ၾကားသိသမွ်

စစ်အုပ်စု ခေါင်းဆောင်များသိပ်ယုံ သိပ်ကြောက်တဲ့ဗေဒင် ၊ ယတြာ ၊ နိမိတ် ၊ တဘောင်

“ကမ္ဘာ့စည်ကြီး တီးလိမ့်မည်။မျက်နှာမည်းတို့ ငိုလိမ့်မည်။ပုန်းသောသူများ ပေါ်လိမ့်မည်။သေသောသူများ ရှင်လိမ့်မည်။”

ဒီစာလုံးစုလေးကို ငယ်ငယ်တုန်းက#စကားထာ လို့ဘဲ ထင်ခဲ့မိတယ်။

ခုတော့မှပဲ #တဘောင် ဖြစ်မှန်း သိရတော့တယ်။

အဓိပ္ပါယ် ကိုလည်း ခုမှပဲ သေချာနားလည်တော့တယ်။

#ကမ္ဘာ့စည်ကြီးတီးလိမ့်မည်။


မြန်မာမှာသာမက ကမ္ဘာမှာပါ အာဏာရှင်ဆန့်ကျင်ရေးအတွက် #သံပုံး တီးကြပြီ ။ အာဏာရှင် ဆန့်ကျင်ရေး ကြွေးကြော်သံတွေ ၊ ကြိုးစား

မှုလှိုင်းတွေ ရိုက်ခတ် မြည်ဟီး လာပြီ။

#မျက်နှာမည်းတို့ငိုလိမ့်မည်။


မတရားသော လုပ်ရပ်များကြောင့် မြန်မာမှာသာမက ကမ္ဘာမှာပါ မျက်နှာကောင်းမရ မျက်နှာမည်းနေကြသော အာဏာရှင် စစ်အုပ်စု နှင့်

စစ်အုပ်စုကိုထောက်ခံသူများ သွေးပျက်နေကြပြီ။

#တပ်ပျက်နေပြီ ။ မတရားသော စစ်အုပ်စုတွေ ရှုံးနိမ့်ရတော့မည်။ ငိုရတော့မည်။

#ပုန်းသောသူများပေါ်လိမ့်မည်။


အကြောင်းအမျိုးကြောင့် အိမ်တွင်းပုန်းနေကြသူတွေ လမ်းမပေါ်ထွက်လာကြပြီ။ ပုန်းအောင်းနေခဲ့သော ရဲရဲတောက် စိတ်ဓာတ်တွေ တဖန်

ပြန်ပေါ်ထွက်လာပြီ။ ဘောပင်ကိုင်သောလက် ၊ ကီးဘုတ်ကိုင်သောလက်နှင့် အမျိုးမျိုးသောလက်တို့သည် ဆိုင်းဘုတ် ၊ ပိုစတာ များစွာတို့ဖြ

င့် ကမ္ဘာကို ကိုင်လှုပ်နေပြီ။

#သေသောသူများရှင်လိမ့်မည်။


ဒီမိုကရေစီ တိုက်ပွဲအတွင်းကျဆုံးသွားခဲ့ရသော မျိုးချစ်ဇာနည်တို့ တဖန်ပြန်လည်ရှင်သန် နိုးထလာပြီ။ မပြီးဆုံးသေးသော ဒီမိုကရေစီ

တိုက်ပွဲ အောင်မြင်ရေးအတွက် ဝိုင်းဝန်းကူညီလာလိမ့်မည်။ ညဘက်အချိန်အခါမှာ လမ်းမများပေါ်မှာ လူစုလူဝေးမရှိပါဘဲလျက် ”ဒို့အရေး ဒို့

အရေး” အော်သံများကြားနေရပြီ။ သူတို့ ပြန်လာပြီ။ သေသောသူများ ရှင်လာပြီ။ သေနေသော မျိုးချစ်စိတ်တွေ ပြန်ရှင်သန်လာပြီ။

ဤခရီးနီးပါသည်။

မြန်မာပြည်သူတို့ဘက်တွင် ကမ္ဘာ့လူထုလည်းရှိပါသည်။ မမြင်အပ်သော အာဇာနည်များလည်း ရှိပါသည်။ အဆုံးသတ်တိုက်ပွဲ ကျွန်တော်တို့

နွှဲနေရပြီ။ အားမလျှော့ကြပါနဲ့ ။ ပန်းတိုင်ရောက်ဖို့ လက်တစ်ကမ်းပဲ လိုတော့တာပါ။

(မှတ်ချက်။ ။စစ်အုပ်စု ခေါင်းဆောင်များသည် ဗေဒင် ၊ ယတြာ ၊ နိမိတ် ၊ တဘောင် စသည်များကို သိပ်ယုံ သိပ်ကြောက်သည်။)

#နိမိတ်နှင့်တဘောင်

#CivilDisobedienceMoment

“ကမၻာ့စည္ႀကီး တီးလိမ့္မည္။မ်က္ႏွာမည္းတို႔ ငိုလိမ့္မည္။ပုန္းေသာသူမ်ား ေပၚလိမ့္မည္။ေသေသာသူမ်ား ရွင္လိမ့္မည္။”

ဒီစာလုံးစုေလးကို ငယ္ငယ္တုန္းက#စကားထာ လို႔ဘဲ ထင္ခဲ့မိတယ္။

ခုေတာ့မွပဲ #တေဘာင္ ျဖစ္မွန္း သိရေတာ့တယ္။အဓိပၸါယ္ ကိုလည္း ခုမွပဲ ေသခ်ာနားလည္ေတာ့တယ္။

#ကမၻာ့စည္ႀကီးတီးလိမ့္မည္။

ျမန္မာမွာသာမက ကမၻာမွာပါ အာဏာရွင္ဆန္႔က်င္ေရးအတြက္ #သံပုံး တီးၾကၿပီ ။ အာဏာရွင္ ဆန္႔က်င္ေရး ေႂကြးေၾကာ္

သံေတြ ၊ ႀကိဳးစားမႈလွိုင္းေတြ ရိုက္ခတ္ ျမည္ဟီး လာၿပီ။

#မ်က္ႏွာမည္းတို႔ငိုလိမ့္မည္။

မတရားေသာ လုပ္ရပ္မ်ားေၾကာင့္ ျမန္မာမွာသာမက ကမၻာမွာပါ မ်က္ႏွာေကာင္းမရ မ်က္ႏွာမည္းေနၾကေသာ အာဏာ

ရွင္ စစ္အုပ္စု ႏွင့္ စစ္အုပ္စုကိုေထာက္ခံသူမ်ား ေသြးပ်က္ေနၾကၿပီ။

#တပ္ပ်က္ေနၿပီ ။ မတရားေသာ စစ္အုပ္စုေတြ ရႈံးနိမ့္ရေတာ့မည္။ ငိုရေတာ့မည္။

#ပုန္းေသာသူမ်ားေပၚလိမ့္မည္။

အေၾကာင္းအမ်ိဳးေၾကာင့္ အိမ္တြင္းပုန္းေနၾကသူေတြ လမ္းမေပၚထြက္လာၾကၿပီ။ ပုန္းေအာင္းေနခဲ့ေသာ ရဲရဲေ

တာက္ စိတ္ဓာတ္ေတြ တဖန္ ျပန္ေပၚထြက္လာၿပီ။ ေဘာပင္ကိုင္ေသာလက္ ၊ ကီးဘုတ္ကိုင္ေသာလက္ႏွင့္ အမ်ိဳးမ်ိဳးေသာလက္

တို႔သည္ ဆိုင္းဘုတ္ ၊ ပိုစတာ မ်ားစြာတို႔ျဖင့္ ကမၻာကို ကိုင္လႈပ္ေနၿပီ။

#ေသေသာသူမ်ားရွင္လိမ့္မည္။

ဒီမိုကေရစီ တိုက္ပြဲအတြင္းက်ဆုံးသြားခဲ့ရေသာ မ်ိဳးခ်စ္ဇာနည္တို႔ တဖန္ျပန္လည္ရွင္သန္ နိုးထလာၿပီ။ မၿပီးဆုံးေသးေသာ ဒီမိုကေရစီ တိုက္ပြဲ

ေအာင္ျမင္ေရးအတြက္ ဝိုင္းဝန္းကူညီလာလိမ့္မည္။ ညဘက္အခ်ိန္အခါမွာ လမ္းမမ်ားေပၚမွာ လူစုလူေဝးမရွိပါဘဲလ်က္ ”ဒို႔အေရး

ဒို႔အေရး” ေအာ္သံမ်ားၾကားေနရၿပီ။ သူတို႔ ျပန္လာၿပီ။ ေသေသာသူမ်ား ရွင္လာၿပီ။ ေသေနေသာ မ်ိဳးခ်စ္စိတ္ေတြ ျပန္ရွင္သန္လာၿပီ။

ဤခရီးနီးပါသည္။

ျမန္မာျပည္သူတို႔ဘက္တြင္ ကမၻာ့လူထုလည္းရွိပါသည္။ မျမင္အပ္ေသာ အာဇာနည္မ်ားလည္း ရွိပါသည္။ အဆုံးသတ္တိုက္ပြဲ ကၽြန္ေ

တာ္တို႔ ႏႊဲေနရၿပီ။ အားမေလၽွာ့ၾကပါနဲ႔ ။ ပန္းတိုင္ေရာက္ဖို႔ လက္တစ္ကမ္းပဲ လိုေတာ့တာပါ။

(မွတ္ခ်က္။ ။စစ္အုပ္စု ေခါင္းေဆာင္မ်ားသည္ ေဗဒင္ ၊ ယၾတာ ၊ နိမိတ္ ၊ တေဘာင္ စသည္မ်ားကို သိပ္ယုံ သိပ္ေၾကာက္သည္။)

#နိမိတ္ႏွင့္တေဘာင္

#CivilDisobedienceMoment