ၾကားသိသမွ်

PDF များထံ လက်နက်ခွဲဝေမှု NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့် ဆက်သွယ် မေးမြန်းချက်

PDF များထံ လက်နက်ခွဲဝေမှု NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့် ဆက်သွယ် မေးမြန်းချက် (အင်တာဗျူး)

” လက်နက်က လောက်မှာ မဟုတ်ဘူး။ PDF က သန်းချီပြီး ရှိနေတာ။ PDF တွေအနေနဲ့ အချိန်တစ်ခုရောက်လာရင် သူတို့အတွက် အစီအစဉ်နဲ့ လက်နက်ပစ္စည်းတွေက ရောက်လာလိမ့်မယ်။ ရောက်လာဖို့ အတွက်လည်း လုပ်နေပါတယ် ”

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များ အနေဖြင့် လက်နက်အင်အား တောင့်တင်းသည့် စစ်ကောင်စီ တပ်များကို ပြန်လည်ခုခံ တိုက်ခိုက်ရန် လက်နက်ခဲယမ်း လိုအပ်ချက်မှာ အကြီးမားဆုံး လိုအပ်ချက် ဖြစ်နေသည်။

ထိုလိုအပ်ချက်များနှင့် ပတ်သက်ပြီး PDF များထံ လက်နက်ခွဲဝေမှု အခြေအနေများကို ပညာရေးနှင့် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကို မဇ္ဈိမက ဆက်သွယ် မေးမြန်းထားသည်။



