ၾကားသိသမွ်

စစ်တပ်ရဲ့ စစ်ရာဇဝတ်မှုမြောက် ခြောက်လုံး

စစ်တပ်ရဲ့ စစ်ရာဇဝတ်မှုမြောက် ခြောက်လုံး

ကယား (ကရင်နီ) ပြည်နယ် လွိုက်ကော်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲနဲ့ ပတ်သက်လို့ အကြမ်းဖက်စစ်တပ်က တိုက်ပွဲတွေ ရပ်တန့်ပေးဖို့နဲ့ မရပ်ရင် တစ်မြို့လုံးကို လေယာဉ်နဲ့ ဗုံးကျဲမယ်လို့ ခြိမ်းခြောက်ပြောဆိုမှုတွေ မနေ့ ဇန်နဝါရီ ၉ ရက်မှာ ထွက်ပေါ်ခဲ့ပါတယ်။

ဒါပေမယ့် ဒီပြောဆိုမှုမတိုင်ခင် ဇန်နဝါရီ ၇ ရက်နဲ့ ၈ ရက်နေ့တွေမှာလည်း လက်နက်ကြီးတွေ၊ တိုက်လေယာဉ်တွေနဲ့ စစ်ရာဇဝတ်မှုမြောက် ကျူးလွန်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။


အကြမ်းဖက်စစ်တပ်ဟာ စစ်ရာဇဝတ်မှုအတွက် ပြန်လည်ခံစားရမယ့် ပြစ်ဒဏ်တွေနဲ့ ကင်းလွတ်နေဆဲ ကာလတစ်လျှောက်လုံး စစ်ရာဇဝတ်မှုတွေကို တိုးသထက် တိုးပြီး ကျူးလွန်နေတာပါ။

ဒါတွေဟာ အခုမှ ဖြစ်ပေါ်လာခဲ့တာမဟုတ်ဘဲ ယခင့်ယခင် ကာလများစွာထဲက တိုင်းရင်းသားပြည်နယ်တွေမှာ လူ့အခွင့်အရေးတွေချိုးဖောက်တာ ၊ စစ်ရာဇဝတ်မှုကျူးလွန်တာတွေကို အမြောက်အမြားပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။

အခုတော့ ပြောင်းလဲလာတဲ့ ခေတ်စနစ်နဲ့ သတင်းအချက်အလက်အားကောင်းလာတဲ့ အချိန်မှာတော့ ဒါတွေကို မျက်ဝါးထင်ထင်မြင်တွေ့နေရတာဖြစ်ပြီး ပေါ်ပေါ်ထင်ထင်ကို ခြိမ်းခြောက်ပြောဆိုမှုတွေအထိ ပြုလုပ်နေတာပဲဖြစ်ပါတယ်။


ဒါ့ကြောင့် အခုလို အနိုင်တိုက်မှ ရမယ့် တိုက်ပွဲမှာ လုံးဝ အလျှော့ပေးလို့မရဘဲ အနာဂတ်အတွက် ၊ ပျောက်ဆုံးနေတဲ့ လူ့အခွင့်အရေးတွေအတွက်၊ အလုယူခံလိုက်ရတဲ့ နိုင်ငံ့အာဏာအတွက်၊ အားလုံးတန်းတူညီမျှရှိမယ့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်ဖို့အတွက် ပန်းတိုင်ရောက်သည်အထိ တိုက်ပွဲဝင်ရမှာပဲဖြစ်ပါတယ်။

ဒီလိုမဟုတ်ပါက ခေတ်နောက်ပြန်စွဲပြီး ကမ္ဘာ့အလယ်မှာ ထပ်မံကျရှုံးတဲ့ နိုင်ငံတစ်ခုကို အကြမ်းဖက်စစ်တပ်က ပြန်လည်ဖော်ဆောင်ပြီး ပြည်သူတွေအပေါ် အနိုင့်ထက်ကျင့်မှုတွေ ပြုလုပ်လာမှာပဲဖြစ်တာကို အမြဲသတိကပ်ထားကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

စစ္တပ္ရဲ့ စစ္ရာဇဝတ္မႈေျမာက္ ေျခာက္လုံး

ကယား (ကရင္နီ) ျပည္နယ္ လြိဳက္ေကာ္မွာ ျဖစ္ပြားေနတဲ့ တိုက္ပြဲနဲ႔ ပတ္သက္လို႔ အၾကမ္းဖက္စစ္တပ္က တိုက္ပြဲေတြ ရပ္တန႔္ေပးဖို႔နဲ႔ မရပ္ရင္ တစ္ၿမိဳ႕လုံးကို ေလယာဥ္နဲ႔ ဗုံးက်ဲမယ္လို႔ ၿခိမ္းေျခာက္ေျပာဆိုမႈေတြ မေန႔ ဇန္နဝါရီ ၉ ရက္မွာ ထြက္ေပၚခဲ့ပါတယ္။

ဒါေပမယ့္ ဒီေျပာဆိုမႈမတိုင္ခင္ ဇန္နဝါရီ ၇ ရက္နဲ႔ ၈ ရက္ေန႔ေတြမွာလည္း လက္နက္ႀကီးေတြ၊ တိုက္ေလယာဥ္ေတြနဲ႔ စစ္ရာဇဝတ္မႈေျမာက္ က်ဴးလြန္တိုက္ခိုက္မႈေတြ ျပဳလုပ္ခဲ့ပါတယ္။

အၾကမ္းဖက္စစ္တပ္ဟာ စစ္ရာဇဝတ္မႈအတြက္ ျပန္လည္ခံစားရမယ့္ ျပစ္ဒဏ္ေတြနဲ႔ ကင္းလြတ္ေနဆဲ ကာလတစ္ေလၽွာက္လုံး စစ္ရာဇဝတ္မႈေတြကို တိုးသထက္ တိုးၿပီး က်ဴးလြန္ေနတာပါ။

ဒါေတြဟာ အခုမွ ျဖစ္ေပၚလာခဲ့တာမဟုတ္ဘဲ ယခင့္ယခင္ ကာလမ်ားစြာထဲက တိုင္းရင္းသားျပည္နယ္ေတြမွာ လူ႔အခြင့္အေရးေတြခ်ိဳးေဖာက္တာ ၊ စစ္ရာဇဝတ္မႈက်ဴးလြန္တာေတြကို အေျမာက္အျမားျပဳလုပ္ခဲ့တာပဲျဖစ္ပါတယ္။

အခုေတာ့ ေျပာင္းလဲလာတဲ့ ေခတ္စနစ္နဲ႔ သတင္းအခ်က္အလက္အားေကာင္းလာတဲ့ အခ်ိန္မွာေတာ့ ဒါေတြကို မ်က္ဝါးထင္ထင္ျမင္ေတြ႕ေနရတာျဖစ္ၿပီး ေပၚေပၚထင္ထင္ကို ၿခိမ္းေျခာက္ေျပာဆိုမႈေတြအထိ ျပဳလုပ္ေနတာပဲျဖစ္ပါတယ္။

ဒါ့ေၾကာင့္ အခုလို အနိုင္တိုက္မွ ရမယ့္ တိုက္ပြဲမွာ လုံးဝ အေလၽွာ့ေပးလို႔မရဘဲ အနာဂတ္အတြက္ ၊ ေပ်ာက္ဆုံးေနတဲ့ လူ႔အခြင့္အေရးေတြအတြက္၊ အလုယူခံလိုက္ရတဲ့ နိုင္ငံ့အာဏာအတြက္၊ အားလုံးတန္းတူညီမၽွရွိမယ့္ ဖက္ဒရယ္ဒီမိုကေရစီျပည္ေထာင္စုတည္ေထာင္ဖို႔အတြက္ ပန္းတိုင္ေရာက္သည္အထိ တိုက္ပြဲဝင္ရမွာပဲျဖစ္ပါတယ္။

ဒီလိုမဟုတ္ပါက ေခတ္ေနာက္ျပန္စြဲၿပီး ကမၻာ့အလယ္မွာ ထပ္မံက်ရႈံးတဲ့ နိုင္ငံတစ္ခုကို အၾကမ္းဖက္စစ္တပ္က ျပန္လည္ေဖာ္ေဆာင္ၿပီး ျပည္သူေတြအေပၚ အနိုင့္ထက္က်င့္မႈေတြ ျပဳလုပ္လာမွာပဲျဖစ္တာကို အျမဲသတိကပ္ထားၾကဖို႔ တိုက္တြန္းလိုက္ရပါတယ္။