ၾကားသိသမွ်

ကရင်နီ – ထိုင်းနယ်စပ်အတွင်း အာဏာသိမ်းစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိုင်းနယ်မြေဘက်ထိပါက ပြန်တုန့်ပြန်မည်ဟု သတိပေး

ကရင်နီ – ထိုင်းနယ်စပ်အတွင်း အာဏာသိမ်းစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိုင်းနယ်မြေဘက်ထိပါက ပြန်တုန့်ပြန်မည်ဟု

သတိပေး

ထိုင်းနိုင်ငံနှင့်နယ်စပ် ကရင်နီ(ကယား)ပြည်နယ်အတွင်း ယမန်နေ့ကတည်းက အာဏာသိမ်းစစ်တပ်က လေကြောင်းမှ တိုက်ခိုက်ပြီး ယနေ့

၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၈) ရက်နေ့တွင် အင်အားထပ်ဖြည့်နေ၍ ထိုင်းဘက်တပ်စခန်းတွင် တပ်လှန့်ထားပြီး ထိုင်းနယ်မြေကို ထိပါက

ပြန်လည်တုန့်ပြန်မည်ဟု သတိပေးထားသည်။


ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်တစ်ဖက်ခြမ်းရှိ ကရင်နီ(ကယား)ပြည်နယ်တွင်းမှ အာဏာသိမ်းစစ်တပ်၏ ခြေကုပ်စခန်းတစ်ခုတွင် ယနေ့

ဇန်နဝါရီလ (၈) ရက်နေ့တွင် ရုရှားလုပ် Mi 8 လေယာဉ် (၂) စီး၊ စစ်ရဟတ်ယာဉ် (၁)စီးဖြင့် အင်အား (၃၀) ခန့်အင်အား ထပ်ဖြည့်ထား၍ မ

ကြာမီလေကြောင်းတိုက်ခိုက်မှုများဖြင့်ပါ အပြင်းအထန်တိုက်ခိုက်ဖွယ်ရှိနေကြောင်း Mae Sot Media က သတင်းဖေါ်ပြထားသည်။

ယင်းအပြင်အဆိုပါ ဧရိယာတဝိုက်တွင် MIG 29 လေယာဉ် (၂)စီးနှင့် CH-3A ဒရုန်းတစ်စီးတို့ကလည်း ကင်းထောက်နေသည်ကို တွေ့ရ

ကြောင်း သိရသည်။


လက်ရှိ အာဏာသိမ်းစစ်တပ်က အင်အားဖြည့်တင်းပြင်ဆင်နေသည့်နေရာမှာ ထိုင်းစစ်တပ်၏အခြေစိုက်စခန်းနှင့် နီးကပ်နေသဖြင့် ထိုင်း

နယ်မြေဘက်သို့ ထိခိုက်မှုများရှိလာပါက ထိုင်းစစ်တပ်က ပြန်လည်တိုက်ခိုက်ရမည့်အနေအထားဖြစ်နေသည်ဟု သိရသည်။


အဆိုပါနယ်မြေတွင် ယမန်နေ့ကတည်းက အာဏာသိမ်းစစ်တပ်က လေကြောင်းမှတိုက်ခိုက်ခဲ့မှုများကြောင့် ကလေးငယ်များနှင့် သက်ကြီး

ရွယ်အိုများအပါအဝင် စစ်ဘေးရှောင် (၂၀၀) ခန့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ဘက်သို့ ထွက်ပြေးခိုလှုံရန် ကြိုးစားခဲ့ကြသော်လည်း ထိုင်း

နိုင်ငံက ဝင်ခွင့်မပေးဘဲ ထိုင်းစစ်ခန်းအနီး မြန်မာနယ်စပ်ဘက်အခြမ်းတွင် ယာယီစောင့်ဆိုင်းနိုင်စေရန် ထိုင်းစစ်တပ်မှ တပ်ဖွဲ့ဝင်များက

စီစဉ်ပေးထားပြီး မြန်မာဘက်အခြေအနေကို စောင့်ကြည့်နေဆဲဖြစ်ကြောင်းသိရသည်။

ကရင္နီ – ထိုင္းနယ္စပ္အတြင္း အာဏာသိမ္းစစ္တပ္၏ ေလေၾကာင္းတိုက္ခိုက္မႈေၾကာင့္ ထိုင္းနယ္ေျမဘက္ထိပါက ျပန္တုန႔္ျပန္မည္ဟု သတိေပး

ထိုင္းနိုင္ငံႏွင့္နယ္စပ္ ကရင္နီ(ကယား)ျပည္နယ္အတြင္း ယမန္ေန႔ကတည္းက အာဏာသိမ္းစစ္တပ္က ေလေၾကာင္းမွ တိုက္ခိုက္ၿပီး ယေန႔ ၂၀၂၂ ခုႏွစ္ ဇန္နဝါရီလ (၈) ရက္ေန႔တြင္ အင္အားထပ္ျဖည့္ေန၍ ထိုင္းဘက္တပ္စခန္းတြင္ တပ္လွန႔္ထားၿပီး ထိုင္းနယ္ေျမကို ထိပါက ျပန္လည္တုန႔္ျပန္မည္ဟု သတိေပးထားသည္။

ထိုင္းနိုင္ငံ မယ္ေဟာင္ေဆာင္တစ္ဖက္ျခမ္းရွိ ကရင္နီ(ကယား)ျပည္နယ္တြင္းမွ အာဏာသိမ္းစစ္တပ္၏ ေျခကုပ္စခန္းတစ္ခုတြင္ ယေန႔ ဇန္နဝါရီလ (၈) ရက္ေန႔တြင္ ႐ုရွားလုပ္ Mi 8 ေလယာဥ္ (၂) စီး၊ စစ္ရဟတ္ယာဥ္ (၁)စီးျဖင့္ အင္အား (၃၀) ခန႔္အင္အား ထပ္ျဖည့္ထား၍ မၾကာမီေလေၾကာင္းတိုက္ခိုက္မႈမ်ားျဖင့္ပါ အျပင္းအထန္တိုက္ခိုက္ဖြယ္ရွိေနေၾကာင္း Mae Sot Media က သတင္းေဖၚျပထားသည္။

ယင္းအျပင္အဆိုပါ ဧရိယာတဝိုက္တြင္ MIG 29 ေလယာဥ္ (၂)စီးႏွင့္ CH-3A ဒ႐ုန္းတစ္စီးတို႔ကလည္း ကင္းေထာက္ေနသည္ကို ေတြ႕ရေၾကာင္း သိရသည္။

လက္ရွိ အာဏာသိမ္းစစ္တပ္က အင္အားျဖည့္တင္းျပင္ဆင္ေနသည့္ေနရာမွာ ထိုင္းစစ္တပ္၏အေျခစိုက္စခန္းႏွင့္ နီးကပ္ေနသျဖင့္ ထိုင္းနယ္ေျမဘက္သို႔ ထိခိုက္မႈမ်ားရွိလာပါက ထိုင္းစစ္တပ္က ျပန္လည္တိုက္ခိုက္ရမည့္အေနအထားျဖစ္ေနသည္ဟု သိရသည္။

အဆိုပါနယ္ေျမတြင္ ယမန္ေန႔ကတည္းက အာဏာသိမ္းစစ္တပ္က ေလေၾကာင္းမွတိုက္ခိုက္ခဲ့မႈမ်ားေၾကာင့္ ကေလးငယ္မ်ားႏွင့္ သက္ႀကီးရြယ္အိုမ်ားအပါအဝင္ စစ္ေဘးေရွာင္ (၂၀၀) ခန႔္ ထိုင္းနိုင္ငံ မယ္ေဟာင္ေဆာင္ဘက္သို႔

ထြက္ေျပးခိုလႈံရန္ ႀကိဳးစားခဲ့ၾကေသာ္လည္း ထိုင္းနိုင္ငံက ဝင္ခြင့္မေပးဘဲ ထိုင္းစစ္ခန္းအနီး ျမန္မာနယ္စပ္ဘက္အျခမ္းတြင္ ယာယီေစာင့္ဆိုင္းနိုင္ေစရန္ ထိုင္းစစ္တပ္မွ တပ္ဖြဲ႕ဝင္မ်ားက စီစဥ္ေပးထားၿပီး ျမန္မာဘက္အေျခအေနကို ေစာင့္ၾကည့္ေနဆဲျဖစ္ေၾကာင္းသိရသည္။