ၾကားသိသမွ်

ရှမ်းတောင်အခြေစိုက် WRFအဖွဲ့က ကရင်နီပြည်တိုက်ပွဲများတွင် ပါဝင်တိုက်ခိုက်ပေးနေ

ရှမ်းတောင်အခြေစိုက် WRFအဖွဲ့က ကရင်နီပြည်တိုက်ပွဲများတွင် ပါဝင်တိုက်ခိုက်ပေးနေ

လူမျိုးစုံ၊ ဘာသာစုံနှင့် ဖွဲ့စည်းထားသည့် ရှမ်းပြည်နယ်တောင်ပိုင်းအခြေစိုက် WRFအဖွဲ့က လက်ရှိအချိန်၌ ကရင်နီပြည်နယ်တွင်းရှိ ရှေ့တန်းစစ်မြေပြင်များတွင် ဒေသခံတိုင်းရင်းသားလက်နက်ကိုင်များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်အတူ ပါဝင်တိုက်ခိုက်‌ပေးလျက်ရှိကြောင်း Wolf Revolution Force(WRF)ထံမှ သိရသည်။

WRF (Wolf Revolution Force )အဖွဲ့သည် ရှမ်းပြည်နယ်တောင်ပိုင်း၌ အခြေစိုက်ပြီး ရှမ်း/ကယားနယ်မြေတစ်ဝိုက်၌ လှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်ကြောင်း Wolf Revolution Forceခေါင်းဆောင်ဖြစ်သူ ခွန်ရွှေလောင်းက ပြောသည်။


“ကျွန်တော်တို့အဖွဲ့ထဲမှာ ဧရာ၀တီတိုင်း၊ တနင်္သာ ရီတိုင်းနဲ့ ရှမ်းတောင်က တိုင်းရင်းသားတွေနဲ့ဖွဲ့စည်းထားတာပါ။ နေရာတစ်နေရာ၊ လူမျိုးတစ်မျိုးထဲကိုပဲ ကိုယ်စားပြုတာမဟုတ်ပါဘူး။

အဖွဲ့ရဲ့ အဓိကရည်ရွယ်ချက်ကတော့ စစ်အာဏာရှင် အပြီးတိုင်ချုပ်ငြိမ်းစေဖို့နဲ့ တိုင်းရင်းသားအားလုံးတန်းတူအခွင့် အရေးရရှိစေဖို့ပါ”ဟု ၎င်းက ပြောသည်။


ထို့အပြင် WRFအ‌နေဖြင့် ကရင်နီ(ကယား) ပြည်နယ်က စစ်ရှောင်များကို ကူညီဆောင်ရွက်ပေးနေပြီး လုပ်ဆောင်ချက်နှင့် မူဝါဒသဘောထား တူညီသည့် တော်လှန်ရေးအဖွဲ့အစည်းများနှင့် လက်တွဲလုပ်ဆောင်သွားရန် အဆင်သင့်ရှိနေသည်ဟု ခွန်ရွှေလောင်းက ဆက်ပြောသည်။


WRFအဖွဲ့အနေဖြင့် လတ်တလောတွင် လက်နက်အပြည့်အစုံမရှိသေးသည့်အတွက် ရဲဘော်အချို့သာ ကရင်နီပြည်နယ်တွင်းရှိ ရှေ့တန်းစစ်မြေပြင်များတွင် ပါဝင်တိုက်ခိုက်လျက်ရှိပြီး

ကျန်တပ်ဖွဲ့ဝင်များက စစ်ပွဲအတွင်းပိတ်မိနေသည့် ပြည်သူများကို ရှာဖွေကယ်ထုတ်ပေးလျက်ရှိကာ အခြားညီနောင်တော်လှန်ရေးအဖွဲ့များနှင့် ပူးပေါင်းပြီး စစ်အာဏာရှင်ကို အမြစ်ပြတ်တော်လှန်သွားမည်ဖြစ်ကြောင်းကိုလည်း သိရသည်။

#MeKongNews

ရွမ္းေတာင္အေျခစိုက္ WRFအဖြဲ႕က ကရင္နီျပည္တိုက္ပြဲမ်ားတြင္ ပါဝင္တိုက္ခိုက္ေပးေန

လူမ်ိဳးစုံ၊ ဘာသာစုံႏွင့္ ဖြဲ႕စည္းထားသည့္ ရွမ္းျပည္နယ္ေတာင္ပိုင္းအေျခစိုက္ WRFအဖြဲ႕က လက္ရွိအခ်ိန္၌ ကရင္နီျပည္နယ္တြင္းရွိ ေရွ႕တန္းစစ္ေျမျပင္မ်ားတြင္ ေဒသခံတိုင္းရင္းသားလက္နက္ကိုင္မ်ား၊ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕မ်ားႏွင့္အတူ ပါဝင္တိုက္ခိုက္‌ေပးလ်က္ရွိေၾကာင္း Wolf Revolution Force(WRF)ထံမွ သိရသည္။

WRF (Wolf Revolution Force )အဖြဲ႕သည္ ရွမ္းျပည္နယ္ေတာင္ပိုင္း၌ အေျခစိုက္ၿပီး ရွမ္း/ကယားနယ္ေျမတစ္ဝိုက္၌ လႈပ္ရွားေနသည့္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕တစ္ခုျဖစ္ေၾကာင္း Wolf Revolution Forceေခါင္းေဆာင္ျဖစ္သူ ခြန္ေရႊေလာင္းက ေျပာသည္။

“ကၽြန္ေတာ္တို႔အဖြဲ႕ထဲမွာ ဧရာ၀တီတိုင္း၊ တနသၤာ ရီတိုင္းနဲ႔ ရွမ္းေတာင္က တိုင္းရင္းသားေတြနဲ႔ဖြဲ႕စည္းထားတာပါ။ ေနရာတစ္ေနရာ၊ လူမ်ိဳးတစ္မ်ိဳးထဲကိုပဲ ကိုယ္စားျပဳတာမဟုတ္ပါဘူး။ အဖြဲ႕ရဲ့ အဓိကရည္ရြယ္ခ်က္ကေတာ့ စစ္အာဏာရွင္ အၿပီးတိုင္ခ်ဳပ္ၿငိမ္းေစဖို႔နဲ႔ တိုင္းရင္းသားအားလုံးတန္းတူအခြင့္ အေရးရရွိေစဖို႔ပါ”ဟု ၎က ေျပာသည္။

ထို႔အျပင္ WRFအ‌ေနျဖင့္ ကရင္နီ(ကယား) ျပည္နယ္က စစ္ေရွာင္မ်ားကို ကူညီေဆာင္ရြက္ေပးေနၿပီး လုပ္ေဆာင္ခ်က္ႏွင့္ မူဝါဒသေဘာထား တူညီသည့္ ေတာ္လွန္ေရးအဖြဲ႕အစည္းမ်ားႏွင့္ လက္တြဲလုပ္ေဆာင္သြားရန္ အဆင္သင့္ရွိေနသည္ဟု ခြန္ေရႊေလာင္းက ဆက္ေျပာသည္။

WRFအဖြဲ႕အေနျဖင့္ လတ္တေလာတြင္ လက္နက္အျပည့္အစုံမရွိေသးသည့္အတြက္ ရဲေဘာ္အခ်ိဳ႕သာ ကရင္နီျပည္နယ္တြင္းရွိ ေရွ႕တန္းစစ္ေျမျပင္မ်ားတြင္ ပါဝင္တိုက္ခိုက္လ်က္ရွိၿပီး က်န္တပ္ဖြဲ႕ဝင္မ်ားက စစ္ပြဲအတြင္းပိတ္မိေနသည့္ ျပည္သူမ်ားကို ရွာေဖြကယ္ထုတ္ေပးလ်က္ရွိကာ အျခားညီေနာင္ေတာ္လွန္ေရးအဖြဲ႕မ်ားႏွင့္ ပူးေပါင္းၿပီး စစ္အာဏာရွင္ကို အျမစ္ျပတ္ေတာ္လွန္သြားမည္ျဖစ္ေၾကာင္းကိုလည္း သိရသည္။

#MeKongNews