ၾကားသိသမွ်

ရဲစခန်းမှာ ဖမ်းထားတဲ့ ပြည်သူ ၅ ဦးကို PDF ၃ ဖွဲ့ ပေါင်းပြီး ကယ်ထုတ်နိုင်ခဲ့

ရဲစခန်းမှာ ဖမ်းထားတဲ့ ပြည်သူ ၅ ဦးကို PDF ၃ ဖွဲ့ ပေါင်းပြီး ကယ်ထုတ်နိုင်ခဲ့

ယင်းမာပင်၊ ဇန်နဝါရီ ၁၂၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ ယင်မားပင်မြို့နယ်ရဲစခန်းမှာ ဇန်နဝါရီ ၈ ရက်က ဖမ်းဆီးခံထားရတဲ့ ပြည်သူ ၅ ဦးကို ဇန်နဝါရီ ၁၁ ရက် မနေ့က ညပိုင်းမှာ ကယ်ထုတ်လာခဲ့တယ်လို့ ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုဆီက သိရပါတယ်။

အဲ့ဒီရဲစခန်းကို မနေ့က ည ၇ နာရီခွဲလောက်ကတည်းက လက်နက်ကြီးနဲ့ စတင်တိုက်ခိုက်ခဲ့ပြီး၊ ၈ နာရီလောက်မှာ ကယ်ထုတ်လာနိုင်ခဲ့တာဖြစ်တယ်လို့ ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုရဲ့ တာဝန်ခံက ပြောပါတယ်။

“၁၁ ရက်နေ့ညမှာ ၇ နာရီခွဲ လောက်မှာပဲပြီး လက်နက်ကြီးနဲ့ ပစ်တယ်။ ဗိုလ်သူရိန်အဖွဲ့ရယ်၊ ဟီးရိုးတိုက်ဂါးရယ် ကနီခေါင်းဆောင်၊ ဗိုလ်နဂါးတို့လည်းပါတယ်။ ၈ နာရီလောက်မှာ ဖမ်းချုပ်ခံထားရတဲ့ အပြစ်မဲ့ပြည်သူ ၅ ယောက်ကို ကယ်ထုတ်နိုင်ခဲ့တယ်” လို့ သူက ပြောပါတယ်။

ဒီလုပ်ဆောင်ချက်ကို ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစု၊ Pale People’s Defence Force PPDF၊ Hero Tiger Force တို့ကပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ဇန်နဝါရီ ၁၀ ရက်ညကလည်း အဲ့ဒီရဲစခန်းကိုပဲ လက်နက်ကြီးနဲ့ တိုက်ခိုက်ခဲ့သေးတယ်လို့ ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုဆီက သိရပါတယ်။

ရဲစခန္းမွာ ဖမ္းထားတဲ့ ျပည္သူ ၅ ဦးကို PDF ၃ ဖြဲ႕ ေပါင္းၿပီး ကယ္ထုတ္နိုင္ခဲ့

ယင္းမာပင္၊ ဇန္နဝါရီ ၁၂၊ ၂၀၂၂။

စစ္ကိုင္းတိုင္း၊ ယင္မားပင္ၿမိဳ႕နယ္ရဲစခန္းမွာ ဇန္နဝါရီ ၈ ရက္က ဖမ္းဆီးခံထားရတဲ့ ျပည္သူ ၅ ဦးကို ဇန္နဝါရီ ၁၁ ရက္ မေန႔က ညပိုင္းမွာ ကယ္ထုတ္လာခဲ့တယ္လို႔ ခ်င္းတြင္းရိုးမ မဟာမိတ္တပ္ေပါင္းစုဆီက သိရပါတယ္။

အဲ့ဒီရဲစခန္းကို မေန႔က ည ၇ နာရီခြဲေလာက္ကတည္းက လက္နက္ႀကီးနဲ႔ စတင္တိုက္ခိုက္ခဲ့ၿပီး၊ ၈ နာရီေလာက္မွာ ကယ္ထုတ္လာနိုင္ခဲ့တာျဖစ္တယ္လို႔ ခ်င္းတြင္းရိုးမ မဟာမိတ္တပ္ေပါင္းစုရဲ့ တာဝန္ခံက ေျပာပါတယ္။

“၁၁ ရက္ေန႔ညမွာ ၇ နာရီခြဲ ေလာက္မွာပဲၿပီး လက္နက္ႀကီးနဲ႔ ပစ္တယ္။ ဗိုလ္သူရိန္အဖြဲ႕ရယ္၊ ဟီးရိုးတိုက္ဂါးရယ္ ကနီေခါင္းေဆာင္၊ ဗိုလ္နဂါးတို႔လည္းပါတယ္။ ၈ နာရီေလာက္မွာ ဖမ္းခ်ဳပ္ခံထားရတဲ့ အျပစ္မဲ့ျပည္သူ ၅ ေယာက္ကို ကယ္ထုတ္နိုင္ခဲ့တယ္” လို႔ သူက ေျပာပါတယ္။

ဒီလုပ္ေဆာင္ခ်က္ကို ခ်င္းတြင္းရိုးမ မဟာမိတ္တပ္ေပါင္းစု၊ Pale People’s Defence Force PPDF၊ Hero Tiger Force တို႔ကပူးေပါင္းလုပ္ေဆာင္ခဲ့တာျဖစ္ၿပီး ဇန္နဝါရီ ၁၀ ရက္ညကလည္း အဲ့ဒီရဲစခန္းကိုပဲ လက္နက္ႀကီးနဲ႔ တိုက္ခိုက္ခဲ့ေသးတယ္လို႔ ခ်င္းတြင္းရိုးမ မဟာမိတ္တပ္ေပါင္းစုဆီက သိရပါတယ္။