ၾကားသိသမွ်

ဝက်လက်PDFကို တောနင်းရှာဖွေသည့် စစ်ကောင်စီ ဗျူဟာမှူးနှင့် တပ်သား မြွေပွေးကိုက်ခံရ

ဝက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦးနှင့် ဒုတပ်ကြပ်တစ်ဦး မြွေပွေးကိုက်ခံရ၊ ဒုတပ်ကြပ်သေ

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်ရှိ ဒေသကာကွယ်ရေးတပ်(PDF)များကို တောနင်းရှာဖွေသော စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦးနှင့်

ဒုတပ်ကြပ်တစ်ဦး မြွေပွေးကိုက်ခံရပြီး တစ်ဦးသေဆုံးကြောင်း ဝက်လက်မြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက လူထု

နွေဦးသို့ ပြောသည်။


(ဇန်နဝါရီ ၁၀ ရက်)နေ့လည် ၂ နာရီခန့်က ရှားကွဲရွာမြောက်ဘက် မန်းတောင်အထက်တွင်

အကြမ်းဖက်စစ်ကောင်စီတပ်မှ နှစ်ဦး မြွေးပွေးကိုက်ခံရခြင်းဖြစ်သည်။

“ဒုတပ်ကြပ်က ဒီညနေ သေသွားတယ်။‌နောက် ဗိုလ်ကြီးဖြစ်တဲ့သူကတော့ ဆေးထိုးထားတယ်လို့ သိရတယ်။


နောက် ၂၄ နာရီအတွင်းမှ အဆိပ်ထပ်ပြန့်ရင်တော့ သူလည်း သေဖို့များတယ်။ ဒါက ပြည်သူ့မေတ္တာ ဆူးတာပဲ”ဟု

အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

ဇန်နဝါရီ ၉ ရက်ကစ၍ အကြမ်းဖက်စစ်ကောင်စီက အင်အား ၁၄၀ ခန့်ဖြင့် ဝက်လက်မြို့နယ်အတွင်းရှိ PDF များကို

တေားနင်းရှာဖွေခြင်းများ ပြုလုပ်နေသည်။

ဝက္လက္ၿမိဳ႕နယ္တြင္ စစ္ေကာင္စီတပ္မွ ဗိုလ္ႀကီးတစ္ဦးႏွင့္ ဒုတပ္ၾကပ္တစ္ဦး ေႁမြေပြးကိုက္ခံရ၊ ဒုတပ္ၾကပ္ေသ

စစ္ကိုင္းတိုင္း ဝက္လက္ၿမိဳ႕နယ္ရွိ ေဒသကာကြယ္ေရးတပ္(PDF)မ်ားကို ေတာနင္းရွာေဖြေသာ စစ္ေကာင္စီတပ္မွ ဗိုလ္ႀကီးတစ္

ဦးႏွင့္

ဒုတပ္ၾကပ္တစ္ဦး ေႁမြေပြးကိုက္ခံရၿပီး တစ္ဦးေသဆုံးေၾကာင္း ဝက္လက္ၿမိဳ႕နယ္ ျပည္သူ႔ ကာကြယ္ေရးတပ္ဖြဲ႕တာဝန္ရွိသူတစ္ဦး

က လူထုေႏြဦးသို႔ ေျပာသည္။

(ဇန္နဝါရီ ၁၀ ရက္)ေန႔လည္ ၂ နာရီခန႔္က ရွားကြဲရြာေျမာက္ဘက္ မန္းေတာင္အထက္တြင္

အၾကမ္းဖက္စစ္ေကာင္စီတပ္မွ ႏွစ္ဦး ေႁမြးေပြးကိုက္ခံရျခင္းျဖစ္သည္။

“ဒုတပ္ၾကပ္က ဒီညေန ေသသြားတယ္။‌ေနာက္ ဗိုလ္ႀကီးျဖစ္တဲ့သူကေတာ့ ေဆးထိုးထားတယ္လို႔ သိရတယ္။

ေနာက္ ၂၄ နာရီအတြင္းမွ အဆိပ္ထပ္ျပန႔္ရင္ေတာ့ သူလည္း ေသဖို႔မ်ားတယ္။ ဒါက ျပည္သူ႔ေမတၱာ ဆူးတာပဲ”ဟု

အထက္ပါတာဝန္ရွိသူက ရွင္းျပသည္။

ဇန္နဝါရီ ၉ ရက္ကစ၍ အၾကမ္းဖက္စစ္ေကာင္စီက အင္အား ၁၄၀ ခန႔္ျဖင့္ ဝက္လက္ၿမိဳ႕နယ္အတြင္းရွိ PDF မ်ားကို

ေတားနင္းရွာေဖြျခင္းမ်ား ျပဳလုပ္ေနသည္။