ၾကားသိသမွ်

ယခုနှစ်ကိုငြိမ်းချမ်းရေးနှစ်အဖြစ်သတ်မှတ်၊ ကမ္ဘောဒီးယားကို ကျေးဇူးတင်ဟု စစ်ခေါင်းဆောင်ပြော

ကမ္ဘောဒီးယားနိုင်ငံအနေနဲ့ နိုင်ငံတကာမျက်နှာစာနဲ့ အာဆီယံ မျက်နှာစာမှာ မြန်မာနိုင်ငံဘက်မှ အပြုသဘောဆောင်ရပ်တည် ထောက်ခံပေးမှုတွေအတွက် ကျေးဇူးတင်ရှိကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကမ္ဘောဒီယားဝန်ကြီးချုပ် ဟွန်ဆန်ကို ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ ကြိုးပမ်းဆောင်ရွက်လိုမှုတွေအပေါ် ကျေးဇူးတင်ရှိပါကြောင်းနဲ့ အခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ထားကြောင်းလည်း စစ်ခေါင်းဆောင်က ပြောပါတယ်။


ဇန်နဝါရီ ၇ ရက်နေ့က နေပြည်တော်မှာကျင်းပတဲ့ မြန်မာ – ကမ္ဘောဒီးယားနှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲမှာ ပြောကြားခဲ့တာလို့ စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ပါတယ်။

တွေ့ဆုံပွဲမှာ ဝန်ကြီးချုပ်ဟွန်ဆန်က မြန်မာနိုင်ငံရှိ ကမ္ဘောဒီးယား ရဟန်းတော်တွေနဲ့ သီလရှင်တွေ၊ ကမ္ဘောဒီးယားနိုင်ငံသားတွေကို ကူညီပေးဖို့၊ နှစ်နိုင်ငံ ကုန်သွယ်ရေး မြှင့်တင်နိုင်ရေးအတွက် အခွန် ကောက်ခံမှုများလျှော့ချဖို့၊ ပညာရေးပူးပေါင်းဆောင်ရွက်ဖို့၊ ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်ပြီး ပုဂံဒေသနဲ့ ဆီယံရိဒေသအကြား ခရီးသွားမိတ်ဖက်မြို့အဖြစ် သတ်မှတ်ဆောင်ရွက်ဖို့နဲ့ ကိုဗစ် -၁၉ ရောဂါထိန်းချုပ်နိုင်ချိန်မှာ လေကြောင်းလိုင်းတွေ အမြန်ပြန်လည်ပြေးဆွဲဖို့ ပြောပါတယ်။


စစ်ကောင်စီခေါင်းဆောင်ကတော့ နှစ်နိုင်ငံကုန်သွယ်ရေးကဏ္ဍမှာ အခွန်နှစ်ထပ် ကောက်ခံမှု လျှော့ချနိုင်ရေး သဘောတူလက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ နှစ်နိုင်ငံခရီးသွားကဏ္ဍ တိုးမြှင့်ရေးဖို့ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်သလို ကိုဗစ် ရောဂါကူးစက်မှုကို အထိုက်အလျောက် ထိန်းချုပ်နိုင်ချိန်မှာ ခရီးသွားလုပ်ငန်းနဲ့ ကမ္ဘောဒီးယားနဲ့ လေကြောင်းသွားလာမှုအား အမြန်ဆုံးဖွင့်လှစ်နိုင်ရေး ရည်ရွယ်ထားတယ်လို့ပြောပါတယ်။

ဆွေးနွေးပွဲအပြီး ထုတ်ပြန်တဲ့ နှစ်နိုင်ငံပူးတွဲကြေညာချက်မှာတော့ ကမ္ဘောဒီးယားနိုင်ငံက ၂၀၂၂ ခုနှစ်မှာ အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူမယ့်အပေါ် ဂုဏ်ယူ ဝမ်းမြောက်ကြောင်း၊ ဒုတိယဝန်ကြီးချုပ်လည်းဖြစ် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးလည်းဖြစ်တဲ့ မစ္စတာ ပရတ်ဆော့ခွန်းကို အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်မယ့်အပေါ် ကြိုဆိုကြောင်း စစ်ကောင်စီခေါင်းဆောင်က ပြောပါတယ်။


မစ္စတာ ပရတ်ဆော့ခွန်းအနေနဲ့ အာဆီယံပဋိညာဉ်စာတမ်းနဲ့အညီ အာဆီယံတူညီဆန္ဒ ၅ ချက်ကို အကောင်အထည်ဖော်နိုင်ရေး အပြည့်အဝ ပံ့ပိုးသွားမည်ဖြစ်ကြောင်း၊ အာဆီယံတူညီဆန္ဒ ၅ ချက်ဟာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်နဲ့ အပြန်အလှန် အထောက်အကူပြုသင့်ကြောင်းနဲ့ အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ကို ပံ့ပိုးပေးဖို့နဲ့ လက်ရှိပြည်တွင်းအခြေအနေတွေကို ထည့်သွင်းစဉ်းစားကာ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေအားလုံးနဲ့ တွေ့ဆုံနိုင်ဖို့လည်း ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီအနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (EAO) တွေနဲ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလကုန်အထိ အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့ပြီး ဖြစ်ပြီး ၂၀၂၂ နှစ်ကုန်အထိ ထပ်မံတိုးမြှင့်သွားမယ်လို့လည်း ဆိုပါတယ်။

မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာကူညီပေးရာမှာ အမှန်တကယ်လိုအပ်သူတွေဆီ ရောက်ရှိဖို့ အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်၊ အာဆီယံအတွင်းရေးမှူးချုပ်၊ AHA စင်တာမှ ကိုယ်စားလှယ်တွေ၊ မြန်မာနိုင်ငံသို့ AHA စင်တာမှတစ်ဆင့် လှူဒါန်းမယ့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ စီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနဲ့ သက်ဆိုင်ရာ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းတွေလို သက်ဆိုင်သူတွေအကြား အစည်းအဝေးတစ်ရပ်ကျင်းပသွားဖို့ အားပေးသွားမယ်လို့ဆိုပါတယ်။

ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ မြန်မာပြည်ခရီးစဉ်မှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် နှာခေါင်းစည်း ၃,၂၀၀,၀၀၀ ခု၊ PPE ဝတ်စုံ ၃၀,၀၀၀၊ အသက်ရှူအထောက်အကူပြုစက်အလုံး ၅၀၊ လူနာစောင့်ကြည့်စက်အလုံး ၅၀ နဲ့ ဆက်စပ်ပစ္စည်းတွေ၊ အောက်ဆီဂျင်စက်အလုံး ၅၀ နဲ့ တခြားဆေးဘက်ဆိုင်ရာ အထောက်အကူ ပစ္စည်းတွေ လှူဒါန်းခဲ့ပါတယ်။


ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန်ခေါင်းဆောင်တဲ့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံကို ဇန်နဝါရီ ၇ ရက်မှ ၈ ရက်အထိ အလုပ်သဘောခရီးစဉ် လာရောက်တာဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံကို လာရောက်တဲ့ ပထမဆုံးနိုင်ငံ ခေါင်းဆောင်တဦးရဲ့ခရီးစဉ်လည်း ဖြစ်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ မြန်မာပြည်ခရီးစဉ်ဟာ မြန်မာအာဏာသိမ်းစစ်တပ်ကို အသိအမှတ်ပြုရာရောက်တယ်ဆိုပြီး ခရီးစဉ်ဖျက်သိမ်းဖို့ နိုင်ငံတကာ အသိုက်အဝန်းက တိုက်တွန်း တောင်းဆိုနေကြသလို မြန်မာပြည်သူလူထုကလည်း ဟွန်ဆန်ရဲ့ ရုပ်ပုံတွေကို မီးရှို့ပြီး ဆန္ဒပြနေကြပါတယ်။ DVB

Photo-DSINFO

Zawgyi

ကေမၻာဒီးယားနိုင္ငံအေနနဲ႔ နိုင္ငံတကာမ်က္ႏွာစာနဲ႔ အာဆီယံ မ်က္ႏွာစာမွာ ျမန္မာနိုင္ငံဘက္မွ အျပဳသေဘာေဆာင္ရပ္တည္ ေထာက္ခံေပးမႈေတြအတြက္ ေက်းဇူးတင္ရွိေၾကာင္း အာဏာသိမ္းစစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္က ကေမၻာဒီယားဝန္ႀကီးခ်ဳပ္ ဟြန္ဆန္ကို ေျပာၾကားလိုက္ပါတယ္။

ျမန္မာနိုင္ငံ ၿငိမ္းခ်မ္းေရးအတြက္ ဝန္ႀကီးခ်ဳပ္ဟြန္ဆန္ရဲ့ ႀကိဳးပမ္းေဆာင္ရြက္လိုမႈေတြအေပၚ ေက်းဇူးတင္ရွိပါေၾကာင္းနဲ႔ အခုႏွစ္ကို ၿငိမ္းခ်မ္းေရးႏွစ္အျဖစ္ သတ္မွတ္ထားေၾကာင္းလည္း စစ္ေခါင္းေဆာင္က ေျပာပါတယ္။

ဇန္နဝါရီ ၇ ရက္ေန႔က ေနျပည္ေတာ္မွာက်င္းပတဲ့ ျမန္မာ – ကေမၻာဒီးယားႏွစ္နိုင္ငံ ေတြ႕ဆုံေဆြးေႏြးပြဲမွာ ေျပာၾကားခဲ့တာလို႔ စစ္ေကာင္စီျပန္ၾကားေရးက သတင္းထုတ္ပါတယ္။

ေတြ႕ဆုံပြဲမွာ ဝန္ႀကီးခ်ဳပ္ဟြန္ဆန္က ျမန္မာနိုင္ငံရွိ ကေမၻာဒီးယား ရဟန္းေတာ္ေတြနဲ႔ သီလရွင္ေတြ၊ ကေမၻာဒီးယားနိုင္ငံသားေတြကို ကူညီေပးဖို႔၊ ႏွစ္နိုင္ငံ ကုန္သြယ္ေရး ျမႇင့္တင္နိုင္ေရးအတြက္ အခြန္ ေကာက္ခံမႈမ်ားေလၽွာ့ခ်ဖို႔၊ ပညာေရးပူးေပါင္းေဆာင္ရြက္ဖို႔၊ ခရီးသြားလုပ္ငန္းနဲ႔ ပတ္သက္ၿပီး ပုဂံေဒသနဲ႔ ဆီယံရိေဒသအၾကား ခရီးသြားမိတ္ဖက္ၿမိဳ႕အျဖစ္ သတ္မွတ္ေဆာင္ရြက္ဖို႔နဲ႔ ကိုဗစ္ -၁၉ ေရာဂါထိန္းခ်ဳပ္နိုင္ခ်ိန္မွာ ေလေၾကာင္းလိုင္းေတြ အျမန္ျပန္လည္ေျပးဆြဲဖို႔ ေျပာပါတယ္။

စစ္ေကာင္စီေခါင္းေဆာင္ကေတာ့ ႏွစ္နိုင္ငံကုန္သြယ္ေရးက႑မွာ အခြန္ႏွစ္ထပ္ ေကာက္ခံမႈ ေလၽွာ့ခ်နိုင္ေရး သေဘာတူလက္မွတ္ေရးထိုးနိုင္ေရး ေဆာင္ရြက္သြားမွာျဖစ္ေၾကာင္း၊ ႏွစ္နိုင္ငံခရီးသြားက႑ တိုးျမႇင့္ေရးဖို႔ပူးေပါင္းေဆာင္ရြက္သြားမွာျဖစ္သလို ကိုဗစ္ ေရာဂါကူးစက္မႈကို အထိုက္အေလ်ာက္ ထိန္းခ်ဳပ္နိုင္ခ်ိန္မွာ ခရီးသြားလုပ္ငန္းနဲ႔ ကေမၻာဒီးယားနဲ႔ ေလေၾကာင္းသြားလာမႈအား အျမန္ဆုံးဖြင့္လွစ္နိုင္ေရး ရည္ရြယ္ထားတယ္လို႔ေျပာပါတယ္။

ေဆြးေႏြးပြဲအၿပီး ထုတ္ျပန္တဲ့ ႏွစ္နိုင္ငံပူးတြဲေၾကညာခ်က္မွာေတာ့ ကေမၻာဒီးယားနိုင္ငံက ၂၀၂၂ ခုႏွစ္မွာ အာဆီယံဥကၠ႒အျဖစ္ တာဝန္ယူမယ့္အေပၚ ဂုဏ္ယူ ဝမ္းေျမာက္ေၾကာင္း၊ ဒုတိယဝန္ႀကီးခ်ဳပ္လည္းျဖစ္ နိုင္ငံျခားေရးႏွင့္ အျပည္ျပည္ဆိုင္ရာ ပူးေပါင္း ေဆာင္ရြက္ေရးဝန္ႀကီးလည္းျဖစ္တဲ့ မစၥတာ ပရတ္ေဆာ့ခြန္းကို အာဆီယံဥကၠ႒ရဲ့ အထူးကိုယ္စားလွယ္အျဖစ္ ခန႔္အပ္မယ့္အေပၚ ႀကိဳဆိုေၾကာင္း စစ္ေကာင္စီေခါင္းေဆာင္က ေျပာပါတယ္။

မစၥတာ ပရတ္ေဆာ့ခြန္းအေနနဲ႔ အာဆီယံပဋိညာဥ္စာတမ္းနဲ႔အညီ အာဆီယံတူညီဆႏၵ ၅ ခ်က္ကို အေကာင္အထည္ေဖာ္နိုင္ေရး အျပည့္အဝ ပံ့ပိုးသြားမည္ျဖစ္ေၾကာင္း၊ အာဆီယံတူညီဆႏၵ ၅ ခ်က္ဟာ နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီရဲ့ ေရွ႕လုပ္ငန္းစဥ္ ၅ ရပ္နဲ႔ အျပန္အလွန္ အေထာက္အကူျပဳသင့္ေၾကာင္းနဲ႔ အာဆီယံ အထူးကိုယ္စားလွယ္ရဲ့ ျမန္မာနိုင္ငံ ခရီးစဥ္ကို ပံ့ပိုးေပးဖို႔နဲ႔ လက္ရွိျပည္တြင္းအေျခအေနေတြကို ထည့္သြင္းစဥ္းစားကာ သက္ဆိုင္တဲ့ အဖြဲ႕အစည္းေတြအားလုံးနဲ႔ ေတြ႕ဆုံနိုင္ဖို႔လည္း ေျပာပါတယ္။

ဒါ့အျပင္ စစ္ေကာင္စီအေနနဲ႔ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕အစည္း (EAO) ေတြနဲ႔ ၂၀၂၂ ခုႏွစ္၊ ေဖေဖာ္ဝါရီလကုန္အထိ အပစ္အခတ္ရပ္စဲေၾကာင္း ေၾကညာခဲ့ၿပီး ျဖစ္ၿပီး ၂၀၂၂ ႏွစ္ကုန္အထိ ထပ္မံတိုးျမႇင့္သြားမယ္လို႔လည္း ဆိုပါတယ္။

ျမန္မာျပည္သူေတြအတြက္ လူသားခ်င္းစာနာကူညီေပးရာမွာ အမွန္တကယ္လိုအပ္သူေတြဆီ ေရာက္ရွိဖို႔ အာဆီယံဥကၠ႒ရဲ့ အထူးကိုယ္စားလွယ္၊ အာဆီယံအတြင္းေရးမႉးခ်ဳပ္၊ AHA စင္တာမွ ကိုယ္စားလွယ္ေတြ၊ ျမန္မာနိုင္ငံသို႔ AHA စင္တာမွတစ္ဆင့္ လႉဒါန္းမယ့္ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အကူအညီ စီမံခန႔္ခြဲေရး လုပ္ငန္းအဖြဲ႕၊ ျမန္မာနိုင္ငံၾကက္ေျခနီအသင္းနဲ႔ သက္ဆိုင္ရာ ကုလသမဂၢလက္ေအာက္ခံ အဖြဲ႕အစည္းေတြလို သက္ဆိုင္သူေတြအၾကား အစည္းအေဝးတစ္ရပ္က်င္းပသြားဖို႔ အားေပးသြားမယ္လို႔ဆိုပါတယ္။

ဝန္ႀကီးခ်ဳပ္ ဟြန္ဆန္ရဲ့ ျမန္မာျပည္ခရီးစဥ္မွာ ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးအတြက္ ႏွာေခါင္းစည္း ၃,၂၀၀,၀၀၀ ခု၊ PPE ဝတ္စုံ ၃၀,၀၀၀၊ အသက္ရႉအေထာက္အကူျပဳစက္အလုံး ၅၀၊ လူနာေစာင့္ၾကည့္စက္အလုံး ၅၀ နဲ႔ ဆက္စပ္ပစၥည္းေတြ၊ ေအာက္ဆီဂ်င္စက္အလုံး ၅၀ နဲ႔ တျခားေဆးဘက္ဆိုင္ရာ အေထာက္အကူ ပစၥည္းေတြ လႉဒါန္းခဲ့ပါတယ္။

ကေမၻာဒီးယားနိုင္ငံ ဝန္ႀကီးခ်ဳပ္ ဟြန္ဆန္ေခါင္းေဆာင္တဲ့ အဆင့္ျမင့္ကိုယ္စားလွယ္အဖြဲ႕ဟာ ျမန္မာအာဏာသိမ္း စစ္ေခါင္းေဆာင္ရဲ့ ဖိတ္ၾကားခ်က္အရ ျမန္မာနိုင္ငံကို ဇန္နဝါရီ ၇ ရက္မွ ၈ ရက္အထိ အလုပ္သေဘာခရီးစဥ္ လာေရာက္တာျဖစ္ၿပီး စစ္တပ္အာဏာသိမ္းၿပီးေနာက္ ျမန္မာနိုင္ငံကို လာေရာက္တဲ့ ပထမဆုံးနိုင္ငံ ေခါင္းေဆာင္တဦးရဲ့ခရီးစဥ္လည္း ျဖစ္ပါတယ္။

ကေမၻာဒီးယားနိုင္ငံ ဝန္ႀကီးခ်ဳပ္ ဟြန္ဆန္ရဲ့ ျမန္မာျပည္ခရီးစဥ္ဟာ ျမန္မာအာဏာသိမ္းစစ္တပ္ကို အသိအမွတ္ျပဳရာေရာက္တယ္ဆိုၿပီး ခရီးစဥ္ဖ်က္သိမ္းဖို႔ နိုင္ငံတကာ အသိုက္အဝန္းက တိုက္တြန္း ေတာင္းဆိုေနၾကသလို ျမန္မာျပည္သူလူထုကလည္း ဟြန္ဆန္ရဲ့ ႐ုပ္ပုံေတြကို မီးရွို႔ၿပီး ဆႏၵျပေနၾကပါတယ္။
Photo-DSINFO