ၾကားသိသမွ်

စကစတပ်ဖွဲ့များ သင်္ဘောပျက်မှ မော်တော် ၃ စီးဖြင့်ကဲ့ယူစဥ် မြို့လှPDF တပ်မှ ပစ်ခတ်၍ မော်တော် ၁ စီး ထက်ခြမ်းကွဲနစ်မြုပ်၊ စကစအင်အား ၅၀ ဦးထက်မနည်းကျဆုံး

စကစတပ်ဖွဲ့များ သင်္ဘောပျက်မှ မော်တော် ၃ စီးဖြင့်ကဲ့ယူစဥ် မြို့လှPDF တပ်မှ ပစ်ခတ်၍ မော်တော် ၁ စီး ထက်ခြမ်းကွဲနစ်မြုပ်၊ စကစအင်အား ၅၀ ဦးထက်မနည်းကျဆုံး

January 8- 2022

စကစသင်္ဘောအထိနာ၍ စကစဖက်မှ ၄၀ ဦးထက်မနည်း ကျဆုံးကာ အမြောက်အများ ဒဏ်ရာရရှိပြီး ရွှေကူမြို့၌ ညအိပ်ရပ်နားစဥ် လူနာတင်ယာဥ်များဖြင့် သယ်ဆောင်မှုများ ရှိခဲ့သည်။

ညအိပ်ရပ်နားပြီးနောက် ​အထက်ဖက်သို့ ဆန်တက်စဥ် ဗန်းမော်မြို့နယ် နတ်ခုတ်ရွာအနီးတွင် ဇန်နဝါရီ ၇ ရက် မနေ့ နေ့လည် ၁၂ နာရီ ၃၀ မိနစ်ခန့်၌တစ်ကြိမ်၊

နေ့လည် ၂ နာရီ ၃၀ မိနစ်တွင် ဘူးတောင်းရွာ၌ တစ်ကြိမ် မြို့လှ PDF တပ်မှ ဆီးကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ ​သင်္ဘော ၂ စီးအနက် ၁ စီးစက်ပျက်ကာ ဆက်လက်မထွက်ခွာနိုင်ပဲ ဘူးတောင်း၌သာ ဆိုက်ကပ်သွားသည်။

ယင်းသင်္ဘောမှ စကစအင်အား ၃၀ ဦးခန့် မော်တော် ၃ စီးဖြင့် ကဲ့ယူဆန်တက်စဥ် မြို့လှ PDF တပ်မှ ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၁ စီး ထက်ခြမ်းကွဲ နစ်မြုပ်၍ ကျန် ၂ စီးတွင် ထိခိုက်ဒဏ်ရာများဖြင့် ဆန်တက်သွားသည်။

ဇန်နဝါရီ ၅ ရက်နေ့ နံနက် (၉:၃၀) နာရီခန့်၌လည်း ကသာအထက်ဖက် နလယ်အင်းရွာအနီးတွင် KIA တပ်ရင်းတခုမှ စောင့်ကြိုပစ်ခတ်ခြင်း၊ နေ့လည် ၂ နာရီခန့်တွင် အထက် မင်းလယ်ရွာအနီး၌ မြို့လှ PDF တပ်မှ ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းတို့ကြောင့် သင်္ဘော ၂ စီးလုံးအတော်ထိခိုက်ပျက်စီးခဲ့ပြီး စကစဖက်မှ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်မှုများ ရှိခဲ့သည်။

ထို့အပြင် မိုးတားလေးရွာ၏အထက်ဖက် ဆင်ကုန်တိုင်ရွာအနီး ပေါလောကျွန်းအနီးတွင် စကစသင်္ဘောနှင့် မြို့လှ PDFတို့ ၁ ကြိမ် ထပ်မံထိတွေ့ ပစ်ခတ်မှု့များရှိခဲ့သည်။ စကစဖက်မှ လက်နက်ကြီးများဖြင့် ပြန်လည်ရမ်းသမ်း ပစ်ခတ်မှုကြောင့် နွား ၄ ကောင်သေဆုံးခဲ့သည်။

စကစဖက်မှ စုစုပေါင်း ၅၀ ဦးထက်မနည်းကျဆုံးပြီး မြို့လှPDF တပ်မှ အထိအခိုက်မရှိပဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်။

#ပြည်သူနဲ့အတူရပ်တည်သွားမဲ့ မြို့လှPDF တပ်ဖွဲ့

စကစတပ္ဖြဲ႕မ်ား သေဘၤာပ်က္မွ ေမာ္ေတာ္ ၃ စီးျဖင့္ကဲ့ယူစဥ္ ၿမိဳ႕လွPDF တပ္မွ ပစ္ခတ္၍ ေမာ္ေတာ္ ၁ စီး ထက္ျခမ္းကြဲနစ္ျမဳပ္၊ စကစအင္အား ၅၀ ဦးထက္မနည္းက်ဆုံး

January 8- 2022

စကစသေဘၤာအထိနာ၍ စကစဖက္မွ ၄၀ ဦးထက္မနည္း က်ဆုံးကာ အေျမာက္အမ်ား ဒဏ္ရာရရွိၿပီး ေရႊကူၿမိဳ႕၌ ညအိပ္ရပ္နားစဥ္ လူနာတင္ယာဥ္မ်ားျဖင့္ သယ္ေဆာင္မႈမ်ား ရွိခဲ့သည္။

ညအိပ္ရပ္နားၿပီးေနာက္ ​အထက္ဖက္သို႔ ဆန္တက္စဥ္ ဗန္းေမာ္ၿမိဳ႕နယ္ နတ္ခုတ္ရြာအနီးတြင္ ဇန္နဝါရီ ၇ ရက္ မေန႔ ေန႔လည္ ၁၂ နာရီ ၃၀ မိနစ္ခန္႔၌တစ္ႀကိမ္၊ ေန႔လည္ ၂ နာရီ ၃၀ မိနစ္တြင္ ဘူးေတာင္းရြာ၌ တစ္ႀကိမ္ ၿမိဳ႕လွ PDF တပ္မွ ဆီးႀကိဳပစ္ခတ္တိုက္ခိုက္ခဲ့ရာ ​သေဘၤာ ၂ စီးအနက္ ၁ စီးစက္ပ်က္ကာ ဆက္လက္မထြက္ခြာနိုင္ပဲ ဘူးေတာင္း၌သာ ဆိုက္ကပ္သြားသည္။

ယင္းသေဘၤာမွ စကစအင္အား ၃၀ ဦးခန္႔ ေမာ္ေတာ္ ၃ စီးျဖင့္ ကဲ့ယူဆန္တက္စဥ္ ၿမိဳ႕လွ PDF တပ္မွ ထပ္မံပစ္ခတ္တိုက္ခိုက္ခဲ့ရာ ၁ စီး ထက္ျခမ္းကြဲ နစ္ျမဳပ္၍ က်န္ ၂ စီးတြင္ ထိခိုက္ဒဏ္ရာမ်ားျဖင့္ ဆန္တက္သြားသည္။

ဇန္နဝါရီ ၅ ရက္ေန႔ နံနက္ (၉:၃၀) နာရီခန္႔၌လည္း ကသာအထက္ဖက္ နလယ္အင္းရြာအနီးတြင္ KIA တပ္ရင္းတခုမွ ေစာင့္ႀကိဳပစ္ခတ္ျခင္း၊ ေန႔လည္ ၂ နာရီခန္႔တြင္ အထက္ မင္းလယ္ရြာအနီး၌ ၿမိဳ႕လွ PDF တပ္မွ ထပ္မံပစ္ခတ္တိုက္ခိုက္ခဲ့ျခင္းတို႔ေၾကာင့္ သေဘၤာ ၂ စီးလုံးအေတာ္ထိခိုက္ပ်က္စီးခဲ့ၿပီး

စကစဖက္မွ လက္နက္ႀကီးမ်ားျဖင့္ ျပန္လည္ပစ္ခတ္မႈမ်ား ရွိခဲ့သည္။ ထို႔အျပင္ မိုးတားေလးရြာ၏အထက္ဖက္ ဆင္ကုန္တိုင္ရြာအနီး ေပါေလာကၽြန္းအနီးတြင္ စကစသေဘၤာႏွင့္ ၿမိဳ႕လွ PDFတို႔ ၁ ႀကိမ္ ထပ္မံထိေတြ႕ ပစ္ခတ္မႈ႔မ်ားရွိခဲ့သည္။ စကစဖက္မွ လက္နက္ႀကီးမ်ားျဖင့္ ျပန္လည္ရမ္းသမ္း ပစ္ခတ္မႈေၾကာင့္ ႏြား ၄ ေကာင္ေသဆုံးခဲ့သည္။

စကစဖက္မွ စုစုေပါင္း ၅၀ ဦးထက္မနည္းက်ဆုံးၿပီး ၿမိဳ႕လွPDF တပ္မွ အထိအခိုက္မရွိပဲ ျပန္လည္ဆုတ္ခြာနိုင္ခဲ့သည္။

#ျပည္သူနဲ႔အတူရပ္တည္သြားမဲ့ ၿမိဳ႕လွPDF တပ္ဖြဲ႕