ၾကားသိသမွ်

စစ်ကောင်စီခေါင်းဆောင်ကိုလူရာသွင်းဖို့ ကြိုးပမ်းတဲ့ ဟွန်ဆန်ရဲ့လုပ်ရပ် တရုတ်ထောက်ခံ

စစ်ကောင်စီခေါင်းဆောင်ကိုလူရာသွင်းဖို့ ကြိုးပမ်းတဲ့ ဟွန်ဆန်ရဲ့လုပ်ရပ် တရုတ်ထောက်ခံ

-People’s Spring

အာဏာသိမ်းစစ်ခေါင်းဆောင်ကို လူရာသွင်းဖို့ ကြိုးပမ်းနေတဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ကို ဝေဖန်မှုတွေ ပြင်းပြင်းထန်ထန်ရှိနေပေမယ့် တရုတ်နိုင်ငံကတော့ ဟွန်ဆန်ရဲ့ဆောင်ရွက်ချက်ကိုအပြည့်အဝ ထောက်ခံတယ်လို့ လူသိရှင်ကြားထုတ်ပြောလိုက်ပါတယ်။

နေပြည်တော်ကိုသွားရောက်ခဲ့တဲ့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဟွန်ဆန်ရဲ့ခရီးစဉ်နဲ့ပတ်သက်ပြီး တရုတ်ရဲ့ သဘောထားကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်းက မနေ့က ဇန်နဝါရီလ ၁၀ ရက်မှာ ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောလိုက်တာပါ။


တရုတ်နိုင်ငံအနေနဲ့ မြန်မာ့အရေးကို အာဆီယံနည်းလမ်းအတိုင်း ကိုင်တွယ်ဖြေရှင်းတာနဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို အောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်ဖို့ကြိုးပမ်းတာကို ထောက်ခံတယ်လို့ ဆိုပါတယ်။

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယားရဲ့မြန်မာ့အရေး တက်တက်ကြွကြွဆောင်ရွက်ချက်တွေကို အပြည့်အဝထောက်ခံတယ်လို့ လည်း ဝမ်ဝင်ပင်းက ပြောပါတယ်။

မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ ရက်ပိုင်းက ၂ ရက်ကြာလာသွားတဲ့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဟွန်ဆန်ရဲ့ ခရီးစဉ်ဟာ ပြည်တွင်း ပြည်ပမှာ ဝေဖန်မှုတွေ ကျယ်ကျယ်လောင်လောင်ရှိခဲ့တာပါ။


လူအခွင့်အရေးချိုးဖောက်ပြီး ပြည်သူတွေကို နှိပ်စက်သတ်ဖြတ်နေတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့တွေ့ဆုံဆွေးနွေးမှုဟာ ရလဒ်ကောင်းထွက်မှာမဟုတ်တဲ့အကြောင်း NUG ကလည်း ဟွန်ဆန်ကို အသိပေးထားပါတယ်။

ဒါအပြင် မြန်မာနဲ့ ကမ္ဘောဒီးယားအရပ်ဖက်အဖွဲ့အစည်းတွေကလည်း ဟွန်ဆန်ရဲ့ ခရီးစဉ်ကို ရှုတ်ချကြောင်း ကြေညာချက်ထုတ်ပြန်သလို ပြည်တွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေးအင်အားစုတွေကလည်း ဟွန်ဆန် ရဲ့လုပ်ရပ်ကို ဆန့်ကျင်ကြတာတွေရှိခဲ့ပါတယ်။


ဟွန်ဆန်ဟာ နေပြည်တော်ခရီးစဉ်မတိုင်ခင်ကတည်းက စစ်အုပ်စုခေါင်းဆောင်တွေဟာ အာဆီယံထိပ်သီးအစည်းအဝေးကိုတက်ရောက်ခွင့်ရှိတယ်လို့ထုတ်ပြောထားသူလည်းဖြစ်ပါတယ်။

စစ္ေကာင္စီေခါင္းေဆာင္ကိုလူရာသြင္းဖို႔ ႀကိဳးပမ္းတဲ့ ဟြန္ဆန္ရဲ့လုပ္ရပ္ တ႐ုတ္ေထာက္ခံ

-People’s Spring

အာဏာသိမ္းစစ္ေခါင္းေဆာင္ကို လူရာသြင္းဖို႔ ႀကိဳးပမ္းေနတဲ့ ကေမၻာဒီးယားဝန္ႀကီးခ်ဳပ္ ကို ေဝဖန္မႈေတြ ျပင္းျပင္းထန္ထန္ရွိေနေပမယ့္ တ႐ုတ္နိုင္ငံကေတာ့ ဟြန္ဆန္ရဲ့ေဆာင္ရြက္ခ်က္ကိုအျပည့္အဝ ေထာက္ခံတယ္လို႔ လူသိရွင္ၾကားထုတ္ေျပာလိုက္ပါတယ္။

ေနျပည္ေတာ္ကိုသြားေရာက္ခဲ့တဲ့ အာဆီယံအလွည့္က် ဥကၠ႒ ဟြန္ဆန္ရဲ့ခရီးစဥ္နဲ႔ပတ္သက္ၿပီး တ႐ုတ္ရဲ့ သေဘာထားကို တ႐ုတ္နိုင္ငံျခားေရးဝန္ႀကီးဌာနရဲ့ေျပာေရးဆိုခြင့္ရွိသူ ဝမ္ဝင္ပင္းက မေန႔က ဇန္နဝါရီလ ၁၀ ရက္မွာ ျပဳလုပ္တဲ့သတင္းစာရွင္းလင္းပြဲမွာေျပာလိုက္တာပါ။

တ႐ုတ္နိုင္ငံအေနနဲ႔ ျမန္မာ့အေရးကို အာဆီယံနည္းလမ္းအတိုင္း ကိုင္တြယ္ေျဖရွင္းတာနဲ႔ အာဆီယံ ဘုံသေဘာတူညီခ်က္ ၅ ခ်က္ကို ေအာင္ေအာင္ျမင္ျမင္ အေကာင္အထည္ေဖာ္နိုင္ဖို႔ႀကိဳးပမ္းတာကို ေထာက္ခံတယ္လို႔ ဆိုပါတယ္။

အာဆီယံအလွည့္က် ဥကၠ႒ ကေမၻာဒီးယားရဲ့ျမန္မာ့အေရး တက္တက္ႂကြႂကြေဆာင္ရြက္ခ်က္ေတြကို အျပည့္အဝေထာက္ခံတယ္လို႔ လည္း ဝမ္ဝင္ပင္းက ေျပာပါတယ္။

ျမန္မာနိုင္ငံကို ၿပီးခဲ့တဲ့ ရက္ပိုင္းက ၂ ရက္ၾကာလာသြားတဲ့ အာဆီယံအလွည့္က် ဥကၠ႒ ဟြန္ဆန္ရဲ့ ခရီးစဥ္ဟာ ျပည္တြင္း ျပည္ပမွာ ေဝဖန္မႈေတြ က်ယ္က်ယ္ေလာင္ေလာင္ရွိခဲ့တာပါ။

လူအခြင့္အေရးခ်ိဳးေဖာက္ၿပီး ျပည္သူေတြကို ႏွိပ္စက္သတ္ျဖတ္ေနတဲ့ အာဏာသိမ္းစစ္ေခါင္းေဆာင္နဲ႔ေတြ႕ဆုံေဆြးေႏြးမႈဟာ ရလဒ္ေကာင္းထြက္မွာမဟုတ္တဲ့အေၾကာင္း NUG ကလည္း ဟြန္ဆန္ကို အသိေပးထားပါတယ္။

ဒါအျပင္ ျမန္မာနဲ႔ ကေမၻာဒီးယားအရပ္ဖက္အဖြဲ႕အစည္းေတြကလည္း ဟြန္ဆန္ရဲ့ ခရီးစဥ္ကို ရႈတ္ခ်ေၾကာင္း ေၾကညာခ်က္ထုတ္ျပန္သလို ျပည္တြင္းက စစ္အာဏာရွင္ဆန႔္က်င္ေရးအင္အားစုေတြကလည္း ဟြန္ဆန္ ရဲ့လုပ္ရပ္ကို ဆန႔္က်င္ၾကတာေတြရွိခဲ့ပါတယ္။

ဟြန္ဆန္ဟာ ေနျပည္ေတာ္ခရီးစဥ္မတိုင္ခင္ကတည္းက စစ္အုပ္စုေခါင္းေဆာင္ေတြဟာ အာဆီယံထိပ္သီးအစည္းအေဝးကိုတက္ေရာက္ခြင့္ရွိတယ္လို႔ထုတ္ေျပာထားသူလည္းျဖစ္ပါတယ္။