ၾကားသိသမွ်
မိုင်တဲလ် တာဝါတိုင် ဗုံးခွဲခံရပြီးနောက်ဆက်တွဲအဖြစ်အပျက်များအားဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီယာများအားရှင်းလင်းပြောကြား
ကန့်ဘလူမြို့အနီး မိုင်တဲလ် တာဝါတိုင် ဗုံးခွဲခံရပြီးနောက်ဆက်တွဲအဖြစ်အပျက်များအားဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီယာများအားရှင်းလင်းပြောကြား
ကန့်ဘလူမြို့က မိုင်တဲလ်တာဝါတိုင်ကအစပြုတယ်ပဲပြောရမှာပေါ့၊ မိုင်တဲလ်တာဝါတိုင်ဗုံးခွဲခံရတယ်သတင်းပို့လာတယ်၊ တာဝါတိုင်ကိုစောင့်တဲ့တပ်သားတွေကင်းမစောင့်ပဲအိပ်နေလို့ ဗုံးခွဲသွားလို့ ၂ယောက်ကျပြီး ကံကောင်းတဲ့ ၁ယောက်ကတော့အသက်ရှင်တယ်။
ကံဆိုးချင်တော့ တာဝါတိုင်ဗုံးခွဲခံရတာ လာစစ်တဲ့ တပ်မတော်စစ်ကားကို ဟို PDF အယုတ်တမာတွေကမိုင်းဆွဲလွှတ်လိုက်လို့ ကားလည်းပျက်စီးတဲ့အပြင် တပ်မတော်သား ၃ယောက်ထပ်ကျပြီး ကံကောင်းတာကတော့ကျန်တပ်မတော်သားတွေအနည်းငယ်ပဲဒဏ်ရာရကြပါတယ်။
အာ့နဲ့ ….. သေသွားတဲ့တပ်မတော်သား ၃ယောက်ကိုနီးရာသ်ချိုင်းမှာသွားသဂြိုလ်တော့ အဲ့ဒီသ်ချိုင်းအဝင်ပေါက်နား မှာ ဆွဲမိုင်းထောင်ပြီး သေသွားတဲ့
တပ်မတော်သားတွေကိုသဂြိုလ်ပြီးပြန်အထွက် အဲ့ကောင်တွေပဲ ထောင်ထားတဲ့မိုင်းကို ခွဲသွားကြပြန်လို့ ထပ်သေကြရတဲ့အပြင် စစ်ကူလှမ်းခေါ်လို့ သင်းချိုင်းကုန်းကို စစ်ကူလာတဲ့စစ်ကား ၂စီးကို သင်းချိုင်းကုန်းနားမှာပဲ ထပ် မိုင်းဆွဲကြပြန်တယ်။
တော်တော်ယုတ်မာတဲ့ကောင်တွေပါဗျာ၊ လူမဆန်အောင် တစ်မျိုးမဟုတ်တစ်မျိုးလုပ်ပြီးတော့်ကိုတပ်မတော်သားတွေကိုသတ်နေကြတာ၊ နောက်ဆုံးဗျာ တပ်ကကားတွေလွှတ်ရင် ထပ်လုပ်မှာစိုးလို့ နာရေးကားတွေလွှတ်ပြီးကယ်ခိုင်းတာ အဲ့ နာရေးကားပါ တစ်စစီဖြစ်အောင်လုပ်တယ် ခင်ဗျားတို့ တွေးသာမြင်ကြည့်ကြတော့ပါဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက သတင်းမီဒီယာများအား ပြောသည်။ 😇😁
#တပ်မတော်သတင်းပြန်ကြားရေး