ၾကားသိသမွ်

PDF များကိုခြိမ်းခြောက်ရန်လာသော စစ်ကောင်စီစစ်ကြောင်းအား PDF က မိုင်းဆွဲတိုက်ခိုက်ရာ စကစတပ်သား (၈) ဦးေဆုံးပြီး အလူးအလဲထွက်ပြေးသွားကြ

PDF များကိုခြိမ်းခြောက်ရန်လာသော စစ်ကောင်စီစစ်ကြောင်းအား PDF က မိုင်းဆွဲတိုက်ခိုက်ရာ စကစတပ်သား (၈) ဦးသေဆုံးပြီး

အလူးအလဲထွက်ပြေးသွားကြ

ဇန်နဝါရီ ၁၂၊ PDF Newsflash

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်ရှိ ယော သမ္ဗူလ ကျေးရွာများအနီးတွင် ယမန်နေ့ နံနက် ၉ နာရီမှစ၍ ကျေးရွာများသို့ PDF များ

နှင့် တက်ကြွလှုပ်ရှားသူများကို ခြိမ်းခြောက်ရန်ရှာခြင်း၊ စစ်တပ်အတွက် လူသစ်အဓမ္မစုဆောင်းခြင်း၊ တော်လှန်ရေးရဲဘော်များကို ဖမ်းဆီး

ခြင်းတို့ကို ပြုလုပ်ရန်အတွက် စစ်ကြောင်းဖြန့် လာသည့် စစ်ကောင်စီစစ်သားများအား သရက်-ကံမ ပြည်သူ့ကာကွယ်ရေး ပူးပေါင်း

စစ်ဆင်ရေးအဖွဲ့က ပြောက်ကျား ဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

စစ်ကောင်စီစစ်သားများ မိုင်းကွင်းကိုဖြတ်စဉ် မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် (၁၁) ဦးခန့် ထိထိမိမိမိုင်းထိခဲ့ရာ (၈) ဦးခန့်သေဆုံးပြီး စစ်ကောင်စီ

စစ်သားများ အလူးအလဲ ထွက်ပြေးသွားကြကြောင်း သရက်-ကံမ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က ထုတ်ပြန်သည်။

တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့သားများ အားလုံး ဘေးကင်းအန္တရာယ်ကင်းစွာဖြင့် အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပါကြောင်း

သရက် – ကံမ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က အသိပေးထုတ်ပြန်သည်။

#PDFNewsflash







#PDFNewsflash