ၾကားသိသမွ်

နိုင်လား ရှုံးလား? ဟွန်ဆန်ပြန်သွားပြီးနောက် တပ်တွင်းအခြေအနေ

နိုင်လား ရှုံးလား?

မနေ့က တပ်ထဲမှာပြောကြတယ်။ ဟွန်ဆန်မလာခင် လေးကေ့ကော်ပြန်သိမ်းပြီး ဟွန်ဆန်ပြန်ရင် ဒီမောဆိုနဲ့ရှားတော၊ ပြီးရင် ချင်းပြည်ပြန်သိမ်းမယ်ပေါ့။ သူတွက်တာက ကယားပြည်နယ်က လူ ၄ သိန်း၊ ချင်းက လူဦးရေ ၅ သိန်းခွဲလောက်မိုလို့ သာလွန်အင်အားသုံးရင် နိုင်မယ်ပေါ့။

စစ်ကိုင်းက ၅ သန်းခွဲမိုလို့ သာလွန်အင်အားသုံးရခက်သလို နယ်မြေကျယ်လို့ နောက်မှ ပိတ်တိုက်မယ်ပေါ့။ ဒါပေမယ့် လေးကေ့ကော်ကို ပြန်သိမ်းတာ အောင်ပွဲခံလို့ မပြီးသေးချိန်မှာ ကယားကတိုက်ပွဲတွေက ထင်သလောက်မလွဲဘဲ အကျအဆုံးများနေတာ တွေ့ရပါတယ်။

ဒီစာကိုရေးနေချိန်မှာ ကယားက လွိုင်ကော်အထိ PDF က ရောက်လာလို့ အရှက်တွေ ကွဲရပြန်ပါပြီ။ ဟိုက သိမ်းနိုင်တာ မနိုင်တာထား လွိုင်ကော်အထိ တက်တိုက်နိုင်တာက ၁၉၇၀ နောက်ပိုင်း ပထမဆုံးအချိန်ပါ။

PDF ကြောင့် နမခတိုင်းမှူး အဖယ်ခံရအပြီးမှာ နောက်တိုင်းမှူးတွေ လာပါအုံးမယ်။ မအလလဲ စစ်ရှုံးတဲ့တိုင်းမှူးတောင် ခုံရုံးဖွဲ့ မစစ်ခိုင်းရဲတော့ပါဘူး။ အခြေအနေက မအလဩဇာဟာ ကျလာတာတွေ့ရပါတယ်။

အချို့က မိမိအသေခံရတော့မယ်ဆိုရင် အာဏာဖီဆန်လာတတ်ကြပါတယ်။ ယခုတပ်ရင်းမှူးအဆင့်အထိ မြေပြင်မှာ တွေ့လာနေရပါပြီ။ ပိုများလာဖို့က ပြည်သူညီဖို့သာလိုပါတယ်။ Myat Tun Oo

နိုင္လား ရႈံးလား?

မေန႔က တပ္ထဲမွာေျပာၾကတယ္။ ဟြန္ဆန္မလာခင္ ေလးေက့ေကာ္ျပန္သိမ္းၿပီး ဟြန္ဆန္ျပန္ရင္ ဒီေမာဆိုနဲ႔ရွားေတာ၊ ၿပီးရင္ ခ်င္းျပည္ျပန္သိမ္းမယ္ေပါ့။ သူတြက္တာက ကယားျပည္နယ္က လူ ၄ သိန္း၊ ခ်င္းက လူဦးေရ ၅ သိန္းခြဲေလာက္မိုလို႔ သာလြန္အင္အားသုံးရင္ နိုင္မယ္ေပါ့။

စစ္ကိုင္းက ၅ သန္းခြဲမိုလို႔ သာလြန္အင္အားသုံးရခက္သလို နယ္ေျမက်ယ္လို႔ ေနာက္မွ ပိတ္တိုက္မယ္ေပါ့။ ဒါေပမယ့္ ေလးေက့ေကာ္ကို ျပန္သိမ္းတာ ေအာင္ပြဲခံလို႔ မၿပီးေသးခ်ိန္မွာ ကယားကတိုက္ပြဲေတြက ထင္သေလာက္မလြဲဘဲ အက်အဆုံးမ်ားေနတာ ေတြ႕ရပါတယ္။

ဒီစာကိုေရးေနခ်ိန္မွာ ကယားက လြိဳင္ေကာ္အထိ PDF က ေရာက္လာလို႔ အရွက္ေတြ ကြဲရျပန္ပါၿပီ။ ဟိုက သိမ္းနိုင္တာ မနိုင္တာထား လြိဳင္ေကာ္အထိ တက္တိုက္နိုင္တာက ၁၉၇၀ ေနာက္ပိုင္း ပထမဆုံးအခ်ိန္ပါ။

PDF ေၾကာင့္ နမခတိုင္းမႉး အဖယ္ခံရအၿပီးမွာ ေနာက္တိုင္းမႉးေတြ လာပါအုံးမယ္။ မအလလဲ စစ္ရႈံးတဲ့တိုင္းမႉးေတာင္ ခုံ႐ုံးဖြဲ႕ မစစ္ခိုင္းရဲေတာ့ပါဘူး။ အေျခအေနက မအလဩဇာဟာ က်လာတာေတြ႕ရပါတယ္။

အခ်ိဳ႕က မိမိအေသခံရေတာ့မယ္ဆိုရင္ အာဏာဖီဆန္လာတတ္ၾကပါတယ္။ ယခုတပ္ရင္းမႉးအဆင့္အထိ ေျမျပင္မွာ ေတြ႕လာေနရပါၿပီ။ ပိုမ်ားလာဖို႔က ျပည္သူညီဖို႔သာလိုပါတယ္။ Myat Tun Oo