ၾကားသိသမွ်

စစ်တပ် ထိပ်ပိုင်းရာထူးအချို့ အပြောင်းအလဲလုပ်

စစ်တပ် ထိပ်ပိုင်းရာထူးအချို့ အပြောင်းအလဲလုပ်

■ အာဏာသိမ်းစစ်ကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးရဲ့ စစ်တပ်ရာထူးဖြစ်တဲ့ စစ်ဥပဒေချုပ် ရာထူးကနေ အနားပေးလိုက်တယ်လို့ စစ်ဘက် သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒါပေမဲ့ သူဟာ နိုင်ငံရေးရာထူးဖြစ်တဲ့ စစ်ကောင်စီ အတွင်းရေးမှူးအဖြစ် ဆက်လက်ရှိနေဦးမယ်လို့ ဆိုပါတယ်။

စစ်ဥပဒေချုပ်နေရာမှာ တပ်မတော် အင်အားဖြည့်တင်းရေး ညွှန်ကြားရေးမှူးရုံးက ညွှန်ကြားရေးမှူး ဗိုလ်ချုပ် မျိုးသက်နောင်ကို ခန့်အပ်လိုက်တယ်လို့လည်း ပြောပါတယ်။

တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်းဆင်းဖြစ်တဲ့ ဗိုလ်ချုပ် မျိုးသက်နောင်ဟာ ဒုတိ ဗိုလ်ချုပ်ကြီး ဖြစ်လာပြီး စစ်ဥပဒေချုပ်တာဝန်ကို စတင်ထမ်းဆောင်ရတော့မှာ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်တပ်ရဲ့ စစ်ဆေးရေးနဲ့ စာရင်းစစ်ချုပ် (ကြည်း၊ ရေ၊ လေ) ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်ကိုလည်း စစ်တပ် အရန်အင်အားကို ပြောင်းရွှေ့လိုက်ပြီး အဲဒီနေရာမှာ စစ်တက္ကသိုလ် အပတ်စဉ် (၃၂) က ဒုံးတပ်ဖွဲ့၊ ညွှန်ကြားရေးမှူး ဗိုလ်ချုပ် စိုးမင်းဦးကို ဒုတိယဗိုလ်ချုပ်ကြီး ရာထူးကို တိုးပေးပြီးတော့ ခန့်အပ်လိုက်ပါတယ်။

စစ်ကိုင်းတိုင်းမှာ ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေကို မထိန်းချုပ်နိုင်တဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) တိုင်းမှူး ဗိုလ်ချုပ် ဖြိုးသန့်ကို နယ်စပ်ရေးရာ ဒုတိယဝန်ကြီးအဖြစ် တာဝန်ပေးလိုက်ပြီး သူ့နေရာမှာ စစ်တက္ကသိုလ် အပတ်စဉ် (၃၈) က စစ်ကိုင်းတိုင်း ကလေးမြို့ အခြေစိုက် အမှတ် (၁၀) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်၊ တပ်မမှူး ဗိုလ်မှူးချုပ် သန်းထိုက်နဲ့ အစားထိုးလိုက်တယ်လို့ စစ်ဘက် အသိုင်းအဝိုင်းက ပြောပါတယ်။


လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ရေးလေ့လာ စောင့်ကြည့်သူ တစ်ဦးကတော့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဗိုလ်ချုပ်အငယ်တွေကို အပေါ်ထိပ်ပိုင်းကို ဆွဲခေါ်နေခြင်းအားဖြင့် စစ်တပ်ကို သူ့ဩဇာခံ ဖြစ်အောင် တည်ဆောက်နေတာလို့ ဝေဖန်သုံးသပ်ပါတယ်။

“၂၀၁၁ ကတည်းက လူဟောင်းတွေ၊ သူနဲ့ တန်းတူတွေကို တစ်လျှောက်လုံး ဖယ်ပြီး ဗိုလ်သန်းရွှေတပ်ကနေ သူ့တပ်ဖြစ်အောင် လုပ်ခဲ့တာ။ အခုဆို သူ့တပ်မှာမှ သူနဲ့ အပတ်စဉ်အရမ်းကွာတဲ့ လူငယ်တွေကို ခန့်တယ်။ သူနဲ့ သိပ်မကွာတဲ့လူတွေကို ဖယ်ထုတ်ပြီး သူ့သစ္စာခံ တပ်ဖြစ်အောင် လုပ်နေတာပဲဗျ”လို့ စစ်ရေးလေ့လာ စောင့်ကြည့်သူတစ်ဦးက ပြောပါတယ်။

စစ်တပ်က ၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းပြီးနောက်ပိုင်း ကာကွယ်ရေးဝန်ကြီးဟောင်း ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းနဲ့ နယ်စပ်ရေးရာ ဝန်ကြီးဟောင်း ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းတို့ကိုလည်း စစ်တပ်က အနားပေးခဲ့ပြီး စစ်မှုထမ်းဟောင်းအဖွဲ့မှာ ဥက္ကဋ္ဌနဲ့ ဒုတိယ ဥက္ကဋ္ဌတွေအဖြစ် ပြောင်းရွှေ့ပေးခဲ့ပါတယ်။

Photo: CJ
(ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးကို အစည်းအဝေးတစ်ခုမှာ တွေ့ရစဉ်)

Zawgyi

စစ္တပ္ ထိပ္ပိုင္းရာထူးအခ်ိဳ႕ အေျပာင္းအလဲလုပ္

■ အာဏာသိမ္းစစ္ေကာင္စီ အတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေအာင္လင္းေဒြးရဲ့ စစ္တပ္ရာထူးျဖစ္တဲ့ စစ္ဥပေဒခ်ဳပ္ ရာထူးကေန အနားေပးလိုက္တယ္လို႔ စစ္ဘက္ သတင္းရင္းျမစ္ေတြက ေျပာပါတယ္။

ဒါေပမဲ့ သူဟာ နိုင္ငံေရးရာထူးျဖစ္တဲ့ စစ္ေကာင္စီ အတြင္းေရးမႉးအျဖစ္ ဆက္လက္ရွိေနဦးမယ္လို႔ ဆိုပါတယ္။

စစ္ဥပေဒခ်ဳပ္ေနရာမွာ တပ္မေတာ္ အင္အားျဖည့္တင္းေရး ညႊန္ၾကားေရးမႉး႐ုံးက ညႊန္ၾကားေရးမႉး ဗိုလ္ခ်ဳပ္ မ်ိဳးသက္ေနာင္ကို ခန႔္အပ္လိုက္တယ္လို႔လည္း ေျပာပါတယ္။

တပ္မေတာ္ (ၾကည္း) ဗိုလ္သင္တန္းေက်ာင္းဆင္းျဖစ္တဲ့ ဗိုလ္ခ်ဳပ္ မ်ိဳးသက္ေနာင္ဟာ ဒုတိ ဗိုလ္ခ်ဳပ္ႀကီး ျဖစ္လာၿပီး စစ္ဥပေဒခ်ဳပ္တာဝန္ကို စတင္ထမ္းေဆာင္ရေတာ့မွာ ျဖစ္ပါတယ္။

ဒါ့အျပင္ စစ္တပ္ရဲ့ စစ္ေဆးေရးနဲ႔ စာရင္းစစ္ခ်ဳပ္ (ၾကည္း၊ ေရ၊ ေလ) ဒုတိယဗိုလ္ခ်ဳပ္ႀကီး မင္းနိုင္ကိုလည္း စစ္တပ္ အရန္အင္အားကို ေျပာင္းေရႊ႕လိုက္ၿပီး အဲဒီေနရာမွာ စစ္တကၠသိုလ္ အပတ္စဥ္ (၃၂) က ဒုံးတပ္ဖြဲ႕၊ ညႊန္ၾကားေရးမႉး ဗိုလ္ခ်ဳပ္ စိုးမင္းဦးကို ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရာထူးကို တိုးေပးၿပီးေတာ့ ခန႔္အပ္လိုက္ပါတယ္။

စစ္ကိုင္းတိုင္းမွာ ေဒသခံျပည္သူ႔ ကာကြယ္ေရးတပ္ဖြဲ႕ေတြကို မထိန္းခ်ဳပ္နိုင္တဲ့ အေနာက္ေျမာက္တိုင္း စစ္ဌာနခ်ဳပ္ (နမခ) တိုင္းမႉး ဗိုလ္ခ်ဳပ္ ၿဖိဳးသန႔္ကို နယ္စပ္ေရးရာ ဒုတိယဝန္ႀကီးအျဖစ္ တာဝန္ေပးလိုက္ၿပီး သူ႔ေနရာမွာ စစ္တကၠသိုလ္ အပတ္စဥ္ (၃၈) က စစ္ကိုင္းတိုင္း ကေလးၿမိဳ႕ အေျခစိုက္ အမွတ္ (၁၀) စစ္ဆင္ေရး ကြပ္ကဲမႈဌာနခ်ဳပ္၊ တပ္မမႉး ဗိုလ္မႉးခ်ဳပ္ သန္းထိုက္နဲ႔ အစားထိုးလိုက္တယ္လို႔ စစ္ဘက္ အသိုင္းအဝိုင္းက ေျပာပါတယ္။

လုံျခဳံေရးအရ အမည္မေဖာ္လိုတဲ့ စစ္ေရးေလ့လာ ေစာင့္ၾကည့္သူ တစ္ဦးကေတာ့ အာဏာသိမ္း စစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္ဟာ ဗိုလ္ခ်ဳပ္အငယ္ေတြကို အေပၚထိပ္ပိုင္းကို ဆြဲေခၚေနျခင္းအားျဖင့္ စစ္တပ္ကို သူ႔ဩဇာခံ ျဖစ္ေအာင္ တည္ေဆာက္ေနတာလို႔ ေဝဖန္သုံးသပ္ပါတယ္။

“၂၀၁၁ ကတည္းက လူေဟာင္းေတြ၊ သူနဲ႔ တန္းတူေတြကို တစ္ေလၽွာက္လုံး ဖယ္ၿပီး ဗိုလ္သန္းေရႊတပ္ကေန သူ႔တပ္ျဖစ္ေအာင္ လုပ္ခဲ့တာ။ အခုဆို သူ႔တပ္မွာမွ သူနဲ႔ အပတ္စဥ္အရမ္းကြာတဲ့ လူငယ္ေတြကို ခန႔္တယ္။ သူနဲ႔ သိပ္မကြာတဲ့လူေတြကို ဖယ္ထုတ္ၿပီး သူ႔သစၥာခံ တပ္ျဖစ္ေအာင္ လုပ္ေနတာပဲဗ်”လို႔ စစ္ေရးေလ့လာ ေစာင့္ၾကည့္သူတစ္ဦးက ေျပာပါတယ္။

စစ္တပ္က ၂၀၂၁ ခုႏွစ္မွာ အာဏာသိမ္းၿပီးေနာက္ပိုင္း ကာကြယ္ေရးဝန္ႀကီးေဟာင္း ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး စိန္ဝင္းနဲ႔ နယ္စပ္ေရးရာ ဝန္ႀကီးေဟာင္း ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး စိန္ဝင္းတို႔ကိုလည္း စစ္တပ္က အနားေပးခဲ့ၿပီး စစ္မႈထမ္းေဟာင္းအဖြဲ႕မွာ ဥကၠ႒နဲ႔ ဒုတိယ ဥကၠ႒ေတြအျဖစ္ ေျပာင္းေရႊ႕ေပးခဲ့ပါတယ္။