ၾကားသိသမွ်

“NUG အစိုးရနဲ့ AA ရက္ခိုင့်တပ်တော်တို့ ဆွေးနွေး”

“NUG အစိုးရနဲ့ AA ရက္ခိုင့်တပ်တော်တို့ ဆွေးနွေး”

■ NUG အမျိုးသားညီညွတ်ရေးအစိုးရ ခေါင်းဆောင်တွေ ပါဝင်တဲ့အဖွဲ့တစ်ခုနဲ့ AA ရက္ခိုင့်တပ်တော်က စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် ဦးဆောင်တဲ့အဖွဲ့တစ်ခုတို့ ဇန်နဝါရီလ ၅ ရက်နေ့က အွန်လိုင်းကတဆင့် ဆွေးနွေးခဲ့ကြတယ်လို့ ခိုင်လုံတဲ့သတင်းရပ်ကွက်က RFA ကို ပြောပါတယ်။

အဲဒီဆွေးနွေးပွဲမှာ NUG အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေနဲ့ ရခိုင်အမျိုးသားအဖွဲ့ချုပ်၊ ရက္ခိုင့်တပ်တော် (ULA/AA) ဘက်က ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေအကြား လက်ရှိအခြေအနေတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဆွေးနွေးတဲ့အချက်တွေထဲမှာ ရခိုင်တိုင်းရင်းသားတွေရဲ့ အနာဂတ်မျှော်မှန်းချက်၊ တိုင်းရင်းသားတွေရဲ့ အခွင့်အရေး၊ အာဏာရှင်စနစ်အပြီးအပိုင်ဖယ်ရှားရေး၊ AA နဲ့ NUG ပူးပေါင်းနိုင်မယ့် အကြောင်းအရာတွေ ပါဝင်ပြီး တိုးတက်မှုရှိတဲ့ ဆွေးနွေးပွဲဖြစ်တယ်လို့ NUG အသိုင်းအဝန်းက ပြောပါတယ်။ ဒါ့အပြင် အဲဒီဆွေးနွေးပွဲဟာ NUG နဲ့ AA အကြား ဒုတိယအကြိမ် တရားဝင်ဆွေးနွေးပွဲ ဖြစ်တယ်လို့လည်း သိရပါတယ်။ ၏

ရခိုင်တိုင်းရင်းသား ဝါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ ဦးဖေသန်းက ရက္ခိုင့်တပ်တော်ကို စစ်ကောင်စီက မလွဲမရှောင်သာလို့ နေရာပေးပြီး ဆက်ဆံနေတာဖြစ်တယ်၊ အာဏာရှင်တွေရဲ့ မူလသရုပ်မှန်ကို သူတို့ ရခိုင်ပြည်သူတွေက သိပါတယ်။ ဒီတွေ့ဆုံပွဲဟာ ဖြစ်နိုင်ပါတယ်လို့ ပြောပါတယ်။


“ကျနော်တို့ ပြည်နယ်ထဲမှာ ULA/AA ရဲ့ သြဇာအရှိန်အဝါက အတော်ကြီးမားပါတယ်။ ဒါကြောင့်လည်း နောက်ဆုံး နစက က အရှုံးပေါ့နော်။ ပြည်သူလူထုတရပ်လုံး အနောက်မှာရှိတဲ့ အဖွဲ့အစည်းကို သူတို့မတတ်သာပဲနဲ့ ငြိမ်းချမ်းရေး လုပ်ခဲ့ရတယ်ပေါ့နော်။ ခုအချိန်ထိလည်း ULAA က အုပ်ချုပ်ရေးတို့ တရားစီရင်ရေးတို့ အခွန်ကောက်ခံတာတို့ လုပ်လာတာတောင်မှ သူတို့အနေနဲ့ မကျေနပ်ပေမယ့် တားဆီးတာတွေ လုံးဝစစ်ရေးနဲ့ ဖြေရှင်းတာတွေ မလုပ်ဘူးပေါ့၊ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ထားကြတယ်ဆိုတဲ့ သဘောပေါ့။ ဒါ ကျနော်တို့ ပြည်နယ်ဘက်က အခြေအနေကို ပြောတာပါ။ NUG နဲ့ ဆွေးနွေး၊ မဆွေးနွေးတော့ အတိအကျတော့ မသိပါဘူး။ ဒါပေမဲ့ ဒီဘက်ကတော့ ဆွေးနွေးရင် NUG နဲ့ပဲ ဆွေးနွေးမယ်လို့ ကျနော် သုံးသပ်လို့ရတာပေါ့။ ဘာလို့လဲဆိုတော့ နစကနဲ့ ငြိမ်းချမ်းရေး တည်ဆောက်တယ်ဆိုတာက သူ့အကျိုး ကိုယ့်အကျိုးပေါ့။ သူ့အကျိုး၊ ကိုယ့်အကျိုး နှစ်ဖက်ပြေလည်ရင် ဒါက ပြသနာမရှိဘူး၊ သူ့အကျိုး၊ ကိုယ့်အကျိုး ထိခိုက်လာမယ်ဆိုရင်တော့ တိုက်ပွဲတွေက အချိန်မရွေး ပြန်ဖြစ်လာနိုင်တယ်။ တကယ့် ပြည်သူကိုအန္တရာယ်ပြုနိုင်တာ၊ ULA/AA ကို အခက်အခဲတွေ့အောင် အကျဉ်းအကြပ်တွေ့အောင် လုပ်နိုင်တာက နစက ဖြစ်တယ်။ ဒါ့ကြောင့် သူ့အနေနဲ့ ပေါင်းချင်းပေါင်းရင် ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ NUG တို့ CRPH တို့လို NUCC တို့လို အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးအရ ရှေ့ကိုရည်မျှော်ပြီးတော့ ဆွေးနွေးနိုင်တယ်လို့ ကျနော်ထင်တယ်”

စစ်ကောင်စီကိုဆန့်ကျင်ပြီး လူထုနဲ့ ပူးပေါင်းခဲ့တဲ့ ဗိုလ်ကြီးတစ်ဦးက အခုလို NUG နဲ့ AA ဆွေးနွေးပွဲဟာ စစ်ကောင်စီကို ကြီးမားတဲ့ထိုးနှက်ချက်ပဲလို့ ဝေဖန်လိုက်ပါတယ်။

“တော်လှန်ရေးရဲ့အရှိန် အမြင့်ဆုံး အခြေအနေတစ်ခုမှာ သူတို့အနေနဲ့ လက်တွဲသင့်တဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ လက်တွဲပြီးတော့ ရှေ့ဆက်လုပ်ဆောင်ရမယ့်လမ်းကို မြန်မြန်အကောင်အထည်ဖော်လိုက်တယ်လို့ မြင်တယ်။ အရွေ့တစ်ခုကို မြန်မြန်ရောက်ဖို့အတွက် ဒါ တွေ့ဆုံဆွေးနွေးလိုက်တယ်လို့ ကျနော်မြင်တယ်။ တိုင်းရင်းသားတွေထဲမှာ AA က အင်အားတောင့်တင်းတဲ့ အဖွဲ့လည်းဖြစ်တယ်၊ local PDF တွေ အနေနဲ့လည်း AA ဆီကနေ အထောက်အပံ့ရလိမ့်မယ်လို့ မြင်တာပေါ့။ စစ်ကောင်စီက နဂိုကတည်း AA ကို သိပ်ထိရဲတဲ့အထဲမှာ မပါဘူး။ AA ကို မထိရဲတဲ့အတွက်ကြောင့် AA အဖွဲ့က NUG နဲ့ အခုလို တွေ့ဆုံဆွေးနွေးလိုက်တယ်ဆိုတာ ကြားလို့ရှိရင်တော့ သူတို့အတွက်က ကြီးမားတဲ့ဆုံးရှုံးမှုပေါ့၊ သူတို့လည်း AA ကို ညှိနှိုင်းဖို့ကြိုးစားတာ အခါခါဖြစ်တဲ့အတွက်ကြောင့် AA က သူတို့ကို လက်မခံဘဲနဲ့ NUG နဲ့ ပူးပေါင်းလိုက်တဲ့သဘောကို ဆောင်သွားလို့ရှိရင် သူတို့အတွက် ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးတွေ ဖြစ်လာနိုင်တာပေါ့နော်”

လက်ရှိအခြေအနေမှာ NUG အနေနဲ့ စစ်ရေးအရ ပိုမိုအားကောင်းအောင် ဆောင်ရွက်ဖို့လိုတယ်လို့ ဦးဖေသန်း က ပြောပါတယ်။


“နိုင်ငံရေးအရတော့ NUG က နိုင်ငံတကာ သံခင်းတမန်ခင်းအရ ခြေလှမ်းက ရှေ့ရောက်နေတယ်။ ဒါပေမဲ့ NUG မှာ စစ်ရေးအားဖြင့်တော့ နစက လောက်တော့ အားမကောင်းဘူးပေါ့နော်။ အဲဒီဘက်က အထောက်အပံ့ တစ်စုံတစ်ရာရရင်တော့ ပြည်သူလူထုကတော့ အကုန်လုံး NUG နဲ့ ပူးပေါင်းဖို့ သေချာသလောက်ပဲ။ ဒီဘက်ကလည်း သူတို့ရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့အတွက် ရှိသမျှ အင်အားကို ထုတ်သုံးမှာပဲ၊ ဒီတိုက်ပွဲကတော့ ဒါကြောင့် တော်တော့ကို ပြင်းထန်လာဦးမယ်၊ ပြည်သူလူထုကလည်း တော်တော်ထိခိုက်ပြီး ဘဝတွေ ဆုံးရှုံးကြဦးမယ် စီးပွားတွေ ပျက်ကြဦးမယ်။ ဘယ်လိုလုပ်ကြမလဲဆိုတော့ ဆွေးနွေးပွဲ လမ်းကြောင်းကလည်း ဖြစ်လာစရာအကြောင်း မရှိဘူး၊ ခြေကျွံ နှုတ်ကျွံတွေ တအားများသွားပြီ။ နိုင်ငံတကာ ဖိအားကိုလည်း ဟိုဘက်က အရေးစိုက်တာ မဟုတ်ဘူး။ လူထုရဲ့စိတ်ဓာတ်ကတော့ စစ်အာဏာရှင်စနစ်ကို မုန်းလည်းမုန်းတယ် ရွံလည်းရွံတယ်၊ ကြောက်လည်းကြောက်တယ်ပေါ့နော်၊ ပြည်သူ့လူထုကတော့ အခွင့်အခါသင့်ရင် တော်လှန်ရေးအင်အားစုတွေကို ဝင်ကူကြမှာပဲ၊ အချိန်ကာလတစ်ခု အခြေအနေတစ်ခုကိုတော့ ဖြတ်ကျော်ရဦးမယ်လို့ ကျနော် နားလည်ပါတယ်”

ဒါ့အပြင်သူက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ NUG အကြား ပူးပေါင်းမှုတွေ တိုးတက်လာနိုင်တယ်လို့လည်း သုံးသပ်ပါတယ်။
“EAO တွေနဲ့ စစ်ကောင်စီရဲ့ ဆက်ဆံရေးကတော့ ရှေ့ဆက်ပြီး ဒီ့ထက်တိုးတက်လာစရာ အကြောင်းမရှိတော့ဘူးလို့ ကျနော် မြင်ပါတယ်။

ဒီဘက်က NUG နဲ့ EAOs တွေနဲ့ ဘယ်လောက်ပြေလည်မလဲ၊ ဘယ်လောက်ပူးပေါင်းနိုင်မလဲ ဆိုတာကတော့ NUG က ဘယ်လောက်အထိ တိုင်းရင်းသားအပေါ်မှာ ကိုယ်ချင်းစာပြီးတော့ ဖွဲ့စည်းပုံတစ်ရပ်ကို ရေးဆွဲပြီးတော့ ဂုဏ်သိက္ခာရှိရှိ လုပ်ပေးနိုင်မလဲဆိုတဲ့အပေါ်မှာ အများကြီး မူတည်ပါတယ်။ ဘာပဲပြောပြော ဒီအချိန်မှာတော့ EAO တွေ နဲ့ NUG နဲ့ မလွှဲမသွေကို မဟာမိတ်အခြေအနေကို ရောက်လာကြတယ်။ ဒါကြောင့် ဒီတိုက်ပွဲမှာတော့ ရှေ့ဆက်ပြီး ဒီ့ထက် ပူးပေါင်းသွားနိုင်တယ်လို့ ကျနော် မြင်ပါတယ်၊ တကယ်တမ်းသာ ဖက်ဒရယ်အခွင့်အရေးကို လွတ်လွတ်လပ်လပ် ပေးလိုက်မယ်ဆိုရင် ခွဲထွက်စရာမလိုတဲ့ အခြေအနေမျိုး ပြည်ထောင်စုစစ်စစ် ဖြစ်လာမယ်လို့ ကျနော် ထင်ပါတယ်”

လူ့အခွင့်အရေးလှုပ်ရှားသူ တစ်ဦးဖြစ်တဲ့ ဦးအောင်မြင့် (ဘိုကလေး) ကလည်း တိုင်းရင်းသားအားလုံး ပူးပေါင်းရင် ဘုံရန်သူဖြစ်တဲ့ စစ်ကောင်စီကို မုချအနိုင်ရရှိမှာပဲလို့ ဝေဖန်ပါတယ်။

“AA နဲ့ NUG တွေ့ဆုံတဲ့ပွဲက ဗမာပြည် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့အတွက် ဘုံရန်သူကို ပူးပေါင်းတော်လှန်ဖို့ သဘောတူတယ်ဆိုရင် ဒါအပေါင်းလက္ခဏာလို့ ကျနော် မြင်ပါတယ်။ မြန်မာပြည်ဒီမိုကရေစီ ခေတ်ပြောင်းတော်လှန်ရေးရဲ့ အဓိက ရည်ရွယ်ချက်က စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ရခိုင်တိုင်းရင်းသား အပါအဝင် ရှမ်း၊ ချင်း၊ ကချင်၊ မွန် အားလုံး တန်းတူအခွင့်အရေးရရှိဖို့နဲ့ စစ်အာဏာရှင် လက်အောက်က အပြီးတိုင်လွတ်မြောက်ရေး ဖြစ်တယ်။ အဲဒီအတွက် ဘုံရန်သူဖြစ်တဲ့ စစ်အာဏာရှင်စနစ်ကို တိုင်းရင်းသားတွေအားလုံး အတူလက်တွဲပြီးတော့ တိုက်ခိုက်ဖို့ အရေးကြီးတယ်လို့ ကျနော်မြင်တယ်”

အခုလို တွေ့ဆုံဆွေးနွေးမှုနဲ့ ပတ်သက်ပြီး NUG နဲ့ AA နှစ်ဖက်လုံးက တရားဝင်ထုတ်ပြန် ပြောကြားခြင်း မရှိသေးပါဘူး။ ခင်မောင်စိုး (ဝါရှင်တန် ဒီစီ)RFA

Zawgyi

“NUG အစိုးရနဲ႔ AA ရကၡိဳင့္တပ္ေတာ္တို႔ ေဆြးေႏြး”

■ NUG အမ်ိဳးသားညီညြတ္ေရးအစိုးရ ေခါင္းေဆာင္ေတြ ပါဝင္တဲ့အဖြဲ႕တစ္ခုနဲ႔ AA ရကၡိဳင့္တပ္ေတာ္က စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ ထြန္းျမတ္နိုင္ ဦးေဆာင္တဲ့အဖြဲ႕တစ္ခုတို႔ ဇန္နဝါရီလ ၅ ရက္ေန႔က အြန္လိုင္းကတဆင့္ ေဆြးေႏြးခဲ့ၾကတယ္လို႔ ခိုင္လုံတဲ့သတင္းရပ္ကြက္က RFA ကို ေျပာပါတယ္။

အဲဒီေဆြးေႏြးပြဲမွာ NUG အစိုးရအဖြဲ႕ဝင္ ဝန္ႀကီးေတြနဲ႔ ရခိုင္အမ်ိဳးသားအဖြဲ႕ခ်ဳပ္၊ ရကၡိဳင့္တပ္ေတာ္ (ULA/AA) ဘက္က ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕ဝင္ေတြအၾကား လက္ရွိအေျခအေနေတြကို ပြင့္ပြင့္လင္းလင္း ေဆြးေႏြးခဲ့ၾကတယ္လို႔ ဆိုပါတယ္။

ေဆြးေႏြးတဲ့အခ်က္ေတြထဲမွာ ရခိုင္တိုင္းရင္းသားေတြရဲ့ အနာဂတ္ေမၽွာ္မွန္းခ်က္၊ တိုင္းရင္းသားေတြရဲ့ အခြင့္အေရး၊ အာဏာရွင္စနစ္အၿပီးအပိုင္ဖယ္ရွားေရး၊ AA နဲ႔ NUG ပူးေပါင္းနိုင္မယ့္ အေၾကာင္းအရာေတြ ပါဝင္ၿပီး တိုးတက္မႈရွိတဲ့ ေဆြးေႏြးပြဲျဖစ္တယ္လို႔ NUG အသိုင္းအဝန္းက ေျပာပါတယ္။ ဒါ့အျပင္ အဲဒီေဆြးေႏြးပြဲဟာ NUG နဲ႔ AA အၾကား ဒုတိယအႀကိမ္ တရားဝင္ေဆြးေႏြးပြဲ ျဖစ္တယ္လို႔လည္း သိရပါတယ္။ ၏

ရခိုင္တိုင္းရင္းသား ဝါရင့္နိုင္ငံေရးသမားတစ္ဦးျဖစ္တဲ့ ဦးေဖသန္းက ရကၡိဳင့္တပ္ေတာ္ကို စစ္ေကာင္စီက မလြဲမေရွာင္သာလို႔ ေနရာေပးၿပီး ဆက္ဆံေနတာျဖစ္တယ္၊ အာဏာရွင္ေတြရဲ့ မူလသ႐ုပ္မွန္ကို သူတို႔ ရခိုင္ျပည္သူေတြက သိပါတယ္။ ဒီေတြ႕ဆုံပြဲဟာ ျဖစ္နိုင္ပါတယ္လို႔ ေျပာပါတယ္။

“က်ေနာ္တို႔ ျပည္နယ္ထဲမွာ ULA/AA ရဲ့ ၾသဇာအရွိန္အဝါက အေတာ္ႀကီးမားပါတယ္။ ဒါေၾကာင့္လည္း ေနာက္ဆုံး နစက က အရႈံးေပါ့ေနာ္။ ျပည္သူလူထုတရပ္လုံး အေနာက္မွာရွိတဲ့ အဖြဲ႕အစည္းကို သူတို႔မတတ္သာပဲနဲ႔ ၿငိမ္းခ်မ္းေရး လုပ္ခဲ့ရတယ္ေပါ့ေနာ္။ ခုအခ်ိန္ထိလည္း ULAA က အုပ္ခ်ဳပ္ေရးတို႔ တရားစီရင္ေရးတို႔ အခြန္ေကာက္ခံတာတို႔ လုပ္လာတာေတာင္မွ သူတို႔အေနနဲ႔ မေက်နပ္ေပမယ့္ တားဆီးတာေတြ လုံးဝစစ္ေရးနဲ႔ ေျဖရွင္းတာေတြ မလုပ္ဘူးေပါ့၊ တစ္ေယာက္နဲ႔တစ္ေယာက္ နားလည္မႈနဲ႔ ၿငိမ္းခ်မ္းေရး တည္ေဆာက္ထားၾကတယ္ဆိုတဲ့ သေဘာေပါ့။ ဒါ က်ေနာ္တို႔ ျပည္နယ္ဘက္က အေျခအေနကို ေျပာတာပါ။ NUG နဲ႔ ေဆြးေႏြး၊ မေဆြးေႏြးေတာ့ အတိအက်ေတာ့ မသိပါဘူး။ ဒါေပမဲ့ ဒီဘက္ကေတာ့ ေဆြးေႏြးရင္ NUG နဲ႔ပဲ ေဆြးေႏြးမယ္လို႔ က်ေနာ္ သုံးသပ္လို႔ရတာေပါ့။ ဘာလို႔လဲဆိုေတာ့ နစကနဲ႔ ၿငိမ္းခ်မ္းေရး တည္ေဆာက္တယ္ဆိုတာက သူ႔အက်ိဳး ကိုယ့္အက်ိဳးေပါ့။ သူ႔အက်ိဳး၊ ကိုယ့္အက်ိဳး ႏွစ္ဖက္ေျပလည္ရင္ ဒါက ျပသနာမရွိဘူး၊ သူ႔အက်ိဳး၊ ကိုယ့္အက်ိဳး ထိခိုက္လာမယ္ဆိုရင္ေတာ့ တိုက္ပြဲေတြက အခ်ိန္မေရြး ျပန္ျဖစ္လာနိုင္တယ္။ တကယ့္ ျပည္သူကိုအႏၲရာယ္ျပဳနိုင္တာ၊ ULA/AA ကို အခက္အခဲေတြ႕ေအာင္ အက်ဥ္းအၾကပ္ေတြ႕ေအာင္ လုပ္နိုင္တာက နစက ျဖစ္တယ္။ ဒါ့ေၾကာင့္ သူ႔အေနနဲ႔ ေပါင္းခ်င္းေပါင္းရင္ ျပည္သူ႔ကိုယ္စားလွယ္ေတြနဲ႔ ဖြဲ႕စည္းထားတဲ့ NUG တို႔ CRPH တို႔လို NUCC တို႔လို အဖြဲ႕အစည္းေတြနဲ႔ နိုင္ငံေရးအရ ေရွ႕ကိုရည္ေမၽွာ္ၿပီးေတာ့ ေဆြးေႏြးနိုင္တယ္လို႔ က်ေနာ္ထင္တယ္”

စစ္ေကာင္စီကိုဆန႔္က်င္ၿပီး လူထုနဲ႔ ပူးေပါင္းခဲ့တဲ့ ဗိုလ္ႀကီးတစ္ဦးက အခုလို NUG နဲ႔ AA ေဆြးေႏြးပြဲဟာ စစ္ေကာင္စီကို ႀကီးမားတဲ့ထိုးႏွက္ခ်က္ပဲလို႔ ေဝဖန္လိုက္ပါတယ္။

“ေတာ္လွန္ေရးရဲ့အရွိန္ အျမင့္ဆုံး အေျခအေနတစ္ခုမွာ သူတို႔အေနနဲ႔ လက္တြဲသင့္တဲ့ တိုင္းရင္းသားအဖြဲ႕ေတြနဲ႔ လက္တြဲၿပီးေတာ့ ေရွ႕ဆက္လုပ္ေဆာင္ရမယ့္လမ္းကို ျမန္ျမန္အေကာင္အထည္ေဖာ္လိုက္တယ္လို႔ ျမင္တယ္။ အေရြ႕တစ္ခုကို ျမန္ျမန္ေရာက္ဖို႔အတြက္ ဒါ ေတြ႕ဆုံေဆြးေႏြးလိုက္တယ္လို႔ က်ေနာ္ျမင္တယ္။ တိုင္းရင္းသားေတြထဲမွာ AA က အင္အားေတာင့္တင္းတဲ့ အဖြဲ႕လည္းျဖစ္တယ္၊ local PDF ေတြ အေနနဲ႔လည္း AA ဆီကေန အေထာက္အပံ့ရလိမ့္မယ္လို႔ ျမင္တာေပါ့။ စစ္ေကာင္စီက နဂိုကတည္း AA ကို သိပ္ထိရဲတဲ့အထဲမွာ မပါဘူး။ AA ကို မထိရဲတဲ့အတြက္ေၾကာင့္ AA အဖြဲ႕က NUG နဲ႔ အခုလို ေတြ႕ဆုံေဆြးေႏြးလိုက္တယ္ဆိုတာ ၾကားလို႔ရွိရင္ေတာ့ သူတို႔အတြက္က ႀကီးမားတဲ့ဆုံးရႈံးမႈေပါ့၊ သူတို႔လည္း AA ကို ညႇိႏွိုင္းဖို႔ႀကိဳးစားတာ အခါခါျဖစ္တဲ့အတြက္ေၾကာင့္ AA က သူတို႔ကို လက္မခံဘဲနဲ႔ NUG နဲ႔ ပူးေပါင္းလိုက္တဲ့သေဘာကို ေဆာင္သြားလို႔ရွိရင္ သူတို႔အတြက္ ႀကီးမားတဲ့ ဝန္ထုပ္ဝန္ပိုးေတြ ျဖစ္လာနိုင္တာေပါ့ေနာ္”

လက္ရွိအေျခအေနမွာ NUG အေနနဲ႔ စစ္ေရးအရ ပိုမိုအားေကာင္းေအာင္ ေဆာင္ရြက္ဖို႔လိုတယ္လို႔ ဦးေဖသန္း က ေျပာပါတယ္။

“နိုင္ငံေရးအရေတာ့ NUG က နိုင္ငံတကာ သံခင္းတမန္ခင္းအရ ေျခလွမ္းက ေရွ႕ေရာက္ေနတယ္။ ဒါေပမဲ့ NUG မွာ စစ္ေရးအားျဖင့္ေတာ့ နစက ေလာက္ေတာ့ အားမေကာင္းဘူးေပါ့ေနာ္။ အဲဒီဘက္က အေထာက္အပံ့ တစ္စုံတစ္ရာရရင္ေတာ့ ျပည္သူလူထုကေတာ့ အကုန္လုံး NUG နဲ႔ ပူးေပါင္းဖို႔ ေသခ်ာသေလာက္ပဲ။ ဒီဘက္ကလည္း သူတို႔ရဲ့ အသက္အိုးအိမ္စည္းစိမ္ကို ကာကြယ္ဖို႔အတြက္ ရွိသမၽွ အင္အားကို ထုတ္သုံးမွာပဲ၊ ဒီတိုက္ပြဲကေတာ့ ဒါေၾကာင့္ ေတာ္ေတာ့ကို ျပင္းထန္လာဦးမယ္၊ ျပည္သူလူထုကလည္း ေတာ္ေတာ္ထိခိုက္ၿပီး ဘဝေတြ ဆုံးရႈံးၾကဦးမယ္ စီးပြားေတြ ပ်က္ၾကဦးမယ္။ ဘယ္လိုလုပ္ၾကမလဲဆိုေတာ့ ေဆြးေႏြးပြဲ လမ္းေၾကာင္းကလည္း ျဖစ္လာစရာအေၾကာင္း မရွိဘူး၊ ေျခကၽြံ ႏႈတ္ကၽြံေတြ တအားမ်ားသြားၿပီ။ နိုင္ငံတကာ ဖိအားကိုလည္း ဟိုဘက္က အေရးစိုက္တာ မဟုတ္ဘူး။ လူထုရဲ့စိတ္ဓာတ္ကေတာ့ စစ္အာဏာရွင္စနစ္ကို မုန္းလည္းမုန္းတယ္ ရြံလည္းရြံတယ္၊ ေၾကာက္လည္းေၾကာက္တယ္ေပါ့ေနာ္၊ ျပည္သူ႔လူထုကေတာ့ အခြင့္အခါသင့္ရင္ ေတာ္လွန္ေရးအင္အားစုေတြကို ဝင္ကူၾကမွာပဲ၊ အခ်ိန္ကာလတစ္ခု အေျခအေနတစ္ခုကိုေတာ့ ျဖတ္ေက်ာ္ရဦးမယ္လို႔ က်ေနာ္ နားလည္ပါတယ္”

ဒါ့အျပင္သူက တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ေတြနဲ႔ NUG အၾကား ပူးေပါင္းမႈေတြ တိုးတက္လာနိုင္တယ္လို႔လည္း သုံးသပ္ပါတယ္။

“EAO ေတြနဲ႔ စစ္ေကာင္စီရဲ့ ဆက္ဆံေရးကေတာ့ ေရွ႕ဆက္ၿပီး ဒီ့ထက္တိုးတက္လာစရာ အေၾကာင္းမရွိေတာ့ဘူးလို႔ က်ေနာ္ ျမင္ပါတယ္။ ဒီဘက္က NUG နဲ႔ EAOs ေတြနဲ႔ ဘယ္ေလာက္ေျပလည္မလဲ၊ ဘယ္ေလာက္ပူးေပါင္းနိုင္မလဲ ဆိုတာကေတာ့ NUG က ဘယ္ေလာက္အထိ တိုင္းရင္းသားအေပၚမွာ ကိုယ္ခ်င္းစာၿပီးေတာ့ ဖြဲ႕စည္းပုံတစ္ရပ္ကို ေရးဆြဲၿပီးေတာ့ ဂုဏ္သိကၡာရွိရွိ လုပ္ေပးနိုင္မလဲဆိုတဲ့အေပၚမွာ အမ်ားႀကီး မူတည္ပါတယ္။ ဘာပဲေျပာေျပာ ဒီအခ်ိန္မွာေတာ့ EAO ေတြ နဲ႔ NUG နဲ႔ မလႊဲမေသြကို မဟာမိတ္အေျခအေနကို ေရာက္လာၾကတယ္။ ဒါေၾကာင့္ ဒီတိုက္ပြဲမွာေတာ့ ေရွ႕ဆက္ၿပီး ဒီ့ထက္ ပူးေပါင္းသြားနိုင္တယ္လို႔ က်ေနာ္ ျမင္ပါတယ္၊ တကယ္တမ္းသာ ဖက္ဒရယ္အခြင့္အေရးကို လြတ္လြတ္လပ္လပ္ ေပးလိုက္မယ္ဆိုရင္ ခြဲထြက္စရာမလိုတဲ့ အေျခအေနမ်ိဳး ျပည္ေထာင္စုစစ္စစ္ ျဖစ္လာမယ္လို႔ က်ေနာ္ ထင္ပါတယ္”

လူ႔အခြင့္အေရးလႈပ္ရွားသူ တစ္ဦးျဖစ္တဲ့ ဦးေအာင္ျမင့္ (ဘိုကေလး) ကလည္း တိုင္းရင္းသားအားလုံး ပူးေပါင္းရင္ ဘုံရန္သူျဖစ္တဲ့ စစ္ေကာင္စီကို မုခ်အနိုင္ရရွိမွာပဲလို႔ ေဝဖန္ပါတယ္။

“AA နဲ႔ NUG ေတြ႕ဆုံတဲ့ပြဲက ဗမာျပည္ စစ္အာဏာရွင္စနစ္ ခ်ဳပ္ၿငိမ္းဖို႔အတြက္ ဘုံရန္သူကို ပူးေပါင္းေတာ္လွန္ဖို႔ သေဘာတူတယ္ဆိုရင္ ဒါအေပါင္းလကၡဏာလို႔ က်ေနာ္ ျမင္ပါတယ္။ ျမန္မာျပည္ဒီမိုကေရစီ ေခတ္ေျပာင္းေတာ္လွန္ေရးရဲ့ အဓိက ရည္ရြယ္ခ်က္က စစ္အာဏာရွင္စနစ္ အၿပီးတိုင္ခ်ဳပ္ၿငိမ္းေရးနဲ႔ ရခိုင္တိုင္းရင္းသား အပါအဝင္ ရွမ္း၊ ခ်င္း၊ ကခ်င္၊ မြန္ အားလုံး တန္းတူအခြင့္အေရးရရွိဖို႔နဲ႔ စစ္အာဏာရွင္ လက္ေအာက္က အၿပီးတိုင္လြတ္ေျမာက္ေရး ျဖစ္တယ္။ အဲဒီအတြက္ ဘုံရန္သူျဖစ္တဲ့ စစ္အာဏာရွင္စနစ္ကို တိုင္းရင္းသားေတြအားလုံး အတူလက္တြဲၿပီးေတာ့ တိုက္ခိုက္ဖို႔ အေရးႀကီးတယ္လို႔ က်ေနာ္ျမင္တယ္”

အခုလို ေတြ႕ဆုံေဆြးေႏြးမႈနဲ႔ ပတ္သက္ၿပီး NUG နဲ႔ AA ႏွစ္ဖက္လုံးက တရားဝင္ထုတ္ျပန္ ေျပာၾကားျခင္း မရွိေသးပါဘူး။ ခင္ေမာင္စိုး (ဝါရွင္တန္ ဒီစီ)RFA