ၾကားသိသမွ်

တပ်တွင်ပြိုကွဲမှုများစတင်လာနေပြီး မင်းအောင်လှိုင်ခွေးဖြစ်ချိန်နီးပြီ

“တပ်တွင်းမယုံကြည်မှု့များ”

၁။ မင်းအောင်လှိုင် အာဏာမသိမ်းခင် အချိန်တွင် စစ်ဗိုလ်ချုပ်အချို့ သဘောမတူကြသကဲ့သို့ ဗိုလ်ချုပ် အဟောင်းများ အချို့မှာလည်း ၎င်းတို့၏ ပိုင်ဆိုင်မှုများထိခိုက် မည်ကို စိုးရိမ်သဖြင့် သဘောမတူခဲ့ကြောင်း အတွင်းသတင်းများအရ သိရှိခဲ့ရသော်လည်း မင်းအောင်လှိုင်၏ မိုက်ရူးရဲ အာဏာရူးကာ စစ်တပ်၏ ထုံးစံအတိုင်း အချင်းချင်းပင် ရန်ပြု ဖမ်းဆီးခဲ့သည့်ဖြစ်စဉ်များကြောင့် မင်းအောင်လှိုင်ဘက်သို့ မဖြစ်မနေ ပူးပေါင်းသွားကြရပါသည်။

၂။ တပ်တွင်းနေပြီး ရုန်းမထွက်နိုင်သည့် အရာရှိကြီးအချို့နှင့် အရာရှိငယ်များ၊ အခြားအဆင့်စစ်သည်များမှ အတွင်းသတင်းများအား နီးစပ်ရာတော်လှန်ရေး အဖွဲ့များသို့ ပေးနေခြင်း၊အရာရှိကြီးပိုင်းတွင်လည်း လူမဆန်သည့် အမိန့်များအား လိုက်နာဆောင်ရွက်ခြင်း မရှိသည့် ဖြစ်စဉ်များကြောင့် စစ်တိုင်မှူးအဆင့်များအား ဟန်မပျက်အရပ်ဖက် ဝန်ကြီးဌာနများသို့ ပြောင်းရွေ့ခြင်း၊စစ်ရေးတွင်အရေးကြီးသည့်နေရာများအတွက် အမိန့်နာခံပြီး လူမဆန်သည့်လုပ်ရပ်များအား လုပ်နိုင်မည့် လူယုတ်မာများကို ရာထူးတိုးပေးကာ အစားထိုးမှုများ အကြိမ်ကြိမ်ပြုလုပ်ကာ မင်းအောင်လှိုင် အာဏာ အကြိမ်ကြိမ်တည်ဆောက်နေရသည့် အခြေအနေပင်ဖြစ်ပါသည်။


၃။ သိသာသောနေရာရွေ့ပြောင်းမှု့အနေဖြင့် နမခ တိုင်းမှူးအား စကစ ဒုဝန်ကြီးအဖြစ် ပြောင်းရွေ့ပြီး အမိန့်နာခံမည့် လူသစ်အားရာထူးတိုးကာတာဝန်ပေးခဲ့ခြင်း၊ လေတပ်ဦးစီးချုပ်မောင်မောင်ကျော်ကိုဖြုတ်ပြီးထွန်းအောင်အားနေရာပေးခြင်း၊စကစ အတွင်းရေးမှူးတာဝန်ယူထားသည့် အောင်လင်းဒွေး၏ တပ်ဘက်တာဝန်မှာ စစ်ဥပဒေချုပ်တာဝန် ရှိသော်လည်း အတွင်းရေးမှူးတာဝန်နှင့် စစ်ဘက် တာဝန်ပါ ရယူထားပါက မအလ အတွက် အန္တရယ် ရှိလာနိုင်သည့် အရိပ်အယောင် မြင်လာသောကြောင့် စစ်ဘက် တာဝန်အား အခြား ဗိုလ်ချုပ်တစ်ယောက်(မျိုးသက်နောင်)ကို ရာထူးတိုး ခန့်အပ် လိုက်ခြင်းတို့မှာ လုပ်ပိုင်ခွင့် လျှော့ချလိုက်ခြင်းပင်ဖြစ်ပါသည်။ မအလ အာဏာတည်ဆောက် မှုများ လုပ်နေရခြင်းကိုကြည့်ခြင်းဖြင့် တပ်တွင်း အက်ကြောင်းများဆက်တိုက်ဖြစ်ပေါ်နေကြောင်းနှင့် စကစ အဖွဲ့ အတွင်းရေးမှူး ကိုပင် မယုံကြည် တော့သည့် အခြေအနေသို့ ရောက်နေပြီဖြစ်ပါသည်။

၄။ မင်းအောင်လှိုင် သည် နောက်ဆုံး ထွက်ပေါက်အနေဖြင့် တော်လှန်ရေး အင်အားစုများ အပါအဝင် PDF အဖွဲ့များ၊Local PDF အဖွဲများအား ၂၀၂၂ ခု ပထမ ၄ လတွင် အမြစ်ပြတ်ခြေမှုန်း ရန် စီစဉ်ထားသော်လည်း မြေပြင်စစ်သည် အင်အားနှင့် မကျွမ်းကျင်မှု့ အားနည်းချက်များ၊တော်လှန်ရေး အဖွဲ့များ၏ တုန့်ပြန်နိုင်မှု့ကြောင့် ထင်သလောက် ခရီးမပေါက်ဘဲ ကျဆုံးမှုနှင့်သာ ရင်ဆိုင်နေရသဖြင့် လေကြောင်း နှင့် လက်နက်ကြီးအားကိုးကာ တိုက်ခိုက်လာခဲ့ခြင်းဖြစ်ပါသည်။စကစ အနေဖြင့် လေကြောင်းအားကိုးတိုက်ခိုက်နေသော်လည်း တော်လှန်ရေး အဖွဲ့များ၏ ရွပ်ရွပ်ချွန်ချွန် တုန့်ပြန်မှု များကြောင့် ရဟတ်ယာဉ် ၁စီးပျက်ကျခဲ့ပြီး အခြားတိုက်ပွဲတွင်လည်း Mi 17 no 6616 ရဟတ်ယာဉ်တစ်စီး ဆီတိုင်ကီ ပေါက်သွားတာ ပြင်ဆင်မှု့ လုပ်လိုက်ရကြောင်း အတွင်းသတင်းအရသိရပါသည်။

၅။ စကစ ​လေတပ်တွင် လက်ပူတိုက်သုံး​နေရ​သော​လေယာဉ် အများအပြားဖြစ်​နေပါသည်။ အချို့​လေယာဉ်များမှာ အင်ဂျင်သက်တမ်း ကုန်​နေပြီ ဖြစ်သဖြင့် ကြာရှည် အဆင်​ပြေနိုင်​တော့မှာမဟုတ်ဘဲ မြန်မာပြည်ထုံးစံအတိုင်း အင်ဂျင်တူ သည့် ယာဉ် အချင်းချင်း လဲတပ်သုံး​နေရပြီဖြစ်ပါသည်။Mi 17 နှင့် Mi 35 တို့မှာ အင်ဂျင်တူ​ကြောင်းသိရပါသည်။ ​လေယာဉ်​မောင်းများအ​နေဖြင့်လည်း ​လေယာဉ်များအ​​ပေါ်မယုံကြည်ကြ​သော်လည်း မင်း​အောင်လှိုင်မှ ဇွတ်အတင်း ခိုင်း​စေသဖြင့် ​လေ​ကြောင်း သာလွန်အင်အားဖြင့် တိုက်ခိုက်​နေ​သော်လည်း ​သေခြာ​သော ထိ​ရောက်မှုမရှိ ​ကြောင်းသိရပါသည်။


လေယာဉ်မှုးများကို မနက်ည အဆောင်တခုတွင်ထားပြီး အလှည့်ကျပျံသန်းခိုင်းစေခြင်းကြောင့်လေယာဉ်မှူးများ ပင်ပန်းနွမ်းနယ်နေကြပြီး မိသားစုဝင်များကို ပြည်သူများမှပညာပေးကြမည့်သတင်းများကြောင့်စိုးရိမ်စိတ်များမြင့်တက်လျက် စိတ်ဓာတ်ပျက်ပြားနေကြကြောင်း အတွင်းသတင်းများအရသိရှိရသည်။

၆။ နောက်ထပ်အတွင်း သတင်းများမှာ မအလသားအောင်ပြည့်စုံနှင့် လေချုပ်မောင်မောင်ကျော်သားအိုင်ဗန်ထက်တို့အကြား စီးပွါးရေးအဝေမတည့်မှု ပုဂ္ဂိုလ်ရေး မကျေလည်မှုအရ လေချုပ်မောင်မောင်ကျော်အား စစ်ဆင်ရေးမအောင်မြင်ဟူသောအကြောင်းပြချက်ဖြင့် အရံအင်အားပို့လိုက်ခြင်းပင်ဖြစ်သည်။

နောက်ထပ်ထူးခြားသည်မှာ မအလနှင့်အဆင်မပြေဖြစ်နေသော မြထွန်းဦးလူ၊ရှမ်းတဲလေတပ်မှလောက်ကိုင်တိုက်ပွဲတွင်နာမည်ရခဲ့သော၊ နောက်အုပ်စုနှင့်လျှို့ဝှက်ဆက်သွယ်မှုရှိသော ဗိုလ်ချုပ်ထွန်းအောင်အား လေချုပ်ရာထူးခန့်အပ်လိုက်ခြင်းသည် မအလမြွေပွေးခါးပိုက် ပိုက်လိုက်ခြင်းဖြစ်ကြောင်း လေတပ်အသိုင်းအဝိုင်းကပြောဆိုနေကြခြင်းဖြစ်သည်။ မအလ ၏ ကိုယ်ရေးအရာရှိဟောင်း ဗိုလ်ချုပ်ဇော်ဟိန်း နှင့်သူ့ကတော်မှ သူတို့နှင့်ပုလဲနံပသင့်သော အရာရှိကြီးများကို မအလထောက်ခံလာအောင် ဒေါ်ကြူကြူလှနှင့်အခြားဗိုလ်ချုပ်ကြီးများမှတဆင့်ဆောင်ရွက်နေကြကြောင်းအတွင်းသတင်းများအရ သိရှိရသည်။နေပြည်တော်စစ်ရုံးတွင် စိုးဝင်းလူနှင့်မအလလူ ဗိုလ်ချုပ်ကြီးများအကြားအတွင်းကြိတ်အားပြိုင်နေမှုပြင်းထန်လာကြောင်းကြားသိရသည်။


၇။ ထိုကဲ့သို့ထိပ်ပိုင်းစစ်အာဏာရှင်ဗိုလ်ချုပ်ကြီးများအကြား ပါဝါချင်းအားပြိုင်ကာ အကျိုးစီးပွါးအတွက် အလုအယက်ဆောင်ရွက်နေချိန်တွင် အောက်ခြေရဲဘော်အရာရှိများအကြား အခွင့်အရေးမညီမျှခြင်း၊ရှေ့တန်းပြီးရှေ့တန်းသွားနေရခြင်း၊သေဆုံးနှင့်ထွက်ခွင့်များကိုလစ်လျှူရှုခံရခြင်း၊ပြည်သူမကြည်ဖြူခြင်း၊တော်လှန်ရေးအဖွဲ့များ၏လက်သံပြောင်ဆောင်ရွက်ခြင်းများကြောင့်စစ်ပန်းကာ စိတ်ဓာတ်ကျဆင်းမျှော်လင့်ချက်ကင်းမဲ့နေကြကြောင်းကြားသိရသည်။မည်သို့ပင်ဆိုစေကာမူ ကိုယ်ကျိုးစီးပွါးနှင့်ပတ်သက်လာလျင်အချင်းချင်းကျောချင်းကပ်သွားတတ်ကြသောစစ်အာဏာရှင်ကြီးများသည် သူတို့အကျိုးစီးပွါးမထိခိုက်မချင်း တုန်လှုပ်တတ်သည့်သဘောသဘာဝမရှိတတ်ကြောင်းကို တော်လှန်ရေးရဲဘော်များသိရှိထားရန်လိုအပ်ပြီး စစ်အာဏာရှင်စနစ် မြန်မာ့ပြေပေါ်မှအမြစ်ပြတ်စေရန် ယခုထက်ပိုမိုပြီး စည်းလုံးညီညွတ်စွာ၊စုစည်းကျစ်လစ်လျှို့ဝှက်စွာ တော်လှန်တိုက်ထုတ်ကြရန်အကြံပြုတင်ပြအပ်ပါသည်။

ကိုယ်ကျိုးသမား စစ်အာဏာရှင်မအလနှင့်လက်ဝေခံများ ဗိုလ်ချုပ်ကြီးများမုချကျရှုံးလျက် စစ်အာဏာရှင်စနစ် အမြစ်ပြတ်စေရမည်။

အရေးတော်ပုံမုချအောင်ရမည်။

#အကိုကြီး

“တပ္တြင္းမယုံၾကည္မႈ႔မ်ား”

၁။ မင္းေအာင္လွိုင္ အာဏာမသိမ္းခင္ အခ်ိန္တြင္ စစ္ဗိုလ္ခ်ဳပ္အခ်ိဳ႕ သေဘာမတူၾကသကဲ့သို႔ ဗိုလ္ခ်ဳပ္ အေဟာင္းမ်ား အခ်ိဳ႕မွာလည္း ၎တို႔၏ ပိုင္ဆိုင္မႈမ်ားထိခိုက္ မည္ကို စိုးရိမ္သျဖင့္ သေဘာမတူခဲ့ေၾကာင္း အတြင္းသတင္းမ်ားအရ သိရွိခဲ့ရေသာ္လည္း မင္းေအာင္လွိုင္၏ မိုက္႐ူးရဲ အာဏာ႐ူးကာ စစ္တပ္၏ ထုံးစံအတိုင္း အခ်င္းခ်င္းပင္ ရန္ျပဳ ဖမ္းဆီးခဲ့သည့္ျဖစ္စဥ္မ်ားေၾကာင့္ မင္းေအာင္လွိုင္ဘက္သို႔ မျဖစ္မေန ပူးေပါင္းသြားၾကရပါသည္။

၂။ တပ္တြင္းေနၿပီး ႐ုန္းမထြက္နိုင္သည့္ အရာရွိႀကီးအခ်ိဳ႕ႏွင့္ အရာရွိငယ္မ်ား၊ အျခားအဆင့္စစ္သည္မ်ားမွ အတြင္းသတင္းမ်ားအား နီးစပ္ရာေတာ္လွန္ေရး အဖြဲ႕မ်ားသို႔ ေပးေနျခင္း၊အရာရွိႀကီးပိုင္းတြင္လည္း လူမဆန္သည့္ အမိန႔္မ်ားအား လိုက္နာေဆာင္ရြက္ျခင္း မရွိသည့္ ျဖစ္စဥ္မ်ားေၾကာင့္ စစ္တိုင္မႉးအဆင့္မ်ားအား ဟန္မပ်က္အရပ္ဖက္ ဝန္ႀကီးဌာနမ်ားသို႔ ေျပာင္းေရြ႕ျခင္း၊စစ္ေရးတြင္အေရးႀကီးသည့္ေနရာမ်ားအတြက္ အမိန႔္နာခံၿပီး လူမဆန္သည့္လုပ္ရပ္မ်ားအား လုပ္နိုင္မည့္ လူယုတ္မာမ်ားကို ရာထူးတိုးေပးကာ အစားထိုးမႈမ်ား အႀကိမ္ႀကိမ္ျပဳလုပ္ကာ မင္းေအာင္လွိုင္ အာဏာ အႀကိမ္ႀကိမ္တည္ေဆာက္ေနရသည့္ အေျခအေနပင္ျဖစ္ပါသည္။

၃။ သိသာေသာေနရာေရြ႕ေျပာင္းမႈ႔အေနျဖင့္ နမခ တိုင္းမႉးအား စကစ ဒုဝန္ႀကီးအျဖစ္ ေျပာင္းေရြ႕ၿပီး အမိန႔္နာခံမည့္ လူသစ္အားရာထူးတိုးကာတာဝန္ေပးခဲ့ျခင္း၊ ေလတပ္ဦးစီးခ်ဳပ္ေမာင္ေမာင္ေက်ာ္ကိုျဖဳတ္ၿပီးထြန္းေအာင္အားေနရာေပးျခင္း၊စကစ အတြင္းေရးမႉးတာဝန္ယူထားသည့္ ေအာင္လင္းေဒြး၏ တပ္ဘက္တာဝန္မွာ စစ္ဥပေဒခ်ဳပ္တာဝန္ ရွိေသာ္လည္း အတြင္းေရးမႉးတာဝန္ႏွင့္ စစ္ဘက္ တာဝန္ပါ ရယူထားပါက မအလ အတြက္ အႏၲရယ္ ရွိလာနိုင္သည့္ အရိပ္အေယာင္ ျမင္လာေသာေၾကာင့္ စစ္ဘက္ တာဝန္အား အျခား ဗိုလ္ခ်ဳပ္တစ္ေယာက္(မ်ိဳးသက္ေနာင္)ကို ရာထူးတိုး ခန႔္အပ္ လိုက္ျခင္းတို႔မွာ လုပ္ပိုင္ခြင့္ ေလၽွာ့ခ်လိုက္ျခင္းပင္ျဖစ္ပါသည္။ မအလ အာဏာတည္ေဆာက္ မႈမ်ား လုပ္ေနရျခင္းကိုၾကည့္ျခင္းျဖင့္ တပ္တြင္း အက္ေၾကာင္းမ်ားဆက္တိုက္ျဖစ္ေပၚေနေၾကာင္းႏွင့္ စကစ အဖြဲ႕ အတြင္းေရးမႉး ကိုပင္ မယုံၾကည္ ေတာ့သည့္ အေျခအေနသို႔ ေရာက္ေနၿပီျဖစ္ပါသည္။

၄။ မင္းေအာင္လွိုင္ သည္ ေနာက္ဆုံး ထြက္ေပါက္အေနျဖင့္ ေတာ္လွန္ေရး အင္အားစုမ်ား အပါအဝင္ PDF အဖြဲ႕မ်ား၊Local PDF အဖြဲမ်ားအား ၂၀၂၂ ခု ပထမ ၄ လတြင္ အျမစ္ျပတ္ေျခမႈန္း ရန္ စီစဥ္ထားေသာ္လည္း ေျမျပင္စစ္သည္ အင္အားႏွင့္ မကၽြမ္းက်င္မႈ႔ အားနည္းခ်က္မ်ား၊ေတာ္လွန္ေရး အဖြဲ႕မ်ား၏ တုန႔္ျပန္နိုင္မႈ႔ေၾကာင့္ ထင္သေလာက္ ခရီးမေပါက္ဘဲ က်ဆုံးမႈႏွင့္သာ ရင္ဆိုင္ေနရသျဖင့္ ေလေၾကာင္း ႏွင့္ လက္နက္ႀကီးအားကိုးကာ တိုက္ခိုက္လာခဲ့ျခင္းျဖစ္ပါသည္။စကစ အေနျဖင့္ ေလေၾကာင္းအားကိုးတိုက္ခိုက္ေနေသာ္လည္း ေတာ္လွန္ေရး အဖြဲ႕မ်ား၏ ရြပ္ရြပ္ခၽြန္ခၽြန္ တုန႔္ျပန္မႈ မ်ားေၾကာင့္ ရဟတ္ယာဥ္ ၁စီးပ်က္က်ခဲ့ၿပီး အျခားတိုက္ပြဲတြင္လည္း Mi 17 no 6616 ရဟတ္ယာဥ္တစ္စီး ဆီတိုင္ကီ ေပါက္သြားတာ ျပင္ဆင္မႈ႔ လုပ္လိုက္ရေၾကာင္း အတြင္းသတင္းအရသိရပါသည္။

၅။ စကစ ​ေလတပ္တြင္ လက္ပူတိုက္သုံး​ေနရ​ေသာ​ေလယာဥ္ အမ်ားအျပားျဖစ္​ေနပါသည္။ အခ်ိဳ႕​ေလယာဥ္မ်ားမွာ အင္ဂ်င္သက္တမ္း ကုန္​ေနၿပီ ျဖစ္သျဖင့္ ၾကာရွည္ အဆင္​ေျပနိုင္​ေတာ့မွာမဟုတ္ဘဲ ျမန္မာျပည္ထုံးစံအတိုင္း အင္ဂ်င္တူ သည့္ ယာဥ္ အခ်င္းခ်င္း လဲတပ္သုံး​ေနရၿပီျဖစ္ပါသည္။Mi 17 ႏွင့္ Mi 35 တို႔မွာ အင္ဂ်င္တူ​ေၾကာင္းသိရပါသည္။ ​ေလယာဥ္​ေမာင္းမ်ားအ​ေနျဖင့္လည္း ​ေလယာဥ္မ်ားအ​​ေပၚမယုံၾကည္ၾက​ေသာ္လည္း မင္း​ေအာင္လွိုင္မွ ဇြတ္အတင္း ခိုင္း​ေစသျဖင့္ ​ေလ​ေၾကာင္း သာလြန္အင္အားျဖင့္ တိုက္ခိုက္​ေန​ေသာ္လည္း ​ေသျခာ​ေသာ ထိ​ေရာက္မႈမရွိ ​ေၾကာင္းသိရပါသည္။

ေလယာဥ္မႈးမ်ားကို မနက္ည အေဆာင္တခုတြင္ထားၿပီး အလွည့္က်ပ်ံသန္းခိုင္းေစျခင္းေၾကာင့္ေလယာဥ္မႉးမ်ား ပင္ပန္းႏြမ္းနယ္ေနၾကၿပီး မိသားစုဝင္မ်ားကို ျပည္သူမ်ားမွပညာေပးၾကမည့္သတင္းမ်ားေၾကာင့္စိုးရိမ္စိတ္မ်ားျမင့္တက္လ်က္ စိတ္ဓာတ္ပ်က္ျပားေနၾကေၾကာင္း အတြင္းသတင္းမ်ားအရသိရွိရသည္။

၆။ ေနာက္ထပ္အတြင္း သတင္းမ်ားမွာ မအလသားေအာင္ျပည့္စုံႏွင့္ ေလခ်ဳပ္ေမာင္ေမာင္ေက်ာ္သားအိုင္ဗန္ထက္တို႔အၾကား စီးပြါးေရးအေဝမတည့္မႈ ပုဂၢိဳလ္ေရး မေက်လည္မႈအရ ေလခ်ဳပ္ေမာင္ေမာင္ေက်ာ္အား စစ္ဆင္ေရးမေအာင္ျမင္ဟူေသာအေၾကာင္းျပခ်က္ျဖင့္ အရံအင္အားပို႔လိုက္ျခင္းပင္ျဖစ္သည္။ေနာက္ထပ္ထူးျခားသည္မွာ မအလႏွင့္အဆင္မေျပျဖစ္ေနေသာ ျမထြန္းဦးလူ၊ရွမ္းတဲေလတပ္မွေလာက္ကိုင္တိုက္ပြဲတြင္နာမည္ရခဲ့ေသာ၊ ေနာက္အုပ္စုႏွင့္လၽွို႔ဝွက္ဆက္သြယ္မႈရွိေသာ ဗိုလ္ခ်ဳပ္ထြန္းေအာင္အား ေလခ်ဳပ္ရာထူးခန႔္အပ္လိုက္ျခင္းသည္ မအလေႁမြေပြးခါးပိုက္ ပိုက္လိုက္ျခင္းျဖစ္ေၾကာင္း ေလတပ္အသိုင္းအဝိုင္းကေျပာဆိုေနၾကျခင္းျဖစ္သည္။ မအလ ၏ ကိုယ္ေရးအရာရွိေဟာင္း ဗိုလ္ခ်ဳပ္ေဇာ္ဟိန္း ႏွင့္သူ႔ကေတာ္မွ သူတို႔ႏွင့္ပုလဲနံပသင့္ေသာ အရာရွိႀကီးမ်ားကို မအလေထာက္ခံလာေအာင္ ေဒၚၾကဴၾကဴလွႏွင့္အျခားဗိုလ္ခ်ဳပ္ႀကီးမ်ားမွတဆင့္ေဆာင္ရြက္ေနၾကေၾကာင္းအတြင္းသတင္းမ်ားအရ သိရွိရသည္။ေနျပည္ေတာ္စစ္႐ုံးတြင္ စိုးဝင္းလူႏွင့္မအလလူ ဗိုလ္ခ်ဳပ္ႀကီးမ်ားအၾကားအတြင္းႀကိတ္အားၿပိဳင္ေနမႈျပင္းထန္လာေၾကာင္းၾကားသိရသည္။

၇။ ထိုကဲ့သို႔ထိပ္ပိုင္းစစ္အာဏာရွင္ဗိုလ္ခ်ဳပ္ႀကီးမ်ားအၾကား ပါဝါခ်င္းအားၿပိဳင္ကာ အက်ိဳးစီးပြါးအတြက္ အလုအယက္ေဆာင္ရြက္ေနခ်ိန္တြင္ ေအာက္ေျခရဲေဘာ္အရာရွိမ်ားအၾကား အခြင့္အေရးမညီမၽွျခင္း၊ေရွ႕တန္းၿပီးေရွ႕တန္းသြားေနရျခင္း၊ေသဆုံးႏွင့္ထြက္ခြင့္မ်ားကိုလစ္လၽွဴရႈခံရျခင္း၊ျပည္သူမၾကည္ျဖဴျခင္း၊ေတာ္လွန္ေရးအဖြဲ႕မ်ား၏လက္သံေျပာင္ေဆာင္ရြက္ျခင္းမ်ားေၾကာင့္စစ္ပန္းကာ စိတ္ဓာတ္က်ဆင္းေမၽွာ္လင့္ခ်က္ကင္းမဲ့ေနၾကေၾကာင္းၾကားသိရသည္။မည္သို႔ပင္ဆိုေစကာမူ ကိုယ္က်ိဳးစီးပြါးႏွင့္ပတ္သက္လာလ်င္အခ်င္းခ်င္းေက်ာခ်င္းကပ္သြားတတ္ၾကေသာစစ္အာဏာရွင္ႀကီးမ်ားသည္ သူတို႔အက်ိဳးစီးပြါးမထိခိုက္မခ်င္း တုန္လႈပ္တတ္သည့္သေဘာသဘာဝမရွိတတ္ေၾကာင္းကို ေတာ္လွန္ေရးရဲေဘာ္မ်ားသိရွိထားရန္လိုအပ္ၿပီး စစ္အာဏာရွင္စနစ္ ျမန္မာ့ေျပေပၚမွအျမစ္ျပတ္ေစရန္ ယခုထက္ပိုမိုၿပီး စည္းလုံးညီညြတ္စြာ၊စုစည္းက်စ္လစ္လၽွို႔ဝွက္စြာ ေတာ္လွန္တိုက္ထုတ္ၾကရန္အႀကံျပဳတင္ျပအပ္ပါသည္။

ကိုယ္က်ိဳးသမား စစ္အာဏာရွင္မအလႏွင့္လက္ေဝခံမ်ား ဗိုလ္ခ်ဳပ္ႀကီးမ်ားမုခ်က်ရႈံးလ်က္ စစ္အာဏာရွင္စနစ္ အျမစ္ျပတ္ေစရမည္။

အေရးေတာ္ပုံမုခ်ေအာင္ရမည္။

#အကိုႀကီး