ၾကားသိသမွ်

ခေါင်းကိုင်ဖခင် (Godfather) တော်ချင်သည်ဟု မြန်မာစစ်ခေါင်းဆောင်က ဟွန်ဆန်ကို ပြောခဲ့

ခေါင်းကိုင်ဖခင် (Godfather) တော်ချင်သည်ဟု မြန်မာစစ်ခေါင်းဆောင်က ဟွန်ဆန်ကို ပြောခဲ့

-မိမိရဲ့ ‘ဂေါ့ဖားသား’ အဖြစ် ဆောင်ရွက်ပေးဖို့ မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကမ္ဘောဒီးယား

ဝန်ကြီးချုပ် ဟွန်ဆန်ကို ပြောခဲ့ကြောင်း ဟွန်ဆန်အစိုးရနဲ့ နီးစပ်တဲ့ Fresh News မီဒီယာက ဖော်ပြပါတယ်။

ဟွန်ဆန်ရဲ့ မိသားစုတွေ အခမ်းအနား​လုပ်တဲ့အခါမှာ အထူးဧည့်သည်အဖြစ် ဖိတ်ကြားခံလိုတယ်လို့လည်း အာဏာသိမ်းစစ်ခေါင်းဆောင်က

ဟွန်ဆန်ကို ပြောကြားခဲ့ပါတယ်။


ဇန်နဝါရီ ၇-၈ ဟွန်ဆန်ရဲ့ မြန်မာနိုင်ငံခရီးစဉ်မှာ အာဏာသိမ်းစစ်ကောင်စီက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

မြန်မာစစ်ခေါင်းဆောင်က အခုနှစ်ကုန်အထိ သက်တမ်းထပ်တိုးဖို့ စီစဉ်ထားတဲ့ အပစ်ရပ်ရေးကို ထောက်ခံတယ်ကြောင်း၊ ဒါကို ဆန့်ကျင်သူ

တွေဟာ စစ်ပွဲကြောင့် သေဆုံး၊ ဒဏ်ရာရမှုတွေကို တွေ့မြင်ချင်ကြသူတွေ ဖြစ်ကြောင်း ခရီးစဉ်က အပြန်မှာ ဟွန်ဆန်က ပြောကြားခဲ့ပါ

တယ်။

မြန်မာနိုင်ငံကို သွားရောက်တာဟာ သူ ကမ္ဘောဒီးယားမှာ ကျင့်သုံးခဲ့တဲ့ အနိုင်-အနိုင် မူဝါဒကို မျှဝေဖို့ ဖြစ်ပြီး၊ ဒီမူဝါဒကြောင့် ကမ္ဘောဒီးယား

မှာ ငြိမ်းချမ်းရေးနဲ့ အမျိုးသားရင်ကြားစေ့ရေး အောင်မြင်ခဲ့တယ်လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။


၂၀၂၂ ခုနွစ် အာဆီယံဥက္ကဌအဖြစ် အောင်ရွက်မယ့် ကမ်ဘောဒီးယားဝန်ကြီးျခုပ်ရဲ့ မြန်မာခရီးစဉ်ဟာ အာဏာသိမ်း စစ်ကောင်စီကို အသိ

အမွတ်ပြုသလို ဖြစ်သွားနိုင်တယ်ဆိုပြီး နိုင်ငံတကာအသိုင်းအဝိုင်းက ဝေဖန်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

Ref: UCA News, Phnompenh Post

ေခါင္းကိုင္ဖခင္ (Godfather) ေတာ္ခ်င္သည္ဟု ျမန္မာစစ္ေခါင္းေဆာင္က ဟြန္ဆန္ကို ေျပာခဲ့

-မိမိရဲ့ ‘ေဂါ့ဖားသား’ အျဖစ္ ေဆာင္ရြက္ေပးဖို႔ ျမန္မာအာဏာသိမ္းစစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္က ကေမၻာဒီးယားဝန္ႀကီးခ်ဳပ္ ဟြန္ဆန္ကို ေျပာခဲ့ေၾကာင္း ဟြန္ဆန္အစိုးရနဲ႔ နီးစပ္တဲ့ Fresh News မီဒီယာက ေဖာ္ျပပါတယ္။

ဟြန္ဆန္ရဲ့ မိသားစုေတြ အခမ္းအနား​လုပ္တဲ့အခါမွာ အထူးဧည့္သည္အျဖစ္ ဖိတ္ၾကားခံလိုတယ္လို႔လည္း အာဏာသိမ္းစစ္ေခါင္းေဆာင္က ဟြန္ဆန္ကို ေျပာၾကားခဲ့ပါတယ္။

ဇန္နဝါရီ ၇-၈ ဟြန္ဆန္ရဲ့ ျမန္မာနိုင္ငံခရီးစဥ္မွာ အာဏာသိမ္းစစ္ေကာင္စီက တာဝန္ရွိသူေတြနဲ႔ ေတြ႕ဆုံခဲ့ပါတယ္။

ျမန္မာစစ္ေခါင္းေဆာင္က အခုႏွစ္ကုန္အထိ သက္တမ္းထပ္တိုးဖို႔ စီစဥ္ထားတဲ့ အပစ္ရပ္ေရးကို ေထာက္ခံတယ္ေၾကာင္း၊ ဒါကို ဆန႔္က်င္သူေတြဟာ စစ္ပြဲေၾကာင့္ ေသဆုံး၊ ဒဏ္ရာရမႈေတြကို ေတြ႕ျမင္ခ်င္ၾကသူေတြ ျဖစ္ေၾကာင္း ခရီးစဥ္က အျပန္မွာ ဟြန္ဆန္က ေျပာၾကားခဲ့ပါတယ္။

ျမန္မာနိုင္ငံကို သြားေရာက္တာဟာ သူ ကေမၻာဒီးယားမွာ က်င့္သုံးခဲ့တဲ့ အနိုင္-အနိုင္ မူဝါဒကို မၽွေဝဖို႔ ျဖစ္ၿပီး၊ ဒီမူဝါဒေၾကာင့္ ကေမၻာဒီးယားမွာ ၿငိမ္းခ်မ္းေရးနဲ႔ အမ်ိဳးသားရင္ၾကားေစ့ေရး ေအာင္ျမင္ခဲ့တယ္လို႔ ထပ္ေလာင္း ေျပာၾကားခဲ့ပါတယ္။

၂၀၂၂ ခုႏြစ္ အာဆီယံဥကၠဌအျဖစ္ ေအာင္ရြက္မယ့္ ကမ္ေဘာဒီးယားဝန္ႀကီး်ခုပ္ရဲ့ ျမန္မာခရီးစဥ္ဟာ အာဏာသိမ္း စစ္ေကာင္စီကို အသိအမြတ္ျပဳသလို ျဖစ္သြားနိုင္တယ္ဆိုၿပီး နိုင္ငံတကာအသိုင္းအဝိုင္းက ေဝဖန္မႈေတြ ျပဳလုပ္ခဲ့ပါတယ္။

Ref: UCA News, Phnompenh Post