ၾကားသိသမွ်

ကျိုက်ထော်ကျေးရွာက ရဲဗလတံဆိပ်ပိုင်ရှင် ဒလန် ထွန်းနေလင်း သေနတ်နဲ့အပစ်ခံရပြီး အသ က်ငင်နေရာမှ ေဆုံး

ကျိုက်ထော်ကျေးရွာက ရဲဗလတံဆိပ်ပိုင်ရှင် ဒလန် ထွန်းနေလင်း သေနတ်နဲ့အပစ်ခံရပြီး အသက်ငင်နေရာမှ သေဆုံး

KNA| January 8,2022.

ရန်ကုန်တောင်ပိုင်းခရိုင် ၊ ကော့မှူးမြို့နယ် ကျိုက်ထော်(မ) ကျေးရွာက အကြမ်းဖက်စစ်ကောင်‌စီသတင်းပေး ဒလန် ထွန်းနေလင်းဆိုသူဟာ

ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၃၁)ရက်နေ့မှာ ‌ဒလန်ဝင်းမြင့်နဲ့အတူ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပြီး ဆေးရုံတင်ထားရာ ယမန်နေ့မှာ သေဆုံးသွားပြီလို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီဇင်ဘာလ (၃၁)ရက်နေ့မှာ တော်လှန်ရေးတပ်ဖွဲ့တသ်ခုဖြစ်တဲ့ DRF အဖွဲ့က အဆိုပါ ကျေးရွာရှိ သတင်းပေး ဒလန် လုပ်နေသူ ရာအိမ်မှူးဝင်းမြင့်နဲ့ ထွန်းနေလင်းကို သေနတ်နဲ့ ပစ်ခတ်ရှင်းလင်းခဲ့ကာ ဝင်းမြင့်မှာ ပွဲချင်းပြီး သေဆုံးသွားပြီး ထွန်းနေလင်းကတော့ အပြင်းထန်ဒဏ်ရာနဲ့ ဆေးရုံတင်လိုက်ရာက ယမန်နေ့မှာ သေဆုံးသွားပြီလို့ သိရပါတယ်။

“မနေ့က သေပြီလို့ ပြောတယ် သူ့အိမ်မှာတော့ အသုဘအတွက် ပြင်ဆင်နေကြတယ်”လို့ ‌ဒေသခံတစ်ဦးက Kawhmu News Agencyကိုပြောပါတယ်။

အဆိုပါ ပစ်သတ်ခံရတဲ့ သတင်းပေးဒလန် (၂)ဦးကို အကြမ်းဖက်စစ်ကောင်စီက ဂုဏ်ထူးဆောင် ရဲဗလတံဆိပ် ပေးအပ်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားပါတယ်။

၎င်းတို့ပစ်သတ်ခံရပြီးနောက် ကျိုက်ထော်ကျေးရွာက အမျိုး‌သမီး‌တွေအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူတွေကို အကြမ်းဖက်စစ်‌တပ်က ဖမ်းဆီးစစ်ဆေးမှုတွေ ပြုလုပ်နေပြီး ဒီကနေ့အထိ ပြည်သူ (၆)ဦးကို ပြန်လွှတ်မပေးသေးဘူးလို့ သိရပါတယ်။

#Kawhmu_NewsAgency

က်ိဳက္ေထာ္ေက်းရြာက ရဲဗလတံဆိပ္ပိုင္ရွင္ ဒလန္ ထြန္းေနလင္း ေသနတ္နဲ႔အပစ္ခံရၿပီး အသက္ငင္ေနရာမွ ေသဆုံး

KNA| January 8,2022.

ရန္ကုန္ေတာင္ပိုင္းခရိုင္ ၊ ေကာ့မႉးၿမိဳ႕နယ္ က်ိဳက္ေထာ္(မ) ေက်းရြာက အၾကမ္းဖက္စစ္ေကာင္‌စီသတင္းေပး ဒလန္ ထြန္းေနလင္းဆိုသူဟာ ၿပီးခဲ့တဲ့ ဒီဇင္ဘာလ (၃၁)ရက္ေန႔မွာ ‌ဒလန္ဝင္းျမင့္နဲ႔အတူ ေသနတ္နဲ႔ ပစ္ခတ္ခံခဲ့ရၿပီး ေဆး႐ုံတင္ထားရာ ယမန္ေန႔မွာ ေသဆုံးသြားၿပီလို႔ ေဒသခံေတြဆီက သိရပါတယ္။

ဒီဇင္ဘာလ (၃၁)ရက္ေန႔မွာ ေတာ္လွန္ေရးတပ္ဖြဲ႕တသ္ခုျဖစ္တဲ့ DRF အဖြဲ႕က အဆိုပါ ေက်းရြာရွိ သတင္းေပး ဒလန္ လုပ္ေနသူ ရာအိမ္မႉးဝင္းျမင့္နဲ႔ ထြန္းေနလင္းကို ေသနတ္နဲ႔ ပစ္ခတ္ရွင္းလင္းခဲ့ကာ ဝင္းျမင့္မွာ ပြဲခ်င္းၿပီး ေသဆုံးသြားၿပီး ထြန္းေနလင္းကေတာ့ အျပင္းထန္ဒဏ္ရာနဲ႔ ေဆး႐ုံတင္လိုက္ရာက ယမန္ေန႔မွာ ေသဆုံးသြားၿပီလို႔ သိရပါတယ္။

“မေန႔က ေသၿပီလို႔ ေျပာတယ္ သူ႔အိမ္မွာေတာ့ အသုဘအတြက္ ျပင္ဆင္ေနၾကတယ္”လို႔ ‌ေဒသခံတစ္ဦးက Kawhmu News Agencyကိုေျပာပါတယ္။

အဆိုပါ ပစ္သတ္ခံရတဲ့ သတင္းေပးဒလန္ (၂)ဦးကို အၾကမ္းဖက္စစ္ေကာင္စီက ဂုဏ္ထူးေဆာင္ ရဲဗလတံဆိပ္ ေပးအပ္ခဲ့တယ္လို႔ စစ္ေကာင္စီရဲ့ ဝါဒျဖန႔္ ျမန္မာ့အလင္းသတင္းစာမွာ ေဖာ္ျပထားပါတယ္။

၎တို႔ပစ္သတ္ခံရၿပီးေနာက္ က်ိဳက္ေထာ္ေက်းရြာက အမ်ိဳး‌သမီး‌ေတြအပါအဝင္ အျပစ္မဲ့အရပ္သားျပည္သူေတြကို အၾကမ္းဖက္စစ္‌တပ္က ဖမ္းဆီးစစ္ေဆးမႈေတြ ျပဳလုပ္ေနၿပီး ဒီကေန႔အထိ ျပည္သူ (၆)ဦးကို ျပန္လႊတ္မေပးေသးဘူးလို႔ သိရပါတယ္။

#Kawhmu_NewsAgency