ၾကားသိသမွ်

မန္တလေးတွင် မြဝတီမင်းကြီး သံလမ်းအနီးတွင် စစ်တပ်ရိက္ခာသယ်ရထား မိုင်းဆွဲခံရပြီး နှစ်ဖက် ပစ်ခတ်သံများကြားရ (ရုပ်/သံ)

မန္တလေးတွင် မြဝတီမင်းကြီး သံလမ်းအနီးတွင် စစ်တပ်ရိက္ခာသယ်ရထား မိုင်းဆွဲခံရပြီး နှစ်ဖက် ပစ်ခတ်သံများကြားရ (ရုပ်/သံ)

ရန်ကုန်၊ ဇန်နဝါရီ ၉

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ယနေ့ နံနက် ၉ နာရီဝန်းကျင် မြဝတီမင်းကြီးသံလမ်းအနီး စစ်တပ်ရိက္ခာသယ်ရထား မိုင်းဆွဲခံရပြီး နှစ်ဖက် ပစ်ခတ်သံများကြားရကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောဆိုသည်။

“မြဝတီမင်းကြီးလမ်းနားမှာ အပြန်အလှန်ပစ်နေကြတယ်။ ဗုံးတွေလည်း ကွဲ ပါတယ်။ ၅လုံးလောက်ရှိနေပြီ။ နေရာက မန္တလေး၊ ကျွဲဆည်ကန်၊ ပြည်ကြီးတံခွန်မြိုကနယ်၊ မန္တလေး-မေမြို့ ရထားသံလမ်းနားမှာ ဖြစ်နေတာ” ဟု‌ မန္တလေးမြို့ခံတစ်ဦးကပြောသည်။

မြ၀တီမင်းကြီးလမ်းအနီးရှိ ရဲစခန်းအတွင်းမှလည်း ပစ်ခတ်သံများ ဆက်တိုက်ကြားရကြောင်း ဒေသခံများက ဆိုကြပြီး ပစ်ခတ်မှုအခြေအနေနှင့် အထိအခိုက်အသေအပျောက်မသိရသေးကြောင်း၊ ယနေ့ မန္တလေးတစ်မြို့လုံး စစ်တပ်က ပိတ်ဆို့ စစ်ဆေးနေကြောင်း သိရှိရသည်။

မန္တလေး မြေပြင်ကင်းထောက်Vomdy၏သတင်းများအရ လမ်း ၇၀ ရိက္ခာသယ်လာသော ရထားအား မိုင်းထောင်ခွဲခံရပြီးရထားစက်ခေါင်းပွင့်ထွက်သွားကြောင်း၊ စစ်သားများ ခုန်ချထွက်ပြေးအနီးနားရှိလူများအား ရမ်းသမ်းပစ်နေကြောင်း သိရှိရသည်။

မႏၲေလးတြင္ ျမဝတီမင္းႀကီး သံလမ္းအနီးတြင္ စစ္တပ္ရိကၡာသယ္ရထား မိုင္းဆြဲခံရၿပီး ႏွစ္ဖက္ ပစ္ခတ္သံမ်ားၾကားရ (႐ုပ္/သံ)

ရန္ကုန္၊ ဇန္နဝါရီ ၉

မႏၲေလးၿမိဳ႕၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္တြင္ ယေန႔ နံနက္ ၉ နာရီဝန္းက်င္ ျမဝတီမင္းႀကီးသံလမ္းအနီး စစ္တပ္ရိကၡာသယ္ရထား မိုင္းဆြဲခံရၿပီး ႏွစ္ဖက္ ပစ္ခတ္သံမ်ားၾကားရေၾကာင္း ေဒသခံမ်ားက ရန္ကုန္ေခတ္သစ္သတင္းဌာနသို႔ေျပာဆိုသည္။

“ျမဝတီမင္းႀကီးလမ္းနားမွာ အျပန္အလွန္ပစ္ေနၾကတယ္။ ဗုံးေတြလည္း ကြဲ ပါတယ္။ ၅လုံးေလာက္ရွိေနၿပီ။ ေနရာက မႏၲေလး၊ ကၽြဲဆည္ကန္၊ ျပည္ႀကီးတံခြန္ၿမိဳကနယ္၊ မႏၲေလး-ေမၿမိဳ႕ ရထားသံလမ္းနားမွာ ျဖစ္ေနတာ” ဟု‌ မႏၲေလးၿမိဳ႕ခံတစ္ဦးကေျပာသည္။

ျမ၀တီမင္းႀကီးလမ္းအနီးရွိ ရဲစခန္းအတြင္းမွလည္း ပစ္ခတ္သံမ်ား ဆက္တိုက္ၾကားရေၾကာင္း ေဒသခံမ်ားက ဆိုၾကၿပီး ပစ္ခတ္မႈအေျခအေနႏွင့္ အထိအခိုက္အေသအေပ်ာက္မသိရေသးေၾကာင္း၊ ယေန႔ မႏၲေလးတစ္ၿမိဳ႕လုံး စစ္တပ္က ပိတ္ဆို႔ စစ္ေဆးေနေၾကာင္း သိရွိရသည္။

မႏၲေလး ေျမျပင္ကင္းေထာက္Vomdy၏သတင္းမ်ားအရ လမ္း ၇၀ ရိကၡာသယ္လာေသာ ရထားအား မိုင္းေထာင္ခြဲခံရၿပီးရထားစက္ေခါင္းပြင့္ထြက္သြားေၾကာင္း၊ စစ္သားမ်ား ခုန္ခ်ထြက္ေျပးအနီးနားရွိလူမ်ားအား ရမ္းသမ္းပစ္ေနေၾကာင္း သိရွိရသည္။