ၾကားသိသမွ်

လုပ်စားကိုယ်တော်ဦးဇဝန အဖမ်းခံခဲ့ရတဲ့ ကိစ္စကြောင့်တော့ အာရုံအနောက်မခံကြပါနဲ့…အမှိုက်တစ်ခု လွင့်သွားတာထက်မပိုပါဘူး

အမှိုက်တစ်ခု လွင့်သွားတာထက်မပိုပါဘူး

လုပ်စားကိုယ်တော်ဦးဇဝန အဖမ်းခံခဲ့ရတဲ့

ကိစ္စကြောင့်တော့ အာရုံအနောက်မခံကြပါနဲ့…

ဒီကိုယ်တော်က သာသနာအတွက်တော့

အမှိုက်တစ်ခုထက်မပိုပါဘူး၊ သာသနာအတွက်

အမှိုက်တစ်ခု လွင့်သွားတယ်လို့သာ သဘောထား

လိုက်ကြပါ…ဒီကိုယ်တော်က အခါတော်ပေးလို ဘိုးတော်လိုလိုနဲ့

လုပ်စားနေတဲ့ကိုယ်တော်ပါ၊ ပရိယတ်ပဋိပတ်လည်း

ဘာတစ်ခုမှလုပ်တာမတွေ့ရလို့ သာသနာအတွက်လည်း

တန်ဖိုးမရှိပါဘူး၊ နိုင်ငံခေါင်းဆောင်တွေကိုချဥ်းကပ်ပြီး

ဂွင်ဖန်နေတဲ့ကိုယ်တော်၊ ဦးသိန်းစိန်လက်ထက်တုန်းက

လည်း ဦးသိန်းစိန်ဆီချဥ်းကပ်ပြီး နာမည်ကြီးအောင်

လုပ်စားခဲ့သေးတယ်၊

ဒေါ်စုလက်ထက်ရောက်တော့လည်း

မရရအောင်အတင်းချဥ်းကပ်ပြီး ဓာတ်ပုံတွေအမိအရ

ရိုက် လိုင်းပေါ်တင် လူအထင်ကြီးအောင်လုပ်နေတာ…

ဒီကိုယ်တော်ရဲ့အပြုအမူတွေ မရိုးသားတာတွေ့ရလို့

ဒေါ်စုအနေနဲ့ ဒီကိုယ်တော်ကို အနားအကပ်မခံဖို့

မယုံကြည်ဖို့ မိမိတို့သံဃာတွေက ဝိုင်းဝန်း သတိပေး

ရေးသားခဲ့ကြသေးတယ်၊

ဒီကိုယ်တော်က ဝန်းကြီးဦးမင်းသူတို့ လင်မယားရဲ့

အကူအညီနဲ့ ဒေါ်စုဆီ မရရအောင်ချဥ်းကပ်ခဲ့တာလို့

သိရတယ်၊ ဒေါ်စုကလည်း သူ့ဆီရောက်လာလို့သာ

သံဃာတစ်ပါးအနေနဲ့ ရိုသေစွာဂါရဝပြုလိုက်တဲ့

သဘောပါပဲ၊ ဒီ့ထက်မပိုပါဘူး၊ အမြဲကိုးကွယ်ဆည်းကပ်

နေတာလည်း မဟုတ်ပါဘူး…


စစ်အာဏာရှင်တွေက သာသနာညှိုးနွမ်းမှုနဲ့ဖမ်း

တယ်ဆိုပေမယ့် တကယ်သာသနာသန့်ရှင်းစေချင်လို့

မဟုတ်ဘူး၊ ဒေါ် စုကို နိုင်ငံရေးအောက်လုံးထိုးချင်တာနဲ့

ဖမ်းပြီးပြီးချင်း သတင်းစာတွေ TVတွေကနေ ချက်ချင်း

ထုတ်ပြန်ကြေညာတယ်၊ ဒေါ်စုနဲ့ဘာမှမသက်ဆိုင်ဘဲ

ဒေါ်စုနဲ့အတူရိုက်ထားတဲ့ပုံကို အသားပေးဖော်ပြတယ်၊

အတော်ယုတ်မာအောက်တန်းကျတဲ့ ကလေးဆန်တဲ့အပြုအမူတွေပါပဲ၊

သူတို့မို့မရှက်တာ၊ ရှက်ရကောင်းမှန်းလည်းသိကြပုံမပေါ်တော့ပါဘူး…

လွှတ်တော်အမတ်ဖြိုးဇေယျာသော်ကို ဖမ်းတုန်းကလည်း

ဒီအတိုင်းပဲ၊ အမှုနဲ့ဘာမှမသက်ဆိုင်ဘဲ ဒေါ်စုနဲ့ ဖြိုးဇေယျာသော်ပုံတွေကို

ယုံထင်ကြောင်ထင်ဖြစ်အောင်ဖော်ပြခဲ့ကြသေးတယ်၊ စိတ်ဓာတ်တွေက အင်မတန်

အောက်တန်းကျတယ်၊ ဘာစည်းကမ်း ဘာကျင့်ဝတ်မှ မရှိကြဘူး…


ခုလည်းကြည့်…သာသနာညှိုးနွမ်းစေမှု လောင်းကစားမှု

လိင်ပျော်ပါးမှု စတာတွေနဲ့ ဖမ်းဆီးတယ်လို့ကြေညာရင်

လုံလောက်နေပါပြီ၊ ခုတော့ မဟုတ်ဘူး၊ ဘယ်ခုနှစ်က

ဘယ်သူနဲ့ ဘယ်နှစ်ကြိမ် လိင်တူဆက်ဆံခဲ့တယ်ဆိုတာတွေ

တသီတတန်းကြီးဖော်ပြနေတာ မရိုးသားဘူး၊ ဒီကိုယ်တော်

ကိုအကြောင်းပြုပြီး ဒေါ်စုက ဒီလိုကိုယ်တော်တွေကို ကိုး

ကွယ်နေတာဆိုပြီး ဒေါ်စုအပေါ် ပြည်သူတွေအယုံကြည်

မဲ့အောင် တိုက်ခတ်ချင်တာ သိပ်သိသာနေတယ်၊

တပ်ဝါဒဖြန့်တွေ တပ်အားပေး ထောက်ခံသူတွေကလည်း

ဒီသတင်းကို အုံနဲ့ကျင်းနဲ့ ဝိုင်းပြီးဖော်ပြကြတယ်…

ဒါပေမယ့် ထုံးစံအတိုင်း သူတို့အကြံမအောင်မြင်ပါဘူး၊

သူတို့စိတ်ဓာတ်တွေကိုသိနေတဲ့ပြည်သူတွေက ဒီကိုယ်တော်

ဦးသိန်းစိန်နဲ့အတူရိုက်ထားတဲ့ပုံတွေ ပြန်လည်ဖော်ပြ

ခဲ့ကြတယ်၊ ကြားထဲကဦးသိန်းစိန်ပါ လူအထင်သေးခံရတာ

အဖတ်တင်တာပဲရှိတယ်၊ ဒေါ်စုက ဘာမှ အထွေအထူး

ထိခိုက်သွားတာ မဟုတ်ဘူး…


နောက်ပြီး စစ်အာဏာရှင်တွေနဲ့ ငယ်ကျွန်တွေရဲ့

စိတ်ဓာတ်အောက်တန်းကျမှု ယုတ်မာကောက်ကျစ်မှုတွေပဲ

လူပိုသိသွားတယ်၊ ဒေါ်စုကိုပုတ်ခတ်လိုဇောနဲ့ သတင်း

တွေအကျယ်တဝင့် စီကာပတ်ကုံးဖော်ပြကြပေမယ့်

သာသနာတော်ကို လူတွေ တခြားဘာသာဝင်တွေ

အထင်သေးခံရတာပဲ အဖတ်တင်မယ်၊ ကိုယ့်အာဏာ

တည်မြဲရေးအတွက်ဆို ဘာသာသာသနာကိုလည်း

ချနင်းဖို့ဝန်မလေးဘူးဆိုတာ ပေါ်လွင်နေတယ်…

တကယ်သာသနာကိုချစ်တယ်ဆိုရင် ဘုရားအဆုံးအမတွေ

ကိုလိုက်နာကျင့်သုံးရမယ်၊ ဟိရိသြတ္တပ္ပဆိုတာရှိရမယ်၊

ဘုရားအဆုံးအမေတွေနဲ့ဆန့်ကျင်ပြီး အရှက်အကြောက်

မရှိ လိမ်ညာကောက်ကျစ် နှိပ်စက်သတ်ဖြတ်နေမယ်ဆိုရင်

သူတို့ပြောတဲ့သာသနာက ပါးစပ်ဖျားကသာသနာပဲ၊

ဒီလိုလူတွေက ဘာသာသာသနာကိုစောင့်ရှောက်နေပါ

တယ်ပြောရင် ဘယ်ပညာရှိတွေကလက်ခံမလဲ၊ လူမိုက်

တွေပဲ ယုံချင်ယုံလိမ့်မယ်…

ပြည်သူတွေအနေနဲ့ကတော့ ဒီကိုယ်တော်ကိစ္စကြောင့်

အာရုံအနောက်မခံကြပါနဲ့၊ သူတို့လှည့်ကွက်ထဲ မဝင်မိ

ကြပါစေနဲ့လို့ပြောချင်ပါတယ်၊ သူတို့က ပြည်သူတွေကို

ဒီကိစ္စနဲ့အာရုံလွှဲတာလည်းဖြစ်နိုင်ပါတယ်၊

တကယ်တော့ ဒီကိစ္စက ပုဂ္ဂိုလ်နဲ့သံဃာခွဲခြားမြင်တတ်ရင်

ရှင်းရှင်းလေးပါ ၊ သံဃာဆိုတာ သီလသမာဓိပညာ

သိက္ခာသုံးရပ်ကျင့်သုံးနေတဲ့ သံဃာထုကိုဆိုလိုတာပါ၊

ဒီကိုယ်တော်ရဲ့အပြုအမူတွေက သံဃာနဲ့မဆိုင်ပါဘူး၊

သံဃာကိုကိုယ်စားမပြုပါဘူး၊

သူရဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာကိစ္စရပ်တွေသာဖြစ်ပါတယ်၊

သူ့အပြစ်တွေကလည်းထင်ရှားရှိနေတော့ သူ့လမ်းသူ

သွားရတာပဲလို့သဘောထားလိုက်ကြပါ၊ ဒါ့ကြောင့် ဒီကိစ္စအတွက်

အာရုံအနောက်မခံကြဘဲ ကိုယ့်အလုပ်ကိုယ်အာရုံစိုက်ဆောင်ရွက်ကြဖို့ပါပဲ….

ပြည်သူတွေမျှော်လင့်တောင့်တနေတဲ့ဒီမိုကရေစီ

အမြန်ဆုံးရရှိပါစေကြောင်း ဆုတောင်းလိုက်ပါတယ်…

9/1/2022

အရှင်ပညိဿရာလင်္ကာရ ရေးသည်။

#ခရက္ဒစ္ပါဘုရား