ၾကားသိသမွ်

“ရဲရဲဝံ့ဝံ့နဲ့တိုက်ပွဲဝင်ကြပါ၊ တောင်ပေါ်မြေပြန့်တွေမခွဲနဲ့၊ ခရာတုတ်ပြိုင်တဲ့ပွဲမဟုတ်တဲ့အတွက်ကြောင့် ဘယ်ခရာသံမှနားစွင့်နေစရာမလိုဘူး”

“ရဲရဲဝံ့ဝံ့နဲ့တိုက်ပွဲဝင်ကြပါ၊ တောင်ပေါ်မြေပြန့်တွေမခွဲနဲ့၊ ခရာတုတ်ပြိုင်တဲ့ပွဲမဟုတ်တဲ့အတွက်ကြောင့် ဘယ်ခရာသံမှနားစွင့်နေစရာမလိုဘူး”

တော်လှန်ရေးအရှိန်အဟုန်မြှင့်လာတာနဲ့အမျှ စစ်ကောင်စီဟာတိုက်ခိုက်နှိမ်နင်းမှုတွေကို မြေပြင်ကသာမကပဲ ဝေဟင်ကပါ ပြင်းပြင်းထန်ထန်ပြုလုပ်လာနေပါတယ်။ အဲဒီလိုတိုက်ခိုက်မှုကို ပြည်နယ်တွေမှာရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေမှာသာမကပဲ တိုင်းဒေသကြီးတွေမှာရှိတဲ့ PDF တပ်ဖွဲ့တွေကိုလည်း ပြုလုပ်လာနေတာဖြစ်ပါတယ်။ အဲဒီအခြေနေတွေနဲ့ပတ်သက်ပြီး Pale People’s Defence Force (PPDF )မှ ဗိုလ်နဂါး ကို မြေလတ်အသံသတင်းဌာနက ဆက်သွယ်မေးမြန်းထားချက်များကို ကောက်နုတ်ဖော်ပြပေးလိုက်ပါတယ်။


မေး- အခုရက်ထဲမှာ ဗိုလ်နဂါးတို့နယ်မြေကို စစ်ကောင်စီက လေယာဥ်နဲ့ပါ အင်အားသုံးတိုက်ခိုက်နေတဲ့ အခြေနေလေး ပြောပြပေးပါအုံး။

ဖြေ- စစ်ကောင်စီကလေယာဉ်နဲ့တိုက်တာဟာ တိုက်ပွဲသဘောတရားမဟုတ်ဖူးဗျ၊ ပြည်သူနဲ့ တွေ့ဆုံပွဲလေးလုပ်ဖို့ရာ အတွက်စောစောကစီစဉ်ကြတာရှိတယ်။ အဲဒါကိုကျနော်ကိုလည်းဖိတ်ထားတော့ ကျနော်လာမယ်ထင်ပြီးတော့ လေယာဉ်နဲ့လုပ်ကြတာလို့ရွာကလူတွေကပြောတယ်။ အဲဒီမှာကျနော်ကခရီးလွန်နေတဲ့အတွက် အစည်းအဝေးကိုမသွားနိုင်ခဲ့ဘူး၊ တစ်ခြားသူတွေတော့ သွားလာတာရှိကောင်းရှိမယ်၊ အဲဒီနေရာမှာ ကျနော်ရှိတယ်လို့သတင်းရလို့သူတို့က ရဟက်ယာဉ်သုံးပြီး‌တော့ အပစ်အခတ်တွေပြင်းပြင်းထန် လုပ်ခဲ့တယ်ကြားတယ်။ အဲဒီမှာပြည်သူတချို့သေတယ်၊ တချို့တွေအဖမ်းခံရတယ်၊ နေအိမ်တချို့အဆောက်အဦးတချို့မီးရှို့ဖျက်ဆီးခံရတယ် လို့ကြားသိရတယ်။

မေး- လက်နက်အင်အား ချင်းမမျှတဲ့ စစ်ကောင်စီကို PDF ခေါင်းဆောင်တယောက်အနေနဲ့ ဘယ်လို ပြင်ဆင်တိုက်ခိုက်နေလဲ (ပြောပြလို့ရတဲ့အခြေနေရှိရင် ပြောပြပေးပါလား)။

ဖြေ- လက်နက်ကိုင်တဲ့လမ်းစဉ်က ကျနော်တို့မှာအစကတဲ့ စနစ်တကျစီစဥ်ပြီး‌တော့ ရွေးချယ်ခဲ့တဲ့ လမ်းစဉ်မဟုတ်ဖူးဗျ၊ မလွှဲသာလို့ကောက်ခါငင်ခါထပြီး လုပ်ရတာဆိုတော့ တချို့ဟာတွေကလုပ်ရင်းနဲ့ ပဲပြင်ဆင်သွားရတာ၊ အဓိကတော့စိတ်ဓါတ်ကိုပြင်ဆင်ရတာပဲ၊ ကျန်တာလက်နက်ဆိုတာက လုပ်ရင်းကိုင်ရင်းနဲ့ဖြစ်သွားတာ၊ စိတ်ဓါတ်ကဘာလည်းဆိုတော့ ကျနော်တို့တိုင်းပြည်ကမရိုးသားတဲ့အတ္တဝါဒ အဓမ္မဝါဒ သမားတွေကြောင့်ဒီတိုင်းပြည်ဟာ အားလုံးဒုက္ခရောက်နေတယ်၊ အနာဂတ်မျိုးဆက်သစ်တွေ အပေါ်မှာ ကျနော်တို့ဟာတာဝန်မကျေတဲ့ မိဘတွေအဖြစ်နဲ့ဂုဏ်သိက္ခာမဲ့စွာရှင်သန်နေရမှာ၊ ရှင်လျက်နဲ့ဘဝသေရမဲ့ ဘဝမှာမနေတော့ဘူး၊ လူဟာလူသားပီပီပဲ ရဲရဲဝံ့ဝံ့နဲ့ရပ်တည်မယ်ဆိုပြီးတော့ ကျနော်တို့ဟာယဉ်ယဉ်ကျေးကျေး ဆန္ဒပြလို့မရတဲ့အဆုံး လက်နက်ကိုကိုင်ခဲ့ကြတာပဲ။


မေး- တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးရဲဘော် တွေ မှာ အခက်ခဲအများကြီးထဲကမှ ဘယ်လိုအရာတွေက ပိုခက်ခဲနေလဲ။

ဖြေ- အခက်အခဲကတော့တိုက်ပွဲဝင်တဲ့နေရာမှာ လက်နက်ကအဓိကကို အဲဒီလက်နက်က ရှိပြီးသားရဲဘော်တွေ အတွက်တောင်မပြည့်စုံဘူး၊ မပြည့်စုံတဲ့အခါကြတော့နောက်ရောက်လာတဲ့ အင်အားတွေအတွက် ကျနော်တို့မှာ တော်တော်လေးကြိုးစားရတာခက်တယ်၊ အဓိကကတော့လက်နက်ပါပဲ။

မေး- အခြား တပ်ဖွဲ့တွေနဲ့ ချိတ်ဆက်မှု ဘယ်နှစ်ဖွဲ့လောက် ရှိထားပြီလဲ။

ဖြေ- တော်လှန်ရေးအရှိန်အဟုန်မြှင့်ဖို့ အတွက်ဆိုရင် Eaoတွေကော AA လက်နက်ကိုင်ပေါင်းစုံနဲ့ချိတ်ဆက် ပြီးတော့ အရှိန်အဟုန်မြှင့်ရမှာကို အဲဒီတော့ကျနော်တို့ကအရင်တုန်းကမဟာမိတ်ပုံသဏ္ဍာန်နဲ့သွားခဲ့တာ၊ အဖွဲ့ပေါင်း ၁၀၀ ကျော်တယ်၊ အရမ်းကြီးမထိရောက်တဲ့အတွက် တသားထဲအဖွဲ့အစည်းဖြစ်ဖို့ MRD ကိုထူထောင်လိုက်တယ်၊ အခုဆိုရန်ကုန်မှာကော မန္တလေး အထက်ပိုင်း အောက်ပိုင်း အလယ်ပိုင်း မြို့ကြီးတွေကိုဆုံမှတ်ထားပြီးတော့ ကျန်တဲ့ဒေသဇုန်ကနေ အင်အားတော်တော်စုစည်းမိပါတယ်၊ အဲဒါအတွက်အင်အားတွေ ဖြည့်စည်းပြီးတော့ တက်နိုင်သမျှလှုပ်ရှားသွားမှာပါ၊

မေး- လက်ရှိရင်ဆိုင်နေရတဲ့ တိုက်ပွဲအတွေ့ပြောပြပေးပါအုံး။

လက်ရှိတိုက်ပွဲအတွေ့အကြုံတွေကတော့ ရန်သူ့ဘက်ကတော့လက်နက်အင်အား လူအင်အား အပြည့်အစုံနဲ့လာကြတာကို ကျနော်တို့ဘက်ကတော့ ဒေသအတွင်းမှာရှိတဲ့ကိုယ်တိုင်လုပ်ထားတဲ့ လက်လုပ်တူမီးတို့ လက်လုပ်မိုင်းတို့နဲ့ ရင်ဆိုင်ကြရတာပေါ့၊ အဲဒီတော့ ကျနော်တို့ရဲ့တိုက်ပွဲ အတွေ့အကြုံကတော့ မိုင်းဆွဲတာတို့ ပြောက်ကျားတိုက်ခိုက်တာတို့များတယ်။ ရန်သူနဲ့ထိပ်တိုက်ရင်ဆိုင်တဲ့ တိုက်ပွဲတွေကြတော့ ပြောက်ကျားမိုင်းဆွဲတိုက်ခိုက် တာလောက်တော့မများဘူးပေါ့။ ဒါပေမဲ့ဒေသရဲ့အနေအထားအရကတော့ ဒီ D DAY မစခင်ကတဲ့ကစစ်ကြောင်းတွေနဲ့ ကျနော်တို့မြို့နယ်က ဝင်ပြီးတော့စစ်ကောင်စီဘက်ကပြင်းပြင်းထန်ထန် ထိုးနှက်တာတွေရှိနေတော့ မြေပြင်တိုက်ပွဲ အတွေ့အကြုံတွေက မလွှဲမရှောင်သာရင်ဆိုင်ရတာပဲ၊ အဲဒါနဲ့ပတ်သက်ပြီးတော့ လက်နက်အင်အားကြည့်ပြီး တော့ဒေသအနေအထားနဲ့ဘယ်လိုချဥ်းကပ်ရမလဲ ဘယ်လိုတိုက်ခိုက်ရမလဲ အတွေ့အကြုံတွေကတော့ ထိုက်သင့်အားလျှော်စွာရဲဘော်တွေမှာလည်းရှိနေကြပါပြီ။

မေး- လက်နက်ထုတ်လုပ်မှုအပိုင်းကရော ဘယ်လောက်ထိထုတ်လုပ်နိုင်ပြီလဲ။

ဖြေ- လက်နက်ထုတ်လုပ်မှုအပိုင်းကတော့ တာဝေးပစ်တို့ လက်လုပ်မိုင်းတို့ပစ္စည်းတွေပါပဲ၊ လက်လုပ်တတောင့်ထိုး ကျည်နဲ့ပစ်တဲ့ဟာတွေ၊ နောက်တော့ဒီမှာအတွဲလိုက်ပေါ့ အော်တိုစနစ်နဲ့လေးငါးရှစ်တောင့်ထည့်ပြီး ပစ်တဲ့လက်နက်တွေလည်း စမ်းသပ်ထုတ်လုပ်နေပါပြီ၊ safe ဖြစ်ဖို့တော့ကြိုးစားနေဆဲပေါ့၊


မေး- တိုက်ပွဲတွေအတွင်းမှာ ပြည်သူတွေ ထိခိုက်ဆုံးရှုံးမှု ဘယ်လောက်ထိ ရှိနေပြီလဲ။

ဖြေ- မနေ့ကသေတာ လေးငါးယောက်လို့ပြောတယ်၊ ကျနော်ထင်တာကတော့ အဲဒီလောက်မကဘူးလို့ပြောချင်တယ်၊ ဒါကိုတော့အရေအတွက် အတိအကျအတည်မပြုနိုင်သေးဘူး၊ ကျနော်ကတော့အနောက်ဘက် မြေပြန့်တစ်နေရာမှာတည်ရှိနေတာ၊

မေး- အခြားတော်လှန်ရေး ရဲဘော်တွေကိုဘာများ ပြောချင်သေးလဲ။

ဖြေ- ရဲဘော်တွေကိုထပ်ဆင့်ပြီးတော့ပြောရမယ်ဆိုရင် နှစ်ရှည်လများစွဲနေတဲ့ အကြောက်တရားကို ဖယ်ထုတ်ကြပါ၊ ရဲရဲဝံ့ဝံ့နဲ့တိုက်ပွဲဝင်ကြပါ၊ တောင်ပေါ်မြေပြန့်တွေမခွဲနဲ့၊ ကျနော်တို့မြေပြန့်တွေမှာလည်း လက်တွေ့စစ်ပွဲတွေဆင်နွဲပြီးပြီ၊ အခုသူတို့လေယာဉ်တွေသုံးတိုက်နေတယ်ဆိုတာ တကယ်မြေပြင်မှာ လုပ်နေကြတာ၊ တကယ်လွင်ပြင်ကြီးတွေမှာကျနော်တို့တိုက်နေရတာ၊အဲဒီတော့အားလုံးက ဒီရန်သူကိုစိုးရွံ့ထိန့်လန့်တဲ့စိတ် တတ်နိုင်သမျှမြဲနိုင်သမျှ မြဲအောင်ကြိုးစားပြီးတော့ တိုင်းပြည်အတွက်လုပ်ကိုလုပ်မှ ရမဲ့အရေးမှာနှောင့်နှေးမနေကြပါနဲ့၊ ဒီပွဲဟာ ခရာတုတ်ပြိုင်တဲ့ပွဲမဟုတ်တဲ့အတွက်ကြောင့် ဘယ်ခရာသံမှနားစွန့်နေစရာမလိုဘူး၊ အဓိက ပန်းတိုင်ရောက်ဖို့ပဲဆိုတော့ ကြုံရာကနေဝင်ပြီးတော့ ဒီပွဲကိုပါဝင်ဆင်နွဲပေးကြပါလို့ ပြောချင်တယ်။

မေး- ဖြည့်စွတ်ပြောချင်တာဘာများရှိသေးလည်းခင်ဗျာ။

ဖြေ- ကျနော်တို့ပြောစရာတော့ တိုင်းပြည်ရဲ့အနေအထားကဒီမှာ ကျနော်တို့ပြည်သူတွေလုံးဝမလိုလားတဲ့ အနေအထားကြီးတခုကို ဆိုးဆိုးဝါးဝါးကြုံတွေ့နေရတာပေါ့၊ ဒီအနေအထားကရုန်းထွက်ကြဖို့ဆိုရင်တော့ ပြည်သူတွေအားလုံးက တက်ညီလက်ညီနဲ့ပါဝင်မှရမဲ့အနေအထားပေါ့၊ ကျနော်တို့ကမပြီးတာတော့ မဟုတ်ဖူး၊ ဒါကပြီးမှာပါ၊ မညီရင်ကြာမှာပေါ့၊ ကြာတာနဲ့အမျှမလိုလားအပ်တဲ့ စရိတ်တွေပိုပြီးတော့ ကုန်လာမယ်၊ ပြီးတော့လူတယောက်ချင်း နှစ်ယောက်ချင်းတိုက်နေမယ်၊ လူဆယ်ယောက်ရှိတဲ့ဟာကို ဆယ်ယောက်လုံးတပြုံထဲထွက်ခါတိုက်ရင်ပြီးမဲ့အရေးကို လုပ်ရမဲ့အလုပ်မှန်းသိနေပြီးတဲ့နောက်မှာ မလွှဲမရှောင်သာ ဒီဗွက်ကတော့ရုန်းကိုရုန်းရမယ်ဆိုတာ ပြည်သူတွေအားလုံးသိပြီးတော့ ညီညီညွတ်ညွတ်နဲ့တွန်းထုတ်ကြစေချင်တယ်။

မေး- ဟုတ်ကဲ့အခုလိုအချိန်ပေးဖြေကြားပေးတဲ့အတွက် မြေလတ်အသံသတင်းဌာနက ကျေးဇူးတင်ပါတယ်ခင်ဗျာ။

#မြေလတ်အသံ

Zawgyi

“ရဲရဲဝံ့ဝံ့နဲ႔တိုက္ပြဲဝင္ၾကပါ၊ ေတာင္ေပၚေျမျပန႔္ေတြမခြဲနဲ႔၊ ခရာတုတ္ၿပိဳင္တဲ့ပြဲမဟုတ္တဲ့အတြက္ေၾကာင့္ ဘယ္ခရာသံမွနားစြင့္ေနစရာမလိုဘူး”

ေတာ္လွန္ေရးအရွိန္အဟုန္ျမႇင့္လာတာနဲ႔အမၽွ စစ္ေကာင္စီဟာတိုက္ခိုက္ႏွိမ္နင္းမႈေတြကို ေျမျပင္ကသာမကပဲ ေဝဟင္ကပါ ျပင္းျပင္းထန္ထန္ျပဳလုပ္လာေနပါတယ္။ အဲဒီလိုတိုက္ခိုက္မႈကို ျပည္နယ္ေတြမွာရွိေနတဲ့ တိုင္းရင္းသားလက္နက္ကိုင္ေဒသေတြမွာသာမကပဲ တိုင္းေဒသႀကီးေတြမွာရွိတဲ့ PDF တပ္ဖြဲ႕ေတြကိုလည္း ျပဳလုပ္လာေနတာျဖစ္ပါတယ္။ အဲဒီအေျခေနေတြနဲ႔ပတ္သက္ၿပီး Pale People’s Defence Force (PPDF )မွ ဗိုလ္နဂါး ကို ေျမလတ္အသံသတင္းဌာနက ဆက္သြယ္ေမးျမန္းထားခ်က္မ်ားကို ေကာက္ႏုတ္ေဖာ္ျပေပးလိုက္ပါတယ္။

ေမး- အခုရက္ထဲမွာ ဗိုလ္နဂါးတို႔နယ္ေျမကို စစ္ေကာင္စီက ေလယာဥ္နဲ႔ပါ အင္အားသုံးတိုက္ခိုက္ေနတဲ့ အေျခေနေလး ေျပာျပေပးပါအုံး။

ေျဖ- စစ္ေကာင္စီကေလယာဥ္နဲ႔တိုက္တာဟာ တိုက္ပြဲသေဘာတရားမဟုတ္ဖူးဗ်၊ ျပည္သူနဲ႔ ေတြ႕ဆုံပြဲေလးလုပ္ဖို႔ရာ အတြက္ေစာေစာကစီစဥ္ၾကတာရွိတယ္။ အဲဒါကိုက်ေနာ္ကိုလည္းဖိတ္ထားေတာ့ က်ေနာ္လာမယ္ထင္ၿပီးေတာ့ ေလယာဥ္နဲ႔လုပ္ၾကတာလို႔ရြာကလူေတြကေျပာတယ္။ အဲဒီမွာက်ေနာ္ကခရီးလြန္ေနတဲ့အတြက္ အစည္းအေဝးကိုမသြားနိုင္ခဲ့ဘူး၊ တစ္ျခားသူေတြေတာ့ သြားလာတာရွိေကာင္းရွိမယ္၊ အဲဒီေနရာမွာ က်ေနာ္ရွိတယ္လို႔သတင္းရလို႔သူတို႔က ရဟက္ယာဥ္သုံးၿပီး‌ေတာ့ အပစ္အခတ္ေတြျပင္းျပင္းထန္ လုပ္ခဲ့တယ္ၾကားတယ္။ အဲဒီမွာျပည္သူတခ်ိဳ႕ေသတယ္၊ တခ်ိဳ႕ေတြအဖမ္းခံရတယ္၊ ေနအိမ္တခ်ိဳ႕အေဆာက္အဦးတခ်ိဳ႕မီးရွို႔ဖ်က္ဆီးခံရတယ္ လို႔ၾကားသိရတယ္။

ေမး- လက္နက္အင္အား ခ်င္းမမၽွတဲ့ စစ္ေကာင္စီကို PDF ေခါင္းေဆာင္တေယာက္အေနနဲ႔ ဘယ္လို ျပင္ဆင္တိုက္ခိုက္ေနလဲ (ေျပာျပလို႔ရတဲ့အေျခေနရွိရင္ ေျပာျပေပးပါလား)။

ေျဖ- လက္နက္ကိုင္တဲ့လမ္းစဥ္က က်ေနာ္တို႔မွာအစကတဲ့ စနစ္တက်စီစဥ္ၿပီး‌ေတာ့ ေရြးခ်ယ္ခဲ့တဲ့ လမ္းစဥ္မဟုတ္ဖူးဗ်၊ မလႊဲသာလို႔ေကာက္ခါငင္ခါထၿပီး လုပ္ရတာဆိုေတာ့ တခ်ိဳ႕ဟာေတြကလုပ္ရင္းနဲ႔ ပဲျပင္ဆင္သြားရတာ၊ အဓိကေတာ့စိတ္ဓါတ္ကိုျပင္ဆင္ရတာပဲ၊ က်န္တာလက္နက္ဆိုတာက လုပ္ရင္းကိုင္ရင္းနဲ႔ျဖစ္သြားတာ၊ စိတ္ဓါတ္ကဘာလည္းဆိုေတာ့ က်ေနာ္တို႔တိုင္းျပည္ကမရိုးသားတဲ့အတၱဝါဒ အဓမၼဝါဒ သမားေတြေၾကာင့္ဒီတိုင္းျပည္ဟာ အားလုံးဒုကၡေရာက္ေနတယ္၊ အနာဂတ္မ်ိဳးဆက္သစ္ေတြ အေပၚမွာ က်ေနာ္တို႔ဟာတာဝန္မေက်တဲ့ မိဘေတြအျဖစ္နဲ႔ဂုဏ္သိကၡာမဲ့စြာရွင္သန္ေနရမွာ၊ ရွင္လ်က္နဲ႔ဘဝေသရမဲ့ ဘဝမွာမေနေတာ့ဘူး၊ လူဟာလူသားပီပီပဲ ရဲရဲဝံ့ဝံ့နဲ႔ရပ္တည္မယ္ဆိုၿပီးေတာ့ က်ေနာ္တို႔ဟာယဥ္ယဥ္ေက်းေက်း ဆႏၵျပလို႔မရတဲ့အဆုံး လက္နက္ကိုကိုင္ခဲ့ၾကတာပဲ။

ေမး- တိုက္ပြဲဝင္ေနတဲ့ ေတာ္လွန္ေရးရဲေဘာ္ ေတြ မွာ အခက္ခဲအမ်ားႀကီးထဲကမွ ဘယ္လိုအရာေတြက ပိုခက္ခဲေနလဲ။

ေျဖ- အခက္အခဲကေတာ့တိုက္ပြဲဝင္တဲ့ေနရာမွာ လက္နက္ကအဓိကကို အဲဒီလက္နက္က ရွိၿပီးသားရဲေဘာ္ေတြ အတြက္ေတာင္မျပည့္စုံဘူး၊ မျပည့္စုံတဲ့အခါၾကေတာ့ေနာက္ေရာက္လာတဲ့ အင္အားေတြအတြက္ က်ေနာ္တို႔မွာ ေတာ္ေတာ္ေလးႀကိဳးစားရတာခက္တယ္၊ အဓိကကေတာ့လက္နက္ပါပဲ။

ေမး- အျခား တပ္ဖြဲ႕ေတြနဲ႔ ခ်ိတ္ဆက္မႈ ဘယ္ႏွစ္ဖြဲ႕ေလာက္ ရွိထားၿပီလဲ။

ေျဖ- ေတာ္လွန္ေရးအရွိန္အဟုန္ျမႇင့္ဖို႔ အတြက္ဆိုရင္ Eaoေတြေကာ AA လက္နက္ကိုင္ေပါင္းစုံနဲ႔ခ်ိတ္ဆက္ ၿပီးေတာ့ အရွိန္အဟုန္ျမႇင့္ရမွာကို အဲဒီေတာ့က်ေနာ္တို႔ကအရင္တုန္းကမဟာမိတ္ပုံသ႑ာန္နဲ႔သြားခဲ့တာ၊ အဖြဲ႕ေပါင္း ၁၀၀ ေက်ာ္တယ္၊ အရမ္းႀကီးမထိေရာက္တဲ့အတြက္ တသားထဲအဖြဲ႕အစည္းျဖစ္ဖို႔ MRD ကိုထူေထာင္လိုက္တယ္၊ အခုဆိုရန္ကုန္မွာေကာ မႏၲေလး အထက္ပိုင္း ေအာက္ပိုင္း အလယ္ပိုင္း ၿမိဳ႕ႀကီးေတြကိုဆုံမွတ္ထားၿပီးေတာ့ က်န္တဲ့ေဒသဇုန္ကေန အင္အားေတာ္ေတာ္စုစည္းမိပါတယ္၊ အဲဒါအတြက္အင္အားေတြ ျဖည့္စည္းၿပီးေတာ့ တက္နိုင္သမၽွလႈပ္ရွားသြားမွာပါ၊

ေမး- လက္ရွိရင္ဆိုင္ေနရတဲ့ တိုက္ပြဲအေတြ႕ေျပာျပေပးပါအုံး။

လက္ရွိတိုက္ပြဲအေတြ႕အၾကဳံေတြကေတာ့ ရန္သူ႔ဘက္ကေတာ့လက္နက္အင္အား လူအင္အား အျပည့္အစုံနဲ႔လာၾကတာကို က်ေနာ္တို႔ဘက္ကေတာ့ ေဒသအတြင္းမွာရွိတဲ့ကိုယ္တိုင္လုပ္ထားတဲ့ လက္လုပ္တူမီးတို႔ လက္လုပ္မိုင္းတို႔နဲ႔ ရင္ဆိုင္ၾကရတာေပါ့၊ အဲဒီေတာ့ က်ေနာ္တို႔ရဲ့တိုက္ပြဲ အေတြ႕အၾကဳံကေတာ့ မိုင္းဆြဲတာတို႔ ေျပာက္က်ားတိုက္ခိုက္တာတို႔မ်ားတယ္။ ရန္သူနဲ႔ထိပ္တိုက္ရင္ဆိုင္တဲ့ တိုက္ပြဲေတြၾကေတာ့ ေျပာက္က်ားမိုင္းဆြဲတိုက္ခိုက္ တာေလာက္ေတာ့မမ်ားဘူးေပါ့။ ဒါေပမဲ့ေဒသရဲ့အေနအထားအရကေတာ့ ဒီ D DAY မစခင္ကတဲ့ကစစ္ေၾကာင္းေတြနဲ႔ က်ေနာ္တို႔ၿမိဳ႕နယ္က ဝင္ၿပီးေတာ့စစ္ေကာင္စီဘက္ကျပင္းျပင္းထန္ထန္ ထိုးႏွက္တာေတြရွိေနေတာ့ ေျမျပင္တိုက္ပြဲ အေတြ႕အၾကဳံေတြက မလႊဲမေရွာင္သာရင္ဆိုင္ရတာပဲ၊ အဲဒါနဲ႔ပတ္သက္ၿပီးေတာ့ လက္နက္အင္အားၾကည့္ၿပီး ေတာ့ေဒသအေနအထားနဲ႔ဘယ္လိုခ်ဥ္းကပ္ရမလဲ ဘယ္လိုတိုက္ခိုက္ရမလဲ အေတြ႕အၾကဳံေတြကေတာ့ ထိုက္သင့္အားေလၽွာ္စြာရဲေဘာ္ေတြမွာလည္းရွိေနၾကပါၿပီ။

ေမး- လက္နက္ထုတ္လုပ္မႈအပိုင္းကေရာ ဘယ္ေလာက္ထိထုတ္လုပ္နိုင္ၿပီလဲ။

ေျဖ- လက္နက္ထုတ္လုပ္မႈအပိုင္းကေတာ့ တာေဝးပစ္တို႔ လက္လုပ္မိုင္းတို႔ပစၥည္းေတြပါပဲ၊ လက္လုပ္တေတာင့္ထိုး က်ည္နဲ႔ပစ္တဲ့ဟာေတြ၊ ေနာက္ေတာ့ဒီမွာအတြဲလိုက္ေပါ့ ေအာ္တိုစနစ္နဲ႔ေလးငါးရွစ္ေတာင့္ထည့္ၿပီး ပစ္တဲ့လက္နက္ေတြလည္း စမ္းသပ္ထုတ္လုပ္ေနပါၿပီ၊ safe ျဖစ္ဖို႔ေတာ့ႀကိဳးစားေနဆဲေပါ့၊

ေမး- တိုက္ပြဲေတြအတြင္းမွာ ျပည္သူေတြ ထိခိုက္ဆုံးရႈံးမႈ ဘယ္ေလာက္ထိ ရွိေနၿပီလဲ။

ေျဖ- မေန႔ကေသတာ ေလးငါးေယာက္လို႔ေျပာတယ္၊ က်ေနာ္ထင္တာကေတာ့ အဲဒီေလာက္မကဘူးလို႔ေျပာခ်င္တယ္၊ ဒါကိုေတာ့အေရအတြက္ အတိအက်အတည္မျပဳနိုင္ေသးဘူး၊ က်ေနာ္ကေတာ့အေနာက္ဘက္ ေျမျပန႔္တစ္ေနရာမွာတည္ရွိေနတာ၊

ေမး- အျခားေတာ္လွန္ေရး ရဲေဘာ္ေတြကိုဘာမ်ား ေျပာခ်င္ေသးလဲ။

ေျဖ- ရဲေဘာ္ေတြကိုထပ္ဆင့္ၿပီးေတာ့ေျပာရမယ္ဆိုရင္ ႏွစ္ရွည္လမ်ားစြဲေနတဲ့ အေၾကာက္တရားကို ဖယ္ထုတ္ၾကပါ၊ ရဲရဲဝံ့ဝံ့နဲ႔တိုက္ပြဲဝင္ၾကပါ၊ ေတာင္ေပၚေျမျပန႔္ေတြမခြဲနဲ႔၊ က်ေနာ္တို႔ေျမျပန႔္ေတြမွာလည္း လက္ေတြ႕စစ္ပြဲေတြဆင္ႏြဲၿပီးၿပီ၊ အခုသူတို႔ေလယာဥ္ေတြသုံးတိုက္ေနတယ္ဆိုတာ တကယ္ေျမျပင္မွာ လုပ္ေနၾကတာ၊ တကယ္လြင္ျပင္ႀကီးေတြမွာက်ေနာ္တို႔တိုက္ေနရတာ၊အဲဒီေတာ့အားလုံးက ဒီရန္သူကိုစိုးရြံ့ထိန႔္လန႔္တဲ့စိတ္ တတ္နိုင္သမၽွျမဲနိုင္သမၽွ ျမဲေအာင္ႀကိဳးစားၿပီးေတာ့ တိုင္းျပည္အတြက္လုပ္ကိုလုပ္မွ ရမဲ့အေရးမွာေႏွာင့္ေႏွးမေနၾကပါနဲ႔၊ ဒီပြဲဟာ ခရာတုတ္ၿပိဳင္တဲ့ပြဲမဟုတ္တဲ့အတြက္ေၾကာင့္ ဘယ္ခရာသံမွနားစြန႔္ေနစရာမလိုဘူး၊ အဓိက ပန္းတိုင္ေရာက္ဖို႔ပဲဆိုေတာ့ ၾကဳံရာကေနဝင္ၿပီးေတာ့ ဒီပြဲကိုပါဝင္ဆင္ႏြဲေပးၾကပါလို႔ ေျပာခ်င္တယ္။

ေမး- ျဖည့္စြတ္ေျပာခ်င္တာဘာမ်ားရွိေသးလည္းခင္ဗ်ာ။

ေျဖ- က်ေနာ္တို႔ေျပာစရာေတာ့ တိုင္းျပည္ရဲ့အေနအထားကဒီမွာ က်ေနာ္တို႔ျပည္သူေတြလုံးဝမလိုလားတဲ့ အေနအထားႀကီးတခုကို ဆိုးဆိုးဝါးဝါးၾကဳံေတြ႕ေနရတာေပါ့၊ ဒီအေနအထားက႐ုန္းထြက္ၾကဖို႔ဆိုရင္ေတာ့ ျပည္သူေတြအားလုံးက တက္ညီလက္ညီနဲ႔ပါဝင္မွရမဲ့အေနအထားေပါ့၊ က်ေနာ္တို႔ကမၿပီးတာေတာ့ မဟုတ္ဖူး၊ ဒါကၿပီးမွာပါ၊ မညီရင္ၾကာမွာေပါ့၊ ၾကာတာနဲ႔အမၽွမလိုလားအပ္တဲ့ စရိတ္ေတြပိုၿပီးေတာ့ ကုန္လာမယ္၊ ၿပီးေတာ့လူတေယာက္ခ်င္း ႏွစ္ေယာက္ခ်င္းတိုက္ေနမယ္၊ လူဆယ္ေယာက္ရွိတဲ့ဟာကို ဆယ္ေယာက္လုံးတျပဳံထဲထြက္ခါတိုက္ရင္ၿပီးမဲ့အေရးကို လုပ္ရမဲ့အလုပ္မွန္းသိေနၿပီးတဲ့ေနာက္မွာ မလႊဲမေရွာင္သာ ဒီဗြက္ကေတာ့႐ုန္းကို႐ုန္းရမယ္ဆိုတာ ျပည္သူေတြအားလုံးသိၿပီးေတာ့ ညီညီညြတ္ညြတ္နဲ႔တြန္းထုတ္ၾကေစခ်င္တယ္။

ေမး- ဟုတ္ကဲ့အခုလိုအခ်ိန္ေပးေျဖၾကားေပးတဲ့အတြက္ ေျမလတ္အသံသတင္းဌာနက ေက်းဇူးတင္ပါတယ္ခင္ဗ်ာ။

#ေျမလတ္အသံ