ၾကားသိသမွ်

PDFတွေ လုံခြုံရေးယူပေးပြီး သပိတ်တရားဟောပြောပွဲ ကျင်းပတဲ့ ယင်းမာပင်ခရိုင်

PDFတွေ လုံခြုံရေးယူပေးပြီး သပိတ်တရားဟောပြောပွဲ ကျင်းပတဲ့ ယင်းမာပင်ခရိုင်

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်အတွင်းရှိ ယင်းမာပင်နှင့်ပုလဲမြို့နယ်တို့တွင် ယမန်နေ့ (ဇန်နဝါရီ ၈ရက်) ညပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တရား ဟောပြောပွဲကျင်းပခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များက လုံခြုံရေးစောင့်ရှောက်ယူပေးခဲ့သည်။

အဆိုပါသပိတ်တရားဟောပြောပွဲသို့ ဒေသခံပြည်သူ ထောင်နှင့်ချီ တက်ရောက်နားထောင်ခဲ့ကြသည်။


မုံရွာပင်မသပိတ်ကော်မတီအဖွဲ့ဝင် ကိုသန်းကျော်ဦးနှင့်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တစ်ဦးက ပြည်သူလူထုထံသို့ နိုင်ငံရေးတရားများနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တရားများ ဟောပြောတင်ပြခဲ့ခြင်းဖြစ်သည်။

ပုလဲမြို့နယ်နှင့်ယင်းမာပင်မြို့နယ်တို့သည် စစ်ကောင်စီအပြည့်အဝအုပ်ချုပ်မရသည့် ဒေသဖြစ်ပြီး ပြည်သူလူထုက နယ်မြေစိုးမိုးမှုကို သိမ်းပိုက်ထားဆဲဖြစ်သည်။


ပုလဲမြို့နယ်နှင့် ယင်းမာပင်မြို့နယ်တို့သည် စစ်ကောင်စီအပြည့်အဝအုပ်ချုပ်ခွင့် ရသည့်နေရာ မဟုတ်ကြောင်း၊ လက်ရှိထိ ပြည်သူလူထုက နယ်မြေစိုးမိုးမှု သိမ်းပိုက်ထားဆဲ ဖြစ်ကြောင်း၊ ပြည်သူလူထုအနေဖြင့် ဆက်လက်ပြီး ညီညီညွတ်ညွတ် စစ်ကောင်စီ၏ ဖိနှိပ်မှုများကြားက သံမဏိစိတ်ဓာတ်ဖြင့် အဆုံးထိ တိုက်ပွဲဝင်ကြရန် သပိတ်ဦးဆောင်သူက တိုက်တွန်းခဲ့သည်။


” အရေးတော်ပုံ အောင်ခြင်း မအောင်ခြင်းဆိုတာက ပြည်သူလူထုအနေနဲ့ တော်လှန်ရေးမှာ ဘယ်လောက်ထိ ပူးပေါင်းပါဝင်နိုင်မှု ရှိမလဲဆိုတာအပေါ် မူတည်နေတာမို့ ဒီထက်ပိုပြီး ပူးပေါင်းပါဝင်ပေးကြပါ။

လက်နက်ကိုင် တော်လှန်ရေး နည်းလမ်းကို လူထုလှုပ်ရှားမှုတွေနဲ့ ပေါင်းစပ်ပြီး စစ်ကောင်စီ ပြုတ်ကျရေးကို နည်းလမ်းမျိုးစုံ သုံးပြီး ဆောင်ရွက်ကြဖို့ ပြည်သူလူထုတရပ်လုံးကို လေးလေးနက်နက် တိုက်တွန်းလိုက်ရပါတယ် “ဟု သပိတ်ဦးဆောင်သူက ဆိုသည်။


“ဒီလို လူထောင်နဲ့ချီတဲ့ဒေသခံတွေက အကြမ်းဖက်စစ်တပ်ရဲ့ အုပ်ချုပ်မှုကိုမလိုလားဘူးဆိုတာ အခုထိ အေးချမ်းစွာ ထုတ်ဖော်ခဲ့တာ။

ကျွန်တော်တို့ ပြည်သူ့တပ်ဖွဲ့တွေကတော့ အကြမ်းဖက်စစ်တပ်ရဲ့ ဘေးကနေ ပြည်သူတွေ အန္တရာယ်မရှိအောင် လုံခြုံရေးယူခဲ့တယ်”ဟု ပုလဲမြို့နယ် ပြည်သူ့တပ်ဖွဲ့တစ်ခု၏ဦးဆောင်သူ ဗိုလ်ပုလဲက လူထုနွေဦးသို့ ပြောသည်။

ထို့အပြင် ” လက်နက်ကိုင် တော်လှန်ရေးကို လူထုလှုပ်ရှားမှုနဲ့ ပေါင်းစပ်နိုင်ဖို့ ကျေးလက်ဒေသတွေသာမက မြို့ပြ တွေပါ ထကြွသင့်ချိန် ရောက်ရင် တပြိုင်နက်တည်း ထကြွ သိမ်းပိုက်နိုင်ကြဖို့ အခုကတည်းက စိတ်ရော၊ လူပါ ပြင်ဆင်ထားကြပါစို့ “ဟု တိုက်တွန်းနှိုးဆော်ခဲ့သည်။

ဓာတ်ပုံ – မုံရွာလူထု သပိတ်တိုက်ပွဲဦးဆောင် ကော်မတီ

PDFေတြ လုံျခဳံေရးယူေပးၿပီး သပိတ္တရားေဟာေျပာပြဲ က်င္းပတဲ့ ယင္းမာပင္ခရိုင္

စစ္ကိုင္းတိုင္း ယင္းမာပင္ခရိုင္အတြင္းရွိ ယင္းမာပင္ႏွင့္ပုလဲၿမိဳ႕နယ္တို႔တြင္ ယမန္ေန႔ (ဇန္နဝါရီ ၈ရက္) ညပိုင္းက စစ္အာဏာရွင္ဆန႔္က်င္ေရး သပိတ္တရား ေဟာေျပာပြဲက်င္းပခဲ့ၿပီး ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕(PDF)မ်ားက လုံျခဳံေရးေစာင့္ေရွာက္ယူေပးခဲ့သည္။

အဆိုပါသပိတ္တရားေဟာေျပာပြဲသို႔ ေဒသခံျပည္သူ ေထာင္ႏွင့္ခ်ီ တက္ေရာက္နားေထာင္ခဲ့ၾကသည္။

မုံရြာပင္မသပိတ္ေကာ္မတီအဖြဲ႕ဝင္ ကိုသန္းေက်ာ္ဦးႏွင့္ေက်ာင္းသားသမဂၢအဖြဲ႕ဝင္တစ္ဦးက ျပည္သူလူထုထံသို႔ နိုင္ငံေရးတရားမ်ားႏွင့္ စစ္အာဏာရွင္ဆန႔္က်င္ေရး သပိတ္တရားမ်ား ေဟာေျပာတင္ျပခဲ့ျခင္းျဖစ္သည္။ပုလဲၿမိဳ႕နယ္ႏွင့္ယင္းမာပင္ၿမိဳ႕နယ္တို႔သည္ စစ္ေကာင္စီအျပည့္အဝအုပ္ခ်ဳပ္မရသည့္ ေဒသျဖစ္ၿပီး ျပည္သူလူထုက နယ္ေျမစိုးမိုးမႈကို သိမ္းပိုက္ထားဆဲျဖစ္သည္။

ပုလဲၿမိဳ႕နယ္ႏွင့္ ယင္းမာပင္ၿမိဳ႕နယ္တို႔သည္ စစ္ေကာင္စီအျပည့္အဝအုပ္ခ်ဳပ္ခြင့္ ရသည့္ေနရာ မဟုတ္ေၾကာင္း၊ လက္ရွိထိ ျပည္သူလူထုက နယ္ေျမစိုးမိုးမႈ သိမ္းပိုက္ထားဆဲ ျဖစ္ေၾကာင္း၊ ျပည္သူလူထုအေနျဖင့္ ဆက္လက္ၿပီး ညီညီညြတ္ညြတ္ စစ္ေကာင္စီ၏ ဖိႏွိပ္မႈမ်ားၾကားက သံမဏိစိတ္ဓာတ္ျဖင့္ အဆုံးထိ တိုက္ပြဲဝင္ၾကရန္ သပိတ္ဦးေဆာင္သူက တိုက္တြန္းခဲ့သည္။

” အေရးေတာ္ပုံ ေအာင္ျခင္း မေအာင္ျခင္းဆိုတာက ျပည္သူလူထုအေနနဲ႔ ေတာ္လွန္ေရးမွာ ဘယ္ေလာက္ထိ ပူးေပါင္းပါဝင္နိုင္မႈ ရွိမလဲဆိုတာအေပၚ မူတည္ေနတာမို႔ ဒီထက္ပိုၿပီး ပူးေပါင္းပါဝင္ေပးၾကပါ။ လက္နက္ကိုင္ ေတာ္လွန္ေရး နည္းလမ္းကို လူထုလႈပ္ရွားမႈေတြနဲ႔ ေပါင္းစပ္ၿပီး စစ္ေကာင္စီ ျပဳတ္က်ေရးကို နည္းလမ္းမ်ိဳးစုံ သုံးၿပီး ေဆာင္ရြက္ၾကဖို႔ ျပည္သူလူထုတရပ္လုံးကို ေလးေလးနက္နက္ တိုက္တြန္းလိုက္ရပါတယ္ “ဟု သပိတ္ဦးေဆာင္သူက ဆိုသည္။

“ဒီလို လူေထာင္နဲ႔ခ်ီတဲ့ေဒသခံေတြက အၾကမ္းဖက္စစ္တပ္ရဲ့ အုပ္ခ်ဳပ္မႈကိုမလိုလားဘူးဆိုတာ အခုထိ ေအးခ်မ္းစြာ ထုတ္ေဖာ္ခဲ့တာ။ကၽြန္ေတာ္တို႔ ျပည္သူ႔တပ္ဖြဲ႕ေတြကေတာ့ အၾကမ္းဖက္စစ္တပ္ရဲ့ ေဘးကေန ျပည္သူေတြ အႏၲရာယ္မရွိေအာင္ လုံျခဳံေရးယူခဲ့တယ္”ဟု ပုလဲၿမိဳ႕နယ္ ျပည္သူ႔တပ္ဖြဲ႕တစ္ခု၏ဦးေဆာင္သူ ဗိုလ္ပုလဲက လူထုေႏြဦးသို႔ ေျပာသည္။

ထို႔အျပင္ ” လက္နက္ကိုင္ ေတာ္လွန္ေရးကို လူထုလႈပ္ရွားမႈနဲ႔ ေပါင္းစပ္နိုင္ဖို႔ ေက်းလက္ေဒသေတြသာမက ၿမိဳ႕ၿပ ေတြပါ ထႂကြသင့္ခ်ိန္ ေရာက္ရင္ တၿပိဳင္နက္တည္း ထႂကြ သိမ္းပိုက္နိုင္ၾကဖို႔ အခုကတည္းက စိတ္ေရာ၊ လူပါ ျပင္ဆင္ထားၾကပါစို႔ “ဟု တိုက္တြန္းႏွိုးေဆာ္ခဲ့သည္။

ဓာတ္ပုံ – မုံရြာလူထု သပိတ္တိုက္ပြဲဦးေဆာင္ ေကာ္မတီ