၆ ခုနှစ်ကတည်းက တွေ့ရှိထားချက်ပါ။

ကမ္ဘာကြီးကို မကြည့်ပဲ မြန်မာ့အရေးကို သီးခြားကွက်ကြည့်နေရင်တော့ သူရဲကား ကြောက်နေရဲ့ ဘဝ ရောက်သွားပါလိမ့်မယ်။ ကိုယ့်သားသမီးတွေကို လူတောတိုးစေချင်ရင် သရဲကား ရိုက် ကွင်း‌တွေ ပြထားကြပါလို့။

ဟားဗတ်လင့်က ဒီမှာပါ။
https://news.harvard.edu/…/06/behind-chinas-viral-curtain/

သရဲကား ရိုက်ကွင်းကြည့်မယ်ဆိုရင်

ပြင်သစ်ပါလီမန်က ရှီကျိန်းဖျင်ရဲ့ ဝီဂါပြည်သူတွေအပေါ် နှိပ်ကွပ်တာတွေဟာ လူမျိုးသုဉ်း သတ်ဖြတ်မှု ကျူးလွန်တာ ဆိုပြီး ရှုတ်ချလိုက်ပါတယ်။
https://m.facebook.com/story.php?story_fbid=255411266752508&id=100068509098807
===============

ရှေ့ဆုံးက စမျဥ်းတုံး (သတ်ပုံ သည်းခံပါ)

တစ်သက်မှာ တစ်ခါတစ်လေတော့ ဝမ်းချုပ်ဖူးကြမယ်။
ဝမ်းချုပ်ရက် ကြာတဲ့အခါမှာ ရှေ့ဆုံးကခံနေတာက စမျဥ်းတုံး။

အဲဒီခံနေတဲ့ စမျဥ်းတုံးထွက်သွားရင် စောစောပိုင်းက ဟိုလိုလိုဒီလိုလို ရစ်ခံနေတာတွေပါ ပျောက်သွားပြီး တစ်နေ့လုံးကိစ္စ ဖြေရှင်းပြီးသားဖြစ်ပြီး ပေါ့ပါးသွားတယ်။

အဲဒီရှေ့ဆုံးကပိတ်နေတဲ့ စမျဥ်းတုံးက ရက်ကြာရင်ခြောက်ပြီးမာလာတယ်။ တော်တော်နဲ့ မထွက်ဘူး။ ညှစ်ရ ခက်တယ်။ ကမုတ်ပေါ်ထိုင်ညှစ်ရင်း မှတ်ဖူးတယ်။ မျက်နှာတစ်ခုလုံး ရှုံ့မဲ့နေအောင် ညှစ်ရတယ်။

ခေါင်းကဆံပင်ထဲပါ ချွေးပြန်အောင် ညှစ်ရတယ်။
လည်ပင်းကြောပါ ထောင်တယ်။

တစ်ကိုယ်လုံးကို ကွေးညွှတ်ပြီး ညှစ်ရတယ်။
ခြေချောင်းလေးတွေပါ ကွေးသွားတယ်။

တစ်ကိုယ်လုံး အားကုန်ညှစ်လိုက်လို့ အဲဒီစမျဉ်းတုံး ထွက်ကျသွားပြီးရင် အဲဒီနေ့မှာ လောကကို ဒူးနဲ့တိုက်လို့ ရပြီ။
ခရက်ဒစ် APK နော် သူရေးတာ 😁😁

https://m.facebook.com/story.php…