ၾကားသိသမွ်

( ၇၄) ကြိမ်‌မြောက် ကချင်ပြည်နယ်နေ့အား ဂုဏ်ပြုသည့်အနေဖြင့် ကချင်တိုင်းရင်းသားနေအိမ်အချို့တွင် ကချင်အမျိုးသားအလံ လွှင့်တင်

( ၇၄) ကြိမ်‌မြောက် ကချင်ပြည်နယ်နေ့အား ဂုဏ်ပြုသည့်အနေဖြင့် ကချင်တိုင်းရင်းသားနေအိမ်အချို့တွင် ကချင်အမျိုးသားအလံ လွှင့်တင်

January 10,2022 / Kachin News group

ဇန်နဝါရီလ ၁၀ရက်နေ့ ကျရောက်သည့် (၇၄)ကြိမ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ်အား ဂုဏ်ပြုသည့်အနေဖြင့် ကချင်တိုင်းရင်းသားများ၏ နေအိမ်အချို့တွင် ကချင်အမျိုးသားအလံလွှင့်တင်ကာ ဂုဏ်ပြုခဲ့ကြကြောင်း မြစ်ကြီးနားမြို့မှ ကချင်တိုင်းရင်းသား ဒေသခံတစ်ဦးကခုလိုပြောသည်။


“ကချင်​ပြည်နယ်နေ့ကို သတိရဂုဏ်ပြုတဲ့အနေနဲ့ အိမ်မှာအလံထောင်ထားရတာပါ။ အိမ်ကကလေးအငယ်တွေ ဘာလို့ဒီနေ့မှ အလံထောင်တာလဲလို့မေးရင် ပြောပြလို့ရတယ်။ မိဘအနေနဲ့ သိသလောက်ပြောပြဖြစ်တယ်။” လို့ မြစ်ကြီးနားမြို့နေ ဒေသခံတစ်ဦးကပြောသည်။

ကချင်ပြည်နယ်နေ့အထိမ်းအမှတ်ကို ဂုဏ်ပြုသည့်အနေဖြင့် မနက် ၆ နာရီမှစကာ ကချင်အမျိုးသားအလံကို လွှင့်ထူခဲ့ကြပြီး မိသားစုတွေအလိုက် စည်းဝေးဆုတောင်းခြင်းများ ပြုလုပ်လျက်ရှိကြသည်။


ထို့ပြင် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်ပွဲတော်အား ယခင် မြစ်ကြီးနားမြို့၊ စီတာပူ ရပ်ကွက်ရှိ မနောကွင်းတွင် ကျင်းပခဲ့ကြသော်လည်း ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် ကိုဗစ်ရောဂါအခြေနေကြောင့် မနောကွင်းတွင် ကျင်းပနိုင်ခြင်းမရှိဘဲ ကချင်ပြည်နယ်အစိုးရရုံးတွင်သာ အကျဉ်းချုံး ကျင်းပပြုလုပ်ခဲ့ကြသည်။

အလားတူ (၇၄)ကြိမ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်ပွဲတော်သည်လည်း မနောကွင်းတွင် ကျင်းပနိုင်ခြင်းမရှိဘဲ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်ရှိ WMR (ကချင်အမျိုးသားအတိုင်ပင်ခံရုံး) တွင် ကျေးဇူးတော်ချီးမွမ်း ဆုတောင်းပွဲ ပြုလုပ်ကျင်းပခဲ့ရကြောင်း ဆုတောင်းပွဲ ဦးဆောင်သူ တစ်ဦးက ခုလိုပြောသည်။


“ကျနော်တို့ ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ WMR ကနေပြီး ကျေးဇူးတော်ချီးမွမ်းဆုတောင်းပွဲလုပ်တယ်။ အရင်နှစ်တွေအတိုင်းပဲ Kachin State Day ကို ကြိုဆိုတဲ့အနေနဲ့ အိမ်တိုင်း ကချင်အလံကို လွှင့်ထူပြီး ကြိုဆိုကြတယ်ပေါ့။

ဘာသာရေးအဖွဲ့အစည်းတွေနဲ့ တခြားအဖွဲ့အစည်းတွေအနေနဲ့လဲ ကိုယ်အဆင်ပြေသလို ဆုတောင်းချီးမွမ်းပွဲလုပ်လို့ရအောင် ရည်ရွယ်တာပေါ့။” ဟု KNG ကချင်သတင်းဌာနကို ဆက်ဆိုထားပါသည်။


အလားတူ ယခုနှစ်တွင် ဝိုင်းမော်မြို့ ၊ဖားကန့်မြို့နှင့် ဗန်းမော်မြို့တွင်လည်း နေအိမ်အချို့တွင် ကချင်အမျိုးသားအလံ စိုက်ထူခြင်းအစီစဉ်ကိုပြုလုပ်ခဲ့ကြသည်။

( ၇၄) ႀကိမ္‌ေျမာက္ ကခ်င္ျပည္နယ္ေန႔အား ဂုဏ္ျပဳသည့္အေနျဖင့္ ကခ်င္တိုင္းရင္းသားေနအိမ္အခ်ိဳ႕တြင္ ကခ်င္အမ်ိဳးသားအလံ လႊင့္တင္

January 10,2022 / Kachin News group

ဇန္နဝါရီလ ၁၀ရက္ေန႔ က်ေရာက္သည့္ (၇၄)ႀကိမ္ေျမာက္ ကခ်င္ျပည္နယ္ေန႔အထိမ္းအမွတ္အား ဂုဏ္ျပဳသည့္အေနျဖင့္ ကခ်င္တိုင္းရင္းသားမ်ား၏ ေနအိမ္အခ်ိဳ႕တြင္ ကခ်င္အမ်ိဳးသားအလံလႊင့္တင္ကာ ဂုဏ္ျပဳခဲ့ၾကေၾကာင္း ျမစ္ႀကီးနားၿမိဳ႕မွ ကခ်င္တိုင္းရင္းသား ေဒသခံတစ္ဦးကခုလိုေျပာသည္။

“ကခ်င္​ျပည္နယ္ေန႔ကို သတိရဂုဏ္ျပဳတဲ့အေနနဲ႔ အိမ္မွာအလံေထာင္ထားရတာပါ။ အိမ္ကကေလးအငယ္ေတြ ဘာလို႔ဒီေန႔မွ အလံေထာင္တာလဲလို႔ေမးရင္ ေျပာျပလို႔ရတယ္။ မိဘအေနနဲ႔ သိသေလာက္ေျပာျပျဖစ္တယ္။” လို႔ ျမစ္ႀကီးနားၿမိဳ႕ေန ေဒသခံတစ္ဦးကေျပာသည္။

ကခ်င္ျပည္နယ္ေန႔အထိမ္းအမွတ္ကို ဂုဏ္ျပဳသည့္အေနျဖင့္ မနက္ ၆ နာရီမွစကာ ကခ်င္အမ်ိဳးသားအလံကို လႊင့္ထူခဲ့ၾကၿပီး မိသားစုေတြအလိုက္ စည္းေဝးဆုေတာင္းျခင္းမ်ား ျပဳလုပ္လ်က္ရွိၾကသည္။

ထို႔ျပင္ ကခ်င္ျပည္နယ္ေန႔ အထိမ္းအမွတ္ပြဲေတာ္အား ယခင္ ျမစ္ႀကီးနားၿမိဳ႕၊ စီတာပူ ရပ္ကြက္ရွိ မေနာကြင္းတြင္ က်င္းပခဲ့ၾကေသာ္လည္း ၿပီးခဲ့သည့္ ၂၀၂၁ ခုႏွစ္တြင္ ကိုဗစ္ေရာဂါအေျခေနေၾကာင့္ မေနာကြင္းတြင္ က်င္းပနိုင္ျခင္းမရွိဘဲ ကခ်င္ျပည္နယ္အစိုးရ႐ုံးတြင္သာ အက်ဥ္းခ်ဳံး က်င္းပျပဳလုပ္ခဲ့ၾကသည္။

အလားတူ (၇၄)ႀကိမ္ေျမာက္ ကခ်င္ျပည္နယ္ေန႔ အထိမ္းအမွတ္ပြဲေတာ္သည္လည္း မေနာကြင္းတြင္ က်င္းပနိုင္ျခင္းမရွိဘဲ ျမစ္ႀကီးနားၿမိဳ႕၊ စီတာပူရပ္ကြက္ရွိ WMR (ကခ်င္အမ်ိဳးသားအတိုင္ပင္ခံ႐ုံး) တြင္ ေက်းဇူးေတာ္ခ်ီးမြမ္း ဆုေတာင္းပြဲ ျပဳလုပ္က်င္းပခဲ့ရေၾကာင္း ဆုေတာင္းပြဲ ဦးေဆာင္သူ တစ္ဦးက ခုလိုေျပာသည္။

“က်ေနာ္တို႔ ကခ်င္အမ်ိဳးသားအတိုင္ပင္ခံအဖြဲ႕ WMR ကေနၿပီး ေက်းဇူးေတာ္ခ်ီးမြမ္းဆုေတာင္းပြဲလုပ္တယ္။ အရင္ႏွစ္ေတြအတိုင္းပဲ Kachin State Day ကို ႀကိဳဆိုတဲ့အေနနဲ႔ အိမ္တိုင္း ကခ်င္အလံကို လႊင့္ထူၿပီး ႀကိဳဆိုၾကတယ္ေပါ့။ ဘာသာေရးအဖြဲ႕အစည္းေတြနဲ႔ တျခားအဖြဲ႕အစည္းေတြအေနနဲ႔လဲ ကိုယ္အဆင္ေျပသလို ဆုေတာင္းခ်ီးမြမ္းပြဲလုပ္လို႔ရေအာင္ ရည္ရြယ္တာေပါ့။” ဟု KNG ကခ်င္သတင္းဌာနကို ဆက္ဆိုထားပါသည္။

အလားတူ ယခုႏွစ္တြင္ ဝိုင္းေမာ္ၿမိဳ႕ ၊ဖားကန႔္ၿမိဳ႕ႏွင့္ ဗန္းေမာ္ၿမိဳ႕တြင္လည္း ေနအိမ္အခ်ိဳ႕တြင္ ကခ်င္အမ်ိဳးသားအလံ စိုက္ထူျခင္းအစီစဥ္ကိုျပဳလုပ္ခဲ့ၾကသည္။