ၾကားသိသမွ်

အကြမ်းဖက်စစ်တပ်အသေအပျောက်များခဲ့တဲ့ လွိုင်ကော်တိုက်ပွဲ (ရုပ်သံ)

အကြမ်းဖက်စစ်တပ်အသေအပျောက်များခဲ့တဲ့ လွိုင်ကော်တိုက်ပွဲ (ရုပ်သံ)

အောက်တွင်ရုပ်သံကြည့်ရန်

မနေ့က ဇန်နဝါရီ ၈ရက်နေ့မှာ လွိုင်ကော်မြို့တွင်း အကြမ်းဖက်စစ်တပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်နေတဲ့ ရုပ်သံမှတ်တမ်းဖြစ်ပါတယ်။

လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်၊ ရွာတန်းရှည် ၊၅မိုင် ၊ ၆မိုင် ၊ဒေါပိုးစီ နဲ့ ဒီးမောဆို့မြို့တို့မှာ အကြမ်းဖက်စစ်တပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်ပြီး အကြမ်းဖက်စစ်တပ်က အထိနာခဲ့တာပါ။


နေ့လည်ပိုင်းထဲကစပြီး အကြမ်းဖက်စစ်တပ်က လွိုင်ကော်ကို လေကြောင်းကနေ လေယာဉ်၊ရဟတ်ယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ညဘက်မှာတော့ လွိုင်ကော်ကို လာပစ်တဲ့ ရဟတ်ယာဉ်ကို ပစ်ချနိုင်ခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ (KNDF)က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ရဟတ်ယာဉ်အပြင် တင့်ကားတွေပါ သုံးပြီး တိုက်ခိုက်ခဲ့ပေမယ့် အကြမ်းဖက်စစ်တပ်ရဲ့ တင့်ကားတစ်စီးကို ဖျက်စီးနိုင်ခဲ့သလို အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်တွေကိုပါ KNDF က သိမ်းဆည်းရမိခဲ့တာပါ။


လွိုင်ကော်တိုက်ပွဲတွေမှာ KNDF ၊ KA ၊ KDF ၊ GZ-21(loikaw) ၊ Medic unit (Demoso) ၊ MB PDF ၊DMO PDF ၊ KGZ စတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်နေတာဖြစ်ပါတယ်။

#lungekhit

အၾကမ္းဖက္စစ္တပ္အေသအေပ်ာက္မ်ားခဲ့တဲ့ လြိဳင္ေကာ္တိုက္ပြဲ (႐ုပ္သံ)

မေန႔က ဇန္နဝါရီ ၈ရက္ေန႔မွာ လြိဳင္ေကာ္ၿမိဳ႕တြင္း အၾကမ္းဖက္စစ္တပ္နဲ႔ ေဒသခံျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ေတြ တိုက္ပြဲျပင္းျပင္းထန္ထန္ျဖစ္ေနတဲ့ ႐ုပ္သံမွတ္တမ္းျဖစ္ပါတယ္။

လြိဳင္ေကာ္ၿမိဳ႕ မိုင္းလုံးရပ္ကြက္၊ ရြာတန္းရွည္ ၊၅မိုင္ ၊ ၆မိုင္ ၊ေဒါပိုးစီ နဲ႔ ဒီးေမာဆို႔ၿမိဳ႕တို႔မွာ အၾကမ္းဖက္စစ္တပ္နဲ႔ ေဒသခံျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ေတြ တိုက္ပြဲျပင္းထန္ၿပီး အၾကမ္းဖက္စစ္တပ္က အထိနာခဲ့တာပါ။

ေန႔လည္ပိုင္းထဲကစၿပီး အၾကမ္းဖက္စစ္တပ္က လြိဳင္ေကာ္ကို ေလေၾကာင္းကေန ေလယာဥ္၊ရဟတ္ယာဥ္ေတြနဲ႔ ဗုံးၾကဲတိုက္ခိုက္ခဲ့ပါတယ္။

ညဘက္မွာေတာ့ လြိဳင္ေကာ္ကို လာပစ္တဲ့ ရဟတ္ယာဥ္ကို ပစ္ခ်နိုင္ခဲ့တယ္လို႔ ကရင္နီအမ်ိဳးသားမ်ား ကာကြယ္ေရးတပ္ဖြဲ႕ (KNDF)က သတင္းထုတ္ျပန္ခဲ့ပါတယ္။

ရဟတ္ယာဥ္အျပင္ တင့္ကားေတြပါ သုံးၿပီး တိုက္ခိုက္ခဲ့ေပမယ့္ အၾကမ္းဖက္စစ္တပ္ရဲ့ တင့္ကားတစ္စီးကို ဖ်က္စီးနိုင္ခဲ့သလို အၾကမ္းဖက္စစ္တပ္ရဲ့ လက္နက္ေတြကိုပါ KNDF က သိမ္းဆည္းရမိခဲ့တာပါ။

လြိဳင္ေကာ္တိုက္ပြဲေတြမွာ KNDF ၊ KA ၊ KDF ၊ GZ-21(loikaw) ၊ Medic unit (Demoso) ၊ MB PDF ၊DMO PDF ၊ KGZ စတဲ့ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ေတြ ပူးေပါင္းၿပီး အၾကမ္းဖက္စစ္တပ္ကို တိုက္ခိုက္ေနတာျဖစ္ပါတယ္။

#lungekhit

ရုပ်သံကြည့်ရန်