ၾကားသိသမွ်

အာဆီယံအစည်းအဝေးအထမမြောက်အောင်ရည်ရွယ်သည့်အဖွဲ့ဝင်နိုင်ငံဝန်ကြီးများ၏အပြုအမှုသည် သူရဲဘောကြောင်သည့်လုပ်ရပ်ဟု ဝဏ္ဏမောင်လွင်မှ ပြောဆို

အာဆီယံအစည်းအဝေးအထမမြောက်အောင်ရည်ရွယ်သည့်အဖွဲ့ဝင်နိုင်ငံဝန်ကြီးများ၏အပြုအမှုသည် သူရဲဘောကြောင်သည့်လုပ်ရပ်ဟု ဝဏ္ဏမောင်လွင်မှ ပြောဆို
ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်တွင်ကျင်းပမည့် အာဆီယံအဖွဲ့ဝင် နိုင်ငံများဆိုင်ရာ တွေ့ဆုံစည်းဝေးပွဲအား မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ဖိလစ်ပိုင် နှင့်ဘရူနိုင်းနိုင်ငံတို့က အကြောင်းအမျိုးမျိုးပြ မတက်ရောက်ကြခြင်းသည် မြန်မာပြည်က ပြည်သူနှင့်အစိုးရကို တိုက်ရိုက်စော်ကားပြလိုက်ခြင်းဖြစ်တယ်လို့ အကြမ်းဖက်စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်မှ ထုတ်ဖော်ပြောဆိုသည်။


မလေးရှားက ရေကြီးတာအကြောင်းပြတယ်၊ စက်ာပူနဲ့ ဘရူနိုင်းက တက်ရောက်မဲ့ဝန်ကြီးတွေအလုပ်မအားတာ အကြောင်းပြတယ်၊အင်ဒိုနဲ့ဖိလစ်ပိုင်က ပြန်စာလေးတောင်မပို့ကြဘူး၊ဗီယက်နမ်နဲ့ထိုင်းကလည်း အများမတက်လို့မလာဖြစ်ဘူးလို့ပြောတယ်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ကပြောသည်။
ဝဏ္ဏမောင်လွင်မှ မိမိသည်တာဝန်နှင့်ဝတ္တရားအရ တက်ရောက်လိုခြင်းဖြစ်ပြီး အစိုးရသည် စစ်အစိုးရဖြစ်ခြင်း၊ မဖြစ်ခြင်းနှင့်မဆိုင်ကြောင်း၊ စစ်တပ်ကအာဏာသိမ်းအစိုးရလုပ်သည့်အတွက်ဆန့်ကျင်သည့်သဘော အာဆီယံအဖွဲ့ဝင် နိုင်ငံများကပြုမှုနေခြင်းသည် သူရဲဘောကြောင်သည့်လုပ်ရပ်အဖြစ် မိမိတို့အစိုးရကမှတ်ယူရလိမ့်မည်ဟုပြောဆိုသည်။
မြန်မာနိုင်ငံသည် အာဆီယံ အဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ အခြားအာဆီယံ နိုင်ငံများကိုတလေးတစား ဆက်ဆံနေသလို အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့်လည်း မြန်မာနိုင်ငံကို လေးစားသမှုရှိသင့်တယ်လို့လည်းထပ်လောင်းပြောဆိုသည်။
နိုင်ငံခြားရေးဝန်ကြီး page Credit
ရဲဇော် 🇱🇷

Zawgyi
အာဆီယံအစည္းအေဝးအထမေျမာက္ေအာင္ရည္ရြယ္သည့္အဖြဲ႕ဝင္နိုင္ငံဝန္ႀကီးမ်ား၏အျပဳအမႈသည္ သူရဲေဘာေၾကာင္သည့္လုပ္ရပ္ဟု ဝဏၰေမာင္လြင္မွ ေျပာဆို
ကေမၻာဒီးယားနိုင္ငံ ဖႏြမ္းပင္တြင္က်င္းပမည့္ အာဆီယံအဖြဲ႕ဝင္ နိုင္ငံမ်ားဆိုင္ရာ ေတြ႕ဆုံစည္းေဝးပြဲအား မေလးရွား၊ အင္ဒိုနီးရွား၊ စင္ကာပူ၊ဖိလစ္ပိုင္ ႏွင့္ဘ႐ူနိုင္းနိုင္ငံတို႔က အေၾကာင္းအမ်ိဳးမ်ိဳးၿပ မတက္ေရာက္ၾကျခင္းသည္ ျမန္မာျပည္က ျပည္သူႏွင့္အစိုးရကို တိုက္ရိုက္ေစာ္ကားျပလိုက္ျခင္းျဖစ္တယ္လို႔ အၾကမ္းဖက္စစ္ေကာင္စီခန႔္ နိုင္ငံျခားေရးဝန္ႀကီး ဝဏၰေမာင္လြင္မွ ထုတ္ေဖာ္ေျပာဆိုသည္။မေလးရွားက ေရႀကီးတာအေၾကာင္းျပတယ္၊ စက္ာပူနဲ႔ ဘ႐ူနိုင္းက တက္ေရာက္မဲ့ဝန္ႀကီးေတြအလုပ္မအားတာ အေၾကာင္းျပတယ္၊အင္ဒိုနဲ႔ဖိလစ္ပိုင္က ျပန္စာေလးေတာင္မပို႔ၾကဘူး၊ဗီယက္နမ္နဲ႔ထိုင္းကလည္း အမ်ားမတက္လို႔မလာျဖစ္ဘူးလို႔ေျပာတယ္ဟု ကေမၻာဒီးယားဝန္ႀကီးခ်ဳပ္ဟြန္ဆန္ကေျပာသည္။ဝဏၰေမာင္လြင္မွ မိမိသည္တာဝန္ႏွင့္ဝတၱရားအရ တက္ေရာက္လိုျခင္းျဖစ္ၿပီး အစိုးရသည္ စစ္အစိုးရျဖစ္ျခင္း၊ မျဖစ္ျခင္းႏွင့္မဆိုင္ေၾကာင္း၊ စစ္တပ္ကအာဏာသိမ္းအစိုးရလုပ္သည့္အတြက္ဆန႔္က်င္သည့္သေဘာ အာဆီယံအဖြဲ႕ဝင္ နိုင္ငံမ်ားကျပဳမႈေနျခင္းသည္ သူရဲေဘာေၾကာင္သည့္လုပ္ရပ္အျဖစ္ မိမိတို႔အစိုးရကမွတ္ယူရလိမ့္မည္ဟုေျပာဆိုသည္။ျမန္မာနိုင္ငံသည္ အာဆီယံ အဖြဲ႕ဝင္နိုင္ငံျဖစ္သည္ႏွင့္အညီ အျခားအာဆီယံ နိုင္ငံမ်ားကိုတေလးတစား ဆက္ဆံေနသလို အျခားအာဆီယံအဖြဲ႕ဝင္နိုင္ငံမ်ားအေနျဖင့္လည္း ျမန္မာနိုင္ငံကို ေလးစားသမႈရွိသင့္တယ္လို႔လည္းထပ္ေလာင္းေျပာဆိုသည္။
နိုင္ငံျခားေရးဝန္ႀကီး page Credit
ရဲေဇာ္ 🇱🇷