ၾကားသိသမွ်

မင်းအောင်လှိုင်ဇာတ်တူသားစားဖို့ ဝန်မလေးကြောင်း သက်သေပြနေပြီလို့ပြော

မင်းအောင်လှိုင်ဇာတ်တူသားစားဖို့ ဝန်မလေးကြောင်း သက်သေပြနေပြီလို့ပြော

မင်းအောင်လှိုင်ဟာ သူ့အာဏာတည်မြဲရေးအတွက် ဇာတ်တူသားစားဖို့လည်းဝန်မလေးကြောင်း စစ် အုပ်စုရဲ့

ကာကွယ်ရေးဦးစီးချုပ်(လေ)ရာထူးကနေထုတ်ပယ်ခံရတာက သက်သေပြနေကြောင်း Delta News Agency ရဲ့ တပ်တွင်းရင်းမြစ်ကဆိုပါတယ်။

စစ်အုပ်စုခန့်ဗိုလ်ချုပ်ကြီးရာထူးနဲ့ ကာကွယ်ရေးဦးစီးချုပ်(လေ)မောင်မောင်ကျော်ဟာဇန်နဝါရီ၁၀ရက်နေ့မှာ အနားပေးခံလိုက်ရပြီး စစ်ကောင်စီအဖွဲ့ဝင်အဖြစ် ဆက်ရှိနေပေမဲ့ အဲဒါဟာ ဟန်ပြသာဖြစ်တယ်လို့ တပ်ထိပ် ပိုင်းအသိုင်းအဝိုင်းသတင်းအရသိရတယ်လို့ ဆိုပါတယ်။


မောင်မောင်ကျော်လိုပဲ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက စစ်ဥပဒေချုပ်ရာထူးကနေအနားခံလိုက်ရတဲ့ စစ်အုပ်စုခန့် ဒုဗိုလ်ချုပ်ကြီးအောင်လင်းဒွေးဟာလည်းစစ်ကောင်စီအတွင်းရေးမှူးတာဝန်ဆက်ထမ်းခွင့်ရနေပေမဲ့ မင်းအောင်လှိုင်အလိုမကျလို့ အရေးယူခံရခြင်းသာဖြစ်တယ်လို့ သူကပြောပါတယ်။

‘မင်းအောင်လှိုင်ဟာကျဉ်းထဲကျပ်ထဲရောက်လာလေ သူ့အာဏာတည်မြဲရေးအတွက် သူ့ရှေ့တော်မှောက် ပြား ပြားမမှောက်နိုင်ဘူးထင်တာမှန်သမျှ ရှင်းထုတ်လေပဲ။အရင်သန်းရွှေလက်ထက်တုန်းက ထွန်းကြည်တို့ ကျော် ဘတို့ကိုဖြုတ်တုန်းကလို လူမြင်ကောင်းအောင် အကြံပေးဆိုပြီး ခဏခန့်တာမျိုး မောင်မောင်ကျော်တို့ကို စစ် ကောင်စီဝင်ခန့်ထားတာ’လို့သူကပြောပါတယ်။


အကြမ်းဖက်စစ်တပ်တွင်း ရာထူးမရှိတော့တာဟာ အာဏာလုံးဝမရှိတော့တာကြောင့် အဆိပ်ရှိတဲ့မြွေကို အဆိပ်ထုတ်လိုက်တာလို့သူကဆိုပါတယ်။

အာဏာရှင်အဆက်ဆက်ဟာ သူတို့အာဏာတည်မြဲရေးအတွက် ဇာတ်တူသားစားကြတာမို့ အာဏာရှင်တွေ ရဲ့ စရိုက်လက္ခဏာတစ်ရပ်လိုဖြစ်နေပြီး အဲဒါဟာ သူတို့အာဏာတည်မြဲရေးတစ်ခုတည်းအတွက် ကိုယ့်လူကိုယ်ချ နင်းဖို့ အမြဲတမ်းအဆင်သင့်ဖြစ်နေတယ်ဆိုတာ အကြမ်းဖက်စစ်တပ်ရဲ့ ရာထူးအဆင့်ဆင့်တွေ အသေအချာ သဘောပေါက်သင့်တယ်လို့လည်းသူကဆိုပါတယ်။


‘ကိုယ်လည်း အချိန်မရွေး ရိုးရိုးပင်စင်တင်မကဘူး၊လားပင်စင်ပါအပေးခံရနိုင်တယ်ဆိုတာသဘောပေါက်ကြ ပါ။တစ်ချိန်မှာ မင်းအောင်လှိုင်ခိုင်းလို့လုပ်ရတာပါလို့ လွှဲချလို့မရဘူးဆိုတာသိကြပါ။

ပြည်သူကိုသတ်နေတဲ့ မင်းအောင်လှိုင်ကို ဘယ်ကမ္ဘာကမှ လက်မခံဘူးဆိုတာ သိကြပါ။ဒီနေ့စစ်ရေးရောနိုင်ငံရေးပါ မင်းအောင်လှိုင် နိမ့်ပါးပြီးရင်းနိမ့်ပါးနေတာကို သဘောပေါက်ပြီး ပြည်သူ့ရင်ခွင်ဝင်ကြပါ’လို့ သူက အကြမ်းဖက်တပ်ဖွဲ့ဝင်တွေ ကိုတိုက်တွန်းလိုက်ပါတယ်။

ပြီးခဲ့တဲ့လပိုင်းက ကာကွယ်ရေးဝန်ကြီးဟောင်း စိန်ဝင်းနဲ့ နယ်စပ်ရေးရာဝန်ကြီးဟောင်း ရဲအောင်တို့ အငြိမ်းစားပေးခံရတာဟာလည်း မင်းအောင်လှိုင်ရဲ့ ဇာတ်တူသားစားတာဖြစ်တယ်လို့ သူကဆိုပါတယ်။

မင္းေအာင္လွိုင္ဇာတ္တူသားစားဖို႔ ဝန္မေလးေၾကာင္း သက္ေသျပေနၿပီလို႔ေျပာ

မင္းေအာင္လွိုင္ဟာ သူ႔အာဏာတည္ျမဲေရးအတြက္ ဇာတ္တူသားစားဖို႔လည္းဝန္မေလးေၾကာင္း စစ္ အုပ္စုရဲ့ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ)ရာထူးကေနထုတ္ပယ္ခံရတာက သက္ေသျပေနေၾကာင္း Delta News Agency ရဲ့ တပ္တြင္းရင္းျမစ္ကဆိုပါတယ္။

စစ္အုပ္စုခန႔္ဗိုလ္ခ်ဳပ္ႀကီးရာထူးနဲ႔ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ)ေမာင္ေမာင္ေက်ာ္ဟာဇန္နဝါရီ၁၀ရက္ေန႔မွာ အနားေပးခံလိုက္ရၿပီး စစ္ေကာင္စီအဖြဲ႕ဝင္အျဖစ္ ဆက္ရွိေနေပမဲ့ အဲဒါဟာ ဟန္ျပသာျဖစ္တယ္လို႔ တပ္ထိပ္ ပိုင္းအသိုင္းအဝိုင္းသတင္းအရသိရတယ္လို႔ ဆိုပါတယ္။

ေမာင္ေမာင္ေက်ာ္လိုပဲ ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္းက စစ္ဥပေဒခ်ဳပ္ရာထူးကေနအနားခံလိုက္ရတဲ့ စစ္အုပ္စုခန႔္ ဒုဗိုလ္ခ်ဳပ္ႀကီးေအာင္လင္းေဒြးဟာလည္းစစ္ေကာင္စီအတြင္းေရးမႉးတာဝန္ဆက္ထမ္းခြင့္ရေနေပမဲ့ မင္းေအာင္လွိုင္အလိုမက်လို႔ အေရးယူခံရျခင္းသာျဖစ္တယ္လို႔ သူကေျပာပါတယ္။

‘မင္းေအာင္လွိုင္ဟာက်ဥ္းထဲက်ပ္ထဲေရာက္လာေလ သူ႔အာဏာတည္ျမဲေရးအတြက္ သူ႔ေရွ႕ေတာ္ေမွာက္ ျပား ျပားမေမွာက္နိုင္ဘူးထင္တာမွန္သမၽွ ရွင္းထုတ္ေလပဲ။အရင္သန္းေရႊလက္ထက္တုန္းက ထြန္းၾကည္တို႔ ေက်ာ္ ဘတို႔ကိုျဖဳတ္တုန္းကလို လူျမင္ေကာင္းေအာင္ အႀကံေပးဆိုၿပီး ခဏခန႔္တာမ်ိဳး ေမာင္ေမာင္ေက်ာ္တို႔ကို စစ္ ေကာင္စီဝင္ခန႔္ထားတာ’လို႔သူကေျပာပါတယ္။

အၾကမ္းဖက္စစ္တပ္တြင္း ရာထူးမရွိေတာ့တာဟာ အာဏာလုံးဝမရွိေတာ့တာေၾကာင့္ အဆိပ္ရွိတဲ့ေႁမြကို အဆိပ္ထုတ္လိုက္တာလို႔သူကဆိုပါတယ္။

အာဏာရွင္အဆက္ဆက္ဟာ သူတို႔အာဏာတည္ျမဲေရးအတြက္ ဇာတ္တူသားစားၾကတာမို႔ အာဏာရွင္ေတြ ရဲ့ စရိုက္လကၡဏာတစ္ရပ္လိုျဖစ္ေနၿပီး အဲဒါဟာ သူတို႔အာဏာတည္ျမဲေရးတစ္ခုတည္းအတြက္ ကိုယ့္လူကိုယ္ခ် နင္းဖို႔ အျမဲတမ္းအဆင္သင့္ျဖစ္ေနတယ္ဆိုတာ အၾကမ္းဖက္စစ္တပ္ရဲ့ ရာထူးအဆင့္ဆင့္ေတြ အေသအခ်ာ သေဘာေပါက္သင့္တယ္လို႔လည္းသူကဆိုပါတယ္။

‘ကိုယ္လည္း အခ်ိန္မေရြး ရိုးရိုးပင္စင္တင္မကဘူး၊လားပင္စင္ပါအေပးခံရနိုင္တယ္ဆိုတာသေဘာေပါက္ၾက ပါ။တစ္ခ်ိန္မွာ မင္းေအာင္လွိုင္ခိုင္းလို႔လုပ္ရတာပါလို႔ လႊဲခ်လို႔မရဘူးဆိုတာသိၾကပါ။ျပည္သူကိုသတ္ေနတဲ့ မင္းေအာင္လွိုင္ကို ဘယ္ကမၻာကမွ လက္မခံဘူးဆိုတာ သိၾကပါ။ဒီေန႔စစ္ေရးေရာနိုင္ငံေရးပါ မင္းေအာင္လွိုင္ နိမ့္ပါးၿပီးရင္းနိမ့္ပါးေနတာကို သေဘာေပါက္ၿပီး ျပည္သူ႔ရင္ခြင္ဝင္ၾကပါ’လို႔ သူက အၾကမ္းဖက္တပ္ဖြဲ႕ဝင္ေတြ ကိုတိုက္တြန္းလိုက္ပါတယ္။

ၿပီးခဲ့တဲ့လပိုင္းက ကာကြယ္ေရးဝန္ႀကီးေဟာင္း စိန္ဝင္းနဲ႔ နယ္စပ္ေရးရာဝန္ႀကီးေဟာင္း ရဲေအာင္တို႔ အၿငိမ္းစားေပးခံရတာဟာလည္း မင္းေအာင္လွိုင္ရဲ့ ဇာတ္တူသားစားတာျဖစ္တယ္လို႔ သူကဆိုပါတယ္။